ရုရှားမှာ အကျဉ်းထောင်တွင်း ဆူပူအုံကြွရာမူဖြစ်ပြီး အကျဉ်းထောာင် မီးလောင် ၊ လုံခြုံရေးတွေတပ်ဖြန့်ချထား

ထောင်အာဏာပိုင်တွေက သူတို့ကို ဆိုးဆိုးရွားရွားဆက်ဆံတယ်လို့ စွပ်စွဲပြီး အကျဉ်းသားတွေက ဆူပူအုံကြွလာပြီးတဲ့နောက်မှာ ရုရှ ဆိုက်ဘေးရီးယားဒေသက အကျဉ်းထောင်တစ်ခုရဲ့ အစိတ်အပိုင်း အတော်များများကို မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အန်ဂတ်က အကျဉ်းထောင်နယ်မြေ Penal Colony No 15 တစ်ဝိုက်ကို ပိတ်ဆို့ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေလည်း ဖြန့်ချထားတယ်လို့ ဆိုပါတယ်။ အသေအပျောက်ရှိပေမယ့်လည်း အရေအတွက်ဘယ်လောက်လည်းဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးဘူးလို့ ဆိုပါတယ်။ ရုရှ အကျဉ်းဦးစီးဌာနရဲ့ ပြောကြားချက်အရ အကျဉ်းသားတွေက အစောင့်ရဲတစ်ယောက်ကို တိုက်ခိုက်လို့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးအုပ်စုတွေကတော့ အကျဉ်းသားတစ်ယောက်ကို ထောင်အရာရှိတစ်ယောက်က ရိုက်နှက်တဲ့အတွက် အဓိကရုဏ်းပေါက်ကွဲဖြစ်ပွားလာတာဖြစ်တယ်လို့ ပြောကြားကြပါတယ်။ ထောင်အာဏာပိုင်တွေကတော့ အဓိကရုဏ်းကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားပါတယ်။ လက်မောင်းမှာ သွေးစွန်းနေတဲ့ ပတ်တီးပတ်ထားတဲ့ အကျဉ်းသားတစ်ယောက်က သူ့ကို … Read more

တရုတ်မှာ အသက် ၈၀ ကျော်အဖွားအိုနှင့် ၂၁နှစ်အရွယ်လူငယ်ကို အလောင်းချင်းမှာရထုတ်ပေးလို့ ပြဿနာတက်

တရုတ်နိုင်ငံက ဆေးရုံတစ်ခုဟာ ပူဆွေးနေတဲ့မိသားစုတွေကို အလောင်းတွေ မှားပေးလိုက်မိတဲ့ ရေခဲတိုက်မှားယွင်းမှုကြောင့် တောင်းပန်လိုက်ရပါတယ်။ မိသားစုတစ်စုက သူတို့ကို ထုတ်ပေးလိုက်တဲ့ ရုပ်အလောင်းက သူတို့သားချင်း ၂၁အရွယ် ယောကျာ်းလေးလို့ ထင်ထားခဲ့ကြပေမယ့်လည်း အသက်၈၀အရွယ် အဖွားကြီးရဲ့ အလောင်းဖြစ်နေတာကို တွေ့လိုက်ရတော့မှ မှားမှန်းသိကြတယ်လို့ ဆိုပါတယ်။ အဖွားအိုရဲ့မိသားစုက အစာပိုင်းနှစ်ပတ်ခန့်က သူမရဲ့ ရုပ်အလောင်းကို လာထုတ်သွားခဲ့ကြပေမယ့်လည်း သူတို့မြေမြှုပ်လိုက်တဲ့ ရုပ်အလောင်းက လူငယ်တစ်ယောက်ဆိုတာကို မသိလိုက်ကြဘူးလို့ ဆိုပါတယ်။ လူငယ်ရဲ့ ဦးလေးဖြစ်သူ ချန်း ယာဟုန်းက ဒေသတွင်းမီဒီယာကို ပြောကြားရာမှာတော့ ဟူးပေပြည်နယ်က ရေခဲတိုက်ဟာ ဈာပနအခမ်းအနားမတိုင်မီအထိ ရုပ်အလောင်းထိန်းသိမ်းခကို ယွမ်ငွေ ၉၆၀၀ (ပေါင်စတာလင် ၁၁၀၀) တောင်းခံတယ်လို့ ဆိုပါတယ်။ သူကတော့ “တူလေးက မတ်လ ၁၅ရက်နေ့က ယာဉ်မတော်တမှုနဲ့ သေခဲ့ရတာပါ။ ဆေးရုံက ရေခဲတိုက်မှာ … Read more