Jean တွေ အချိန်ကြာလေ ပုံစံပျက်လေ မဖြစ်စေဖို့ လျှော်ဖွတ်ရမယ့် နည်းလမ်းများ

ဖက်ရှင်တွေ ဘယ်လိုပဲ ရွေ့လျောလာပါစေ မရိုးနိုင်တာတော့ Jean တွေပဲ ဖြစ်ပါတယ်။ Jean ကို ဘောင်းဘီ အတိုအရှည်၊ ဂျာကင်၊ စကပ် မျိုးစုံ ချုပ်လုပ်ပြီး ဖက်ရှင်တွေထဲမှာ မရိုးနိုင်တဲ့ ဖက်ရှင်အဖြစ် ရပ်တည်နေလျက် ရှိပါတယ်။ ဒါပေမယ့် Jean အဝတ်တွေ ပတ်သတ်ရင် ရှိနေတဲ့ အခက်အခဲကတော့ အရောင်တွေ လွင့်သွားခြင်းနဲ့ ပုံစံတွေ ပျက်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းမယ့် အဝတ်လျှော်နည်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။ ရေနွေးနဲ့ လျှော်ပါ အထည်ကို ရေပူ ဒါမှမဟုတ် ရေခပ်နွေးနွေးနဲ့ လျှော်ရပါမယ်။ အထည်သားကို ပျော့ပြောင်းစေတဲ့ အဝတ်လျှော်တဲ့အခါမှာ သုံးတဲ့ အရည်ကို မသုံးသင့်ပါတယ်။ ဒါ့အပြင် အဝတ်လျှော်စက်နဲ့ဆိုရင် အထည်ကို အတွင်းအပြင် ပြောင်းပြန်အနေအထားနဲ့ လျှော်ရမှာ ဖြစ်ပါတယ်။ … Read more

သူမရဲ့ အောင်မြင်မှုအပေါ် ခံယူချက်ကို ပြောပြလာခဲ့တဲ့ Blackpink’s Jennie

Blackpink အဖွဲ့ဝင်တွေဟာ Kpop လောကရဲ့ အအောင်မြင်ဆုံးသော girl group အဖွဲ့တစ်ခု အဖြစ် လက်ရှိမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ကောင်မလေး ငယ်ငယ်ချောချော လေးယောက်နဲ့ဖွဲ့ထားတဲ့ ဒီအဖွဲ့ဟာ အရမ်းကို စည်းလုံးပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ကူညီဖေးမတတ်ကြသူတွေပဲ ဖြစ်ပါတယ်နော်။ Blackpink အဖွဲ့ဝင်တစ်ယောက်စီတိုင်းမှာလည်း ကိုယ်ပိုင် ပရိတ်သတ်အခိုင်အမာ ရရှိထားကြသူတွေလည်း ဖြစ်ပါတယ်။ Blackpink ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie က သူမရဲ့ အောင်မြင်မှုနဲ့ ခံယူထားတဲ့ ခံယူချက်ကို ခုလိုပြောပြလာခဲ့ပါတယ်။ Fashion magazine တစ်ခုဖြစ်တဲ့ VOGUE KOREA ကနေပြီးတော့ Jennie ရဲ့အင်တာဗျူးကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အင်တာဗျူးမှာ Jennie က သူမအနေနဲ့ ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုနေထိုင်တယ်၊ … Read more

အသွားအလာပိတ်ထားတဲ့ကာလအတွင်း လူတွေလိင်မှု ကိစ္စနည်းလာကြပုံရတယ်လို့ Durex သူဌေးပြောကြား

မတ်လအတွင်း ဗြိတိန်အပါအဝင် နိုင်ငံတော်တော်များများမှာ Durex ကွန်ဒုံးရောင်းအားကျဆင်းခဲ့ပြီး အသွားအလာပိတ်ဆို့မှုဟာ အချို့အတွက် လိင်မှု ကိစ္စကိုလျော့နည်းလာစေပုံရတယ်လို့ Durex သူဌေး Laxman Narasimhan ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စုံတွဲတွေနဲ့ အတူနေချစ်သူတွေဟာရောဂါအတွက်စိတ်ပူမှုတွေကြောင့် လိင်စိတ်လျော့နည်း လာကြပုံရတယ်လို့လည်းသုံးသပ်ထားပါတယ်။ ရောင်းအားကျဆင်းမှုဟာ ကူးစက်မှုမြင့်တက်နေဆဲဖြစ်တဲ့ ဥရောပတခွင်မှာဖြစ်ပြီး တရုတ်မှာတော့ ရောင်းအားပြန်တက်ခဲ့တယ်လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ အများသိတဲ့အတိုင်း ကွန်ဒုံးလိုအရာမျိုးဟာ အတူနေချစ်သူနဲ့ စုံတွဲတွေကြားမှာ အသုံးများပြီး ဇနီးမောင်နှံတွေကြားမှာအသုံးနည်းတာကြောင့် ယခုလိုကာလမှာ စုံတွဲတွေဟာ တွေ့ဆုံခွင့်နည်းလာတာကြောင့် ယခုလိုရောင်းအားကျဆင်းရခြင်းဖြစ်တယ်လို့ သုံးသပ်ထားတာပါ။ လေ့လာသူတွေကတော့ ၂၀၂၁ မှာကလေးမွေးဖွားနှုန်းပြန်လည်မြင့်တက်မယ်လို့ခန့်မှန်းထားပြီး အကြောင်းကတော့ ကာလရှည်ခွဲခွာရတဲ့သူတွေပြန်လည်ဆုံဆည်းခွင့်ရမှာမို့ပါ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာလည်း အဲ့လို ကလေးမွေးဖွားနှုန်းရုတ်တရက်မြင့်တက်ခဲ့ဖူးပါတယ်တဲ့။ အချို့ကတော့ ယခုအခြေအနေဟာ ကမ္ဘာစစ်နဲ့မတူတဲ့အတွက် ကလေးမွေးဖွားနှုန်းဟာ ထင်သလိုမဖြစ်လာပဲ ပြန်လည်ကျဆင်းနိုင်ချေရှိတယ်လို့လည်း သုံးသပ်နေကြပါတယ်။ Durex ဟာ … Read more

ဘုရားဖူးသွားရင်းကံစမ်းခဲ့တဲ့ထီလက်မှတ်မှ (၁၅)ကြိမ်မြောက်သိန်းတစ်သောင်းခွဲဆုကို ကံထူးသွားခဲ့တဲ့ ဇနီးမောင်နှံ

ဘုရားဖူးသွားရင်းကံစမ်းခဲ့တဲ့ထီလက်မှတ်မှ (၁၅)ကြိမ်မြောက်သိန်းတစ်သောင်းခွဲဆုကို ကံထူးသွားခဲ့တဲ့ ဇနီးမောင်နှံ ( ၁၅ )ကြိမ်မြောက်သိန်းတစ်သောင်းခွဲကံထူးရှင်ဝမ်းသာပီတိဖြစ်မိပါတယ်ဗျာ အလှုကြီးအတန်းကြီးပေး‌နိုင်သည့် ပုဂ္ဂိုထူး ပုဂ္ဂိုဟ်မြတ်များ ဖြစ်ကြပါစေ ဘာသာအကျိုး သာသနာအကျိုး အမျိုးတွေအကျိုးပိုပြီးသယ်ပိုးနိုင်ပါစေခင်ဗျာမိသားစုနဲ့အတူထပ်တူဝမ်းသာပါတယ် Credit All UNICODE ( ၁၅ )ကြိမ်မြောက်သိန်းတစ်သောင်းခွဲကံထူးရှင်ဝမ်းသာပီတိဖြစ်မိပါတယ်ဗျာ အလှုကြီးအတန်းကြီးပေး‌နိုင်သည့် ပုဂ္ဂိုထူး ပုဂ္ဂိုဟ်မြတ်များ ဖြစ်ကြပါစေ ဘာသာအကျိုး သာသနာအကျိုး အမျိုးတွေအကျိုးပိုပြီးသယ်ပိုးနိုင်ပါစေခင်ဗျာမိသားစုနဲ့အတူထပ်တူဝမ်းသာပါတယ် Credit All

RAIN နဲ့လက်ထပ်ပြီးနောက် ဘဝက ပိုပျော်ရွှင်စရာကာင်းလာကြောင်း ပြောလာတဲ့ Kim Tae-hee

အဆိုတော်၊ သရုပ်ဆောင် မင်းသားချော RAIN နဲ့ မင်းသမီးချော Kim Tae-hee တို့ဟာ January 19,2017 မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီးတော့ ခုဆိုရင် ကလေးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားကြတဲ့ ပျော်ရွှင်စရာ မိသားစုလည်းပဲ ဖြစ်ပါတယ်။ မင်းသမီးချော Kim Tae-hee က သူမလက်ထပ်ပြီးနောက်မှာ ဘယ်လိုမျိုး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ကြလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ April 29 ရက်နေ့ ဒီကနေ့မှာတော့ Kim Tae-hee က အင်တာဗျူးတစ်ခုမှာ သူမရဲ့ ဘဝနဲ့ ပတ်သက်ပြီးတော့ ခုလိုပြောပြပေးခဲ့တာပါ။ အင်တာဗျူးတဲ့သူက သူမကို မိခင်တစ်ယောက်အနေနဲ့ရော Rain နဲ့ လက်ထပ်လိုက်ရတဲ့အပေါ် ခံစားချက်ကို မေးမြန်းခဲ့တာ ဖြစ်ပြီး သူမက ခုလို ဖြေကြားခဲ့ပါတယ် … Read more

“အဆိုးထဲက အကောင်းကြုံခဲ့ကြတဲ့ ကံကောင်းသားအဖ” (ကိုဗစ်လူနာအမှတ်-၃၃၏ ခင်ပွန်းနှင့်သား)

ကံကောင်းသားအဖ (စေတနာရှင်များ ပီတိဖြစ်စေရန် ရည်ရွယ်ပါသည်။ ဆထက်ထမ်းပိုး လှူတန်းနိုင်ကြပါစေ) ဘယ်သူမှ အဆိုးနဲ့ မကြုံချင်ပါဘူး။ ဒါပေမဲ့ တချို့ အဆိုးကနေ အကောင်းဖြစ်သွားကြတာ ကြုံဖူးကြမှာပါ။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က အွန်လိုင်းမှာ တွေ့လိုက်ကြမှာပါ။ မိန်းမက COVID-19 Positive (Case-33) ဖြစ်သွားတော့ ယောက်ျားနဲ့ ၁ နှစ်ခွဲအရွယ် သားငယ်လေး အဆောင်ကနေ အနှင်ခံရပြီး ဘယ်သွားရမှန်း မသိဘဲ လမ်းဘေးမှာ ထိုင်နေတာ။ ကံကောင်းချင်တော့ သူတို့သားအဖက ” ဓမ္မရဝေတောရရိပ်သာ ” မှာ ဖွင့်ထားတဲ့ Facility Quarantine Center ကို ရောက်လာကြတယ်။ သားအဖနှစ်ယောက် အဲယားကွန်း၊ ရေချိုးခန်း အိမ်သာတွဲလျက် အခန်းမှာ ကုတင်၊ မွေ့ယာ အပြည့်အစုံနဲ့ အကျအန။ … Read more

လူနာနံပါတ် (၁၄၄) အလုပ်လုပ်တဲ့ ဖိနပ်စက်ရုံကို ယာယီပိတ်သိမ်းလိုက်ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့တာပါမိုးညှင်းက လူနာ နံပါတ် (၁၄၄)အလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာက ချန်းရိဖိနပ်စက်ရုံကို ယာယီပိတ်သိမ်းထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုစက်ရုံမှာ အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ အလုပ်သမား (၉၀၀၀)ကျော်ကိုလည်းသက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်ရောက်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ လူနာ နံပါတ် (၁၄၄)က စက်ရုံက တရုတ်ဘာသာပြန် ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တရုတ်သူဌေးနဲ့ ဝန်ထမ်းတွေကြားမှာ ဘာသာပြန်အလုပ်ကိုလုပ်ပေးနေသူဖြစ်ပါတယ်။ သူက စက်ရုံမှာ မတ်လက အလုပ်စဝင်ခဲ့တာဖြစ်ပြီး ဧပြီလအစပိုင်းလောက်မှာ ကျန်းမာရေးမကောင်းဖြစ်လာတဲ့အတွက် အတွက် (၁၅)ရက်နေ့က ရန်ကုန်ကနေပြန်လာပြီး မိုးညှင်းကို (၁၆)ရောက်နေ့မှာ ရောက်ရှိလာသူဖြစ်ပါတယ်။ မိုးညှင်းရောက်ရောက်ချင်း Quarantine တန်းဝင်ခဲ့တာကြောင့် မိုးညှင်းက မိသားစုတွေနဲ့တော့ ထိတွေ့မှုမရှိထားဘဲ ရန်ကုန်မှာ ရှိနေစဉ်က ဝန်ထမ်းတွေနဲ့တော့ ထိတွေ့မှုရှိထားသူဖြစ်ပါတယ်။ဒါကြောင့် စက်ရုံက အလုပ်သမား(၉၀၀၀)ကျော်ကို သူတို့နေထိုင်ရာ နေရာတွေကို မပြန်စေဘဲ သက်ဆိုင်ရာနေရာတွေမှာ … Read more

ပူပြင်းတဲ့ရာသီဥတုမှာ PPE ဝတ်စုံကြီးဝတ်ပြီး အလုပ်လုပ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဓာတ်ဆားနဲ့ အားဖြည့်အချိုရည်တွေ အလှူခံခဲ့တဲ့ ဝေဠုကျော်

ကိုယ်ကျိုးမကြည့်ပဲ မြန်မာပြည်အရပ်ရပ်က အခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ အကူအညီတွေပေးနေတဲ့ ဝေဠုကျော်ကို ပရိသတ်တွေက ပရဟိတမင်းသားကြီးလို့တောင် တင်စားကြတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်လာတဲ့ ဝေဠုကျော်ဟာ အနုပညာလုပ်ငန်းတွေထက် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ရတာ ပျော်မွေ့နေပြီပဲ ဖြစ်ပါတယ်။ ဝေဠုကျော်က လက်ရှိမှာလည်း Covid- 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို သူ့ရဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့အတူတူ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းတည်ထောင်သူတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်က ဒီနေ့မှာတော့ ပူပြင်းတဲ့ရာသီဥတုမှာ PPE ဝတ်စုံကြီးဝတ်ပြီး အလုပ်လုပ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခုလိုပဲ အလှူခံထားပါတယ်။ “ဒီနေ့အလှည့်ကျ ဦးဆောင်သူကကျွန်တော်ဝေဠုကျော်ပေါ့ဗျာ။ တလှည့်စီပေါ့၊ တလှည့်စီမလုပ်လိုလည်းမရ ပူချက်ကလွန်ရော PPE နဲ့ဆိုတော့ပိုဆိုးတာပေါ့။ နဖူးကချွေးခြေမ မကျပေမဲ့ ကျောကုန်းချွေးက ဘယ်ကြားစီးပြီး ရင်ဘတ်ကချွေးက ဘယ်ပေါ်ကျတယ်ဆိုပါတော့ဗျာ။ PPE ဝတ်နေကြရတဲ့ တစ်ယောက်ခြင်းစီတိုင်းကို ကိုယ်ချင်းစာလေးစားပါတယ်။” “အပူချိန် … Read more

မိကျောင်းကြီးနဲ့ သူတပြန်ကိုယ်တပြန် အသက်လုပွဲဆင်နွှဲခဲ့ရတဲ့ (၁၀)နှစ်အရွယ်ကောင်လေး

မလေးရှားနိုင်ငံက အသက်(၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မိကျောင်းကြီးတစ်ကောင်နဲ့ ရေထဲမှာ လုံးထွေးသတ်ပုတ်ရင်း အသက်လုတိုက်ပွဲ ဆင်နွှဲခဲ့ရတယ်လို့ သိရပါတယ်။း အဆိုပါ ကောင်လေးရဲ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ ဦလေးနဲ့အတူ လှေနဲ့ငါးဖမ်းထွက်ခဲ့တာပါ။ ချောင်းငယ်တစ်ခုအရောက်မှာ မိကျောင်းကြီးက တိုက်ခိုက်ခဲ့တာပါ။မိကျောင်းကြီးဟာ (၁၀)နှစ်အရွယ်ကောင်လေးနဲ့ ဦးလေးဖြစ်သူတို့ စီးလာတဲ့ လှေကြီးကို ခုန်အုပ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးဟာ ရေထဲကို လွင့်စင်ကျသွားခဲ့ပြီး၊ မိကျောင်းကြီးက ခြေထောက်ကို လာကိုက်ခဲ့ပါတယ်။ ယင်းနောက် ရေနက်ရာကို ဆွဲခေါ်သွားခဲ့ပါတယ်။ ကောင်လေးဟာ သေချာပေါက် သေကွင်းထဲ ရောက်ခဲ့ပေမယ့်၊ မိကျောင်းကြီးကို တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဧပြီလ(၂၁)ရက်၊ အင်္ဂါနေ့မှာ Bombalai ရွာအနီးမှာ ဖြစ်ခဲ့တာပါ။ အဲဒီရွာလေးဟာ ကောင်လေးတို့ရဲ့ရွာဖြစ်ပြီး၊ သူ့ဦးလေးအမည်ကတော့ Din ဖြစ်ပါတယ်။ အသက်(၃၄)နှစ်ဖြစ်ပြီး တူဖြစ်သူကတော့ မိကျောင်းစာဖြစ်ပြီလို့ … Read more

ဆံပင်ညှပ်ဆိုင်ကပေးတဲ့ လုပ်အားခတစ်နေ့ ( ၅၀၀ ) နဲ့ ဘဝကိုဖြတ်သန်းခဲ့ရကြောင်း ပြောပြလာတဲ့ ဇေရဲထက် “

ပရိသတ်ကြီးရေ မင်းသားဇေရဲထက်ကတော့ ဗီဒီယိုတွေခေတ်စားတဲ့အချိန်ထဲက ပရိသတ်တွေအထူးအားပေးခဲ့ရတဲ့မင်းသားတစ်လက်ပါ။ ကျရာဇာတ်ရုပ်ကိုပီပီမြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုကိုအခူချိန်ထိ လက်ကိုင်ထားနိုင်သူတစ်ယောက်ပါ။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ Covud 19 ကူးစက်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီးလည်း တတ်နိုင်သမျှအလှူတွေဆက်တိုက် လှူဒါန်းနေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေတတ်နိုင်သလောက်ပြုလုပ်တတ်တဲ့အပြင် သူ့ရဲ့အမြင်တွေကိုပွင့်လင်းစွာချပြတတ်တဲ့သူတစ်ယောက်ဆိုလည်းဟုတ်ပါတယ်နော်။ ဒီနေ့မှာတော့ “အပေါ်မကြည့်ပါနဲ့ ကိုယ့်ထက်ဘဝဆိုးတဲ့လူတွေတပုံကြီး ကျနော်ကတော့ ကိုယ့်ဘဝကိုကိုယ်နားလည်တယ်ဟိုး တချိန်က ၁၇နှစ်သားလောက်က မနက်စာစားဖို့ (ထမင်းကြော်လေးနဲ့ဘယာကြော်တခု ၁၅၀ကျပ် )ကလေးကို တနေ့ဆံပင်ညုပ်ဆိုင်ကပေးတဲ့ လုပ်အားခ ( ၅၀၀ ) ကို ညစာ စားပြီး မနက်စာချန်ခဲ့ရတဲ့ဘဝတွေ တသက်လုံးမမေ့သလို ဘဝတွေ ပိုက်စံတကျပ်မှမရှိဘဲ ကျောက်ဆည်မှာစားသောက်ဆိုင်တဆိုင်ဖွင့်နိုင်အောင်ကြိုးစားခဲ့တယ် မိဘဆွေဆီက တကျပ်မှ အပူမယူခဲ့ဘူးဖူး။ ဒါပေမယ့် အမေ့လက်အောက်ခံမှာပဲ ကျနော်ရှ်တယ် အမေနဲ့အဘွားက ကျနော့်ရဲ့သက်ရှိဘုရားတစ်ဆူပါ ” ဆိုတဲ့ စာလေးနဲ့ … Read more