ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သော ဉပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူ

မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် KTV၊ Bar ၊ Club များပိတ်ထားရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်ကို ချိုးဖောက်သည့် အတွက် Bar ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်နှင့်အတူ ပါဝင်ဆင်နွှဲသူများကို ထောင်ဒဏ် တစ်နှစ် အထိ ချမှတ်နိုင်သည့် ဉပဒေဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။ “ဒေသန္တရအမိန့်က ထုတ်ထားပြီးသား ဖြစ်တယ်။ ဒီကာလမှာ ရောဂါကာကွယ်ရေးအတွက်အရေးကြီးနေတဲ့အတွက် ခွင့်ပြုမထားဘူး။ သူတို့ ညနေ (၃)နာရီလောက်က စကျင်းပတယ်လို့ သိရတယ်။ ညနေ (၅)နာရီလောက်မှ ပိတ်သွားတယ်လို့ သိရတယ်။ အခုအားလုံးကို စုံစမ်းဖေါ်ထုတ်ဖို့ ရဲတပ်ဖွဲ့က လုပ်နေပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၂)ရက်နေ့ ညပိုင်းက ပြောသည်။ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. CRUSH Bar တွင် … Read more

အဆိုတော်မျိုးကြီးတို့ မိသားစု Quarantine ဝင်ရန် လာရောက်ခေါ်ဆောင်

IC အဆိုတော်မျိုးကြီးတို့ မိသားစု quarantine ဝင်ဖို့ ၊၎င်းတို့နေထိုင်ရာ ပုလဲကွန်ဒိုကို လာခေါ်သွားပြီလို့ သိရပါတယ်။ အင်းစိန် ဘုရားကျောင်း နောက်ဆက်တွဲပါ။မြန်မာနိုင်ငံရဲ့ နာမည်ကြီးရော့ခ်အဆိုတော်မျိုးကြီးဟာ ဒီနေ့ မနက်ပိုင်း လူနာအမှတ် ၃၇ ဆိုပြီး ကောလဟာလအများကြီးထွက်ခဲ့ပါတယ်..နေ့လည်ပိုင်းမှာ မျိုးကြီးရဲ့ ဇနီးဖြစ်သူ မလုံးလုံးလွင်ကလူနာအမှတ်၃၇ဟာ အဆိုတော်မျိုးကြီး မဟုတ်ကြောင်းသူ့ရဲ့ fb မှာ တရားဝင် ဖြေရှင်းအသိပေးခဲ့တယ်…ညနေ့ပိုင်းမှာတော့ မလုံးလုံးလွင်ဟာ မနေ့က P ဖြစ်ခဲ့တဲ့ တရားဟောပွဲက လူနာအချို့ နဲ့ နီးစပ်မူရှိတာကြောင့်နိုင်ငံတော်မှ ချမှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့အကောင့် မှာ ဖော်ပြပါတယ်..အဲ့ဒီ ဓမ္မာတေးဝိုင်း,တရားဟော ပွဲမှာအယောက် ၁၀၀ ကျော်လောက် ပွဲနဲ့ဆက်စပ်နေတယ်လို့လည်း အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမူးက ပြောသေးတယ်…ပရိသတ်အများစုနဲ့ မိတ်ဆွေသူငယ်ချင်းကတော့ အားပေးစကားပြောကြတာတွေ့ရမှာပါ မျိုးကြီးနဲ့ မိသားစုက Quarantine 21 … Read more

Covid19 ကပ်ရောဂါဘေးက အမြန်ဆုံး လွတ်မြောက်စေဖို့ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်တဲ့ နေခြည်ဦး

လက်ရှိအချိန်မှာတော့ COVID-19 ရောဂါကပ်လေးကြီးကြောင့် မြန်မာတို့နှစ်သစ်ကူးဖြစ်တဲ့ အတာသင်္ကြန်ကိုတော့ နှစ်တိုင်းလိုစည်စည်ကားကား မဆော့ဖြစ်ကြပဲ Home Stay လုပ်ပြီး ရောဂါကပ်ဘေးကို ကြိုတင်ကာကွယ်နေကြတာလည်းဖြစ်ပါတယ်။ နိုင်ငံကျော် Beauty Blogger မင်းသမီးချောလေး နေခြည်ဦးကတော့ မြန်မာနိုင်ငံက ပြည်သူတွေCovid19 ကပ်ရောဂါဘေးက အမြန်ဆုံး လွတ်မြောက်စေဖို့ နှစ်သစ်ဆုမွန်ကောင်းတောင်းထားပါတယ်။ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အနေနဲ့စတင်ခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာရတဲ့အထိ အောင်မြင်မှုရရှိနေပြီလည်းဖြစ်ပါတယ်။သူကတော့ နှစ်သစ်မှာ COVID-19 ကပ်ရောဂါဘေးကနေ အမြန်ဆုံးလွတ်မြောက်ပြီး ဒီနှစ်မဆော့လိုက်ရတဲ့ အတာသင်္ကြန်ကိုလည်း နောက်နှစ်မှ(၂)ဆပိုကဲမယ့်အကြောင်းကို ” ဒီနှစ် မဏ္ဌာပ်တွေ လျှောက်မလည်ရလို့ ဝမ်းမနည်းပါဘူး။ နောက်နှစ်တွေ နှစ်ဆပိုကဲ လိုက်မှာပေါ့။ ကြည်နူးစရာ မြန်မာနှစ်သစ်ကူးမှာ နေခြည်တို့ ပြည်သူလူထုကြီးအားလုံး #Covid19 ကပ်ရောဂါဘေးက အမြန်ဆုံး လွတ်မြောက်ပြီး စီးပွါးလာဘ်လာဘ … Read more

လူချင်းမနီးပေမယ့် နှလုံးသားချင်းနီးနေမယ်လို့ စိုင်းစိုင်းကို ရင်ဖွင့်လိုက်တဲ့ ပွင့်

မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေသိကြတဲ့အတိုင်း ဧပြီလ (၁၀) ရက်နေ့ကတော့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ် ။ နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေအများကြီးနဲ့အတူ Sai Sai Birthday Show ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး လူတွေ တိုးမပေါက်အောင် လာရောက်အားပေးကြတာကိုတော့ ပရိသတ်တွေသိပြီဖြစ်မှာပါနော် ။ ဒီနှစ်အတွက်ကတော့ Covid-19 ကြောင့် လူစုလူဝေးတွေ မပြုလုပ်ရတဲ့အတွက် စိုင်းစိုင်းတစ်ယောက် ထူးခြားတဲ့မွေးနေ့ပွဲလေးကိုကျင်းပခဲ့ပါတယ် ။ ဒီနှစ်မွေးနေ့လေးရဲ့ထူးခြားချက်ကတော့ Stay home လုပ်နေရတဲ့ ပရိသတ်တွေအားလုံးအတွက် Sai Sai Birthday Show in Bedroom ဆိုတဲ့ အစီစဉ်လေးနဲ့အတူ အိပ်ခန်းထဲကနေ ပရိသတ်တွေ အားလုံးကို Live လွှင့်ပြီး ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ် ။ အနုပညာရှင်တွေနဲ့ချစ်ရတဲ့ ပရိသတ်တွေအားလုံးကလည်း စိုင်းစိုင်းအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြသလို … Read more

ကိုရိုနာပိုးရှိသူ၏ နှာချေအမှုန်များ ပျံ့လွင့်သည့်အတိုင်းအတာ သိပ္ပံပညာရှင်များ ဖော်ထုတ်ပြသ

စူပါမားကတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးရှိသူတစ်ယောက် နှာချေလိုက်လို့ ထွက်လာတဲ့ အမှုန်အတွေဟာ လျှောက်လမ်း နှစ်ခုကျော်အထိ ပျံ့နှံ့နိုင်ပြီး အနီးရှိ ဈေးဝယ်သူတွေကို ကူးစက်နိုင်တဲ့ 3D model တခုကို ဖင်လန်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြသလိုက်ပါတယ်။ လေ့လာချက်ရဲ့ ကနဦးရလဒ်တွေအရ ဗိုင်းရပ်စ်သယ်ဆောင်တဲ့ အမှုန်တွေဟာ နဂိုထင်ထား တာထက် ပိုကြာမြင့်ပြီး ၆ မိနစ်အထိ လေထဲမှာ ဆက်ရှိနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ သုတေသီအဖွဲ့ ရလဒ်အရ အဲဒီအမှုန်တွေဟာ ချောင်းဆိုးသူရဲ့ အနီးဝန်းကျင်ကို ကျော်လွန်ပျံ့နှံ့နိုင်ပြီး အဲဒီလို ပျံ့နှံ့ဖို့ရာ မိနစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။ဒါကြောင့် အမှုန်အမွှားကူးစက်မှု အန္တရာယ်ကို လျှော့ချဖို့ လူစည်ကားတဲ့ မိုးလုံလေလုံ နေရာ တွေကို မသွားဖို့ သိပ္ပံပညာရှင်တွေက လူတွေကို တိုက်တွန်းထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ( ယခုဖော်ပြပါသတင်းကို DVB … Read more

အတုတွေ မထည့်ခင်ထဲက ချစ်ဖို့ကောင်းတာပါလို့ ပြောလာတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ .. ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ Idol လို့တောင်ပြောလို့ရတဲ့ ဗျူးတီးဘလော့ဂါ နေခြည်ဦးကတော့ မိန်းကလေးတွေရဲ့ အလှပတွေအတွက်ရှေ့ဆောင်လမ်းပြ ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဗျူးတီးဘလော့ဂါအဖြစ် ပရိသတ်တွေ စတင်သတိထားမိလာတဲ့ ချီချီကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး မင်းသမီးတစ်ယောက်အဖြစ်ပါရပ်တည်လာပြီဖြစ်ပါတယ် ။ နေခြည်တစ်ယောက် မကြာသေးမီက ပရိသတ်တွေကို ကြီးမားတဲ့ သူမရဲ့ ပြောင်းလဲမှုတစ်ခုကို ချပြခဲ့ပါတယ် ပထမဆုံးအကြိမ် မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့ပြီး မကြာသေးမီကတော့ ရင်သားခွဲစိတ်မှုနဲ့ မေးရိုးခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ အခုလို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း အများအပြားခံခဲ့ရပါသေးတယ် ။ ဒါပေမယ့်ချီချီ ကတော့ သူမရဲ့ခွဲစိတ်မှုတွေကို သူမလို လှချင်သူတွေအတွက် အတွေ့ကြုံလေးတွေ ကို ဗီဒီယိုလေးတွေနဲ့အတူ ပြန်လည်မျှဝေပေးခဲ့ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့သူပါ ။ … Read more

ရုရှားမှာ အကျဉ်းထောင်တွင်း ဆူပူအုံကြွရာမူဖြစ်ပြီး အကျဉ်းထောာင် မီးလောင် ၊ လုံခြုံရေးတွေတပ်ဖြန့်ချထား

ထောင်အာဏာပိုင်တွေက သူတို့ကို ဆိုးဆိုးရွားရွားဆက်ဆံတယ်လို့ စွပ်စွဲပြီး အကျဉ်းသားတွေက ဆူပူအုံကြွလာပြီးတဲ့နောက်မှာ ရုရှ ဆိုက်ဘေးရီးယားဒေသက အကျဉ်းထောင်တစ်ခုရဲ့ အစိတ်အပိုင်း အတော်များများကို မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အန်ဂတ်က အကျဉ်းထောင်နယ်မြေ Penal Colony No 15 တစ်ဝိုက်ကို ပိတ်ဆို့ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေလည်း ဖြန့်ချထားတယ်လို့ ဆိုပါတယ်။ အသေအပျောက်ရှိပေမယ့်လည်း အရေအတွက်ဘယ်လောက်လည်းဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးဘူးလို့ ဆိုပါတယ်။ ရုရှ အကျဉ်းဦးစီးဌာနရဲ့ ပြောကြားချက်အရ အကျဉ်းသားတွေက အစောင့်ရဲတစ်ယောက်ကို တိုက်ခိုက်လို့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးအုပ်စုတွေကတော့ အကျဉ်းသားတစ်ယောက်ကို ထောင်အရာရှိတစ်ယောက်က ရိုက်နှက်တဲ့အတွက် အဓိကရုဏ်းပေါက်ကွဲဖြစ်ပွားလာတာဖြစ်တယ်လို့ ပြောကြားကြပါတယ်။ ထောင်အာဏာပိုင်တွေကတော့ အဓိကရုဏ်းကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားပါတယ်။ လက်မောင်းမှာ သွေးစွန်းနေတဲ့ ပတ်တီးပတ်ထားတဲ့ အကျဉ်းသားတစ်ယောက်က သူ့ကို … Read more

တရုတ်မှာ အသက် ၈၀ ကျော်အဖွားအိုနှင့် ၂၁နှစ်အရွယ်လူငယ်ကို အလောင်းချင်းမှာရထုတ်ပေးလို့ ပြဿနာတက်

တရုတ်နိုင်ငံက ဆေးရုံတစ်ခုဟာ ပူဆွေးနေတဲ့မိသားစုတွေကို အလောင်းတွေ မှားပေးလိုက်မိတဲ့ ရေခဲတိုက်မှားယွင်းမှုကြောင့် တောင်းပန်လိုက်ရပါတယ်။ မိသားစုတစ်စုက သူတို့ကို ထုတ်ပေးလိုက်တဲ့ ရုပ်အလောင်းက သူတို့သားချင်း ၂၁အရွယ် ယောကျာ်းလေးလို့ ထင်ထားခဲ့ကြပေမယ့်လည်း အသက်၈၀အရွယ် အဖွားကြီးရဲ့ အလောင်းဖြစ်နေတာကို တွေ့လိုက်ရတော့မှ မှားမှန်းသိကြတယ်လို့ ဆိုပါတယ်။ အဖွားအိုရဲ့မိသားစုက အစာပိုင်းနှစ်ပတ်ခန့်က သူမရဲ့ ရုပ်အလောင်းကို လာထုတ်သွားခဲ့ကြပေမယ့်လည်း သူတို့မြေမြှုပ်လိုက်တဲ့ ရုပ်အလောင်းက လူငယ်တစ်ယောက်ဆိုတာကို မသိလိုက်ကြဘူးလို့ ဆိုပါတယ်။ လူငယ်ရဲ့ ဦးလေးဖြစ်သူ ချန်း ယာဟုန်းက ဒေသတွင်းမီဒီယာကို ပြောကြားရာမှာတော့ ဟူးပေပြည်နယ်က ရေခဲတိုက်ဟာ ဈာပနအခမ်းအနားမတိုင်မီအထိ ရုပ်အလောင်းထိန်းသိမ်းခကို ယွမ်ငွေ ၉၆၀၀ (ပေါင်စတာလင် ၁၁၀၀) တောင်းခံတယ်လို့ ဆိုပါတယ်။ သူကတော့ “တူလေးက မတ်လ ၁၅ရက်နေ့က ယာဉ်မတော်တမှုနဲ့ သေခဲ့ရတာပါ။ ဆေးရုံက ရေခဲတိုက်မှာ … Read more