အာဏာသိမ်းအစိုးရကအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို

အာဏာသိမ်းအစိုးရက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗီဒီယိုအွန်လိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေ ပုဒ်မ ၂၅၊ သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင် ခဲ့ပါတယ်။မူလက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့သာ တရားစွဲဆိုထားရာကနေ သဘာဝ ဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ကို ထပ်မံတိုးပြီး တရားစွဲခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရယ် စီမံမှု … Read more

ငွေကြေးဖောင်းပွမှုနှင့် လာမည့်နှစ်များ၏ စီးပွားရေး အခြေအနေ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ တပ်မတော်ကနေ အာဏာထိန်းခြင်း ဟု ခေါင်းစဉ်ဖြင့် နိုင်ငံတော်အာဏာကို တစ်နှစ်ကြာ ရယူပြီး ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။မည်သို့ပဲ ခေါင်းစဉ်တပ်ပေမယ့် ဒါဟာ အာဏာသိမ်းခြင်းသာ ဖြစ်တယ်လို့ မြန်မာပြည်သူအများနဲ့ နိုင်ငံတကာ ကပါ သတ်မှတ် ယူဆ သိမြင်ကြတဲ့အတွက် နိုင်ငံကြီးများဟာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ စတင်ဖို့ လုပ်ဆောင်လာကြပါတယ်။ပြည်တွင်းမှာ လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများထဲက အချို့ဟာလည်း ပြန်လည်ထွက်ခွာဖို့ ကြေငြာချက်တွေ ထုတ်လာခဲ့ပါတယ်။ဥပမာ ဂျပန် ကီရင် ဘီယာလုပ်ငန်း၊ ပူးမား စက်သုံးဆီလုပ်ငန်း စသဖြင့် ဖြစ်ပြီး နောက်ထပ်လုပ်ငန်း အများအပြားကလဲ ထပ်မံထွက်ခွာဖို့ ရှိနိုင်ပါသေးတယ်။နောက်တစ်ချက်အနေနဲ့ကတော့ အမေရိကန် နိုင်ငံအနေနဲ့ ပိတ်ဆို့မှု့ ပြင်းထန်ခဲ့ရင် သူ့နိုင်ငံ … Read more

မိုဘိုင်းအော်ပရေတာတွေမှာ TRACKING စက်တပ်ပြီး သုံးစွဲသူကို ခြေရာခံလိုက်ရင် ဘယ်လို ကာကွယ်နိုင်မလဲ…?

အရေးကြီးတာလေး တခု ပြောရအောင်။ မနေ့ညက အင်တာနက် ဖြတ်တာသည် မိုဘိုင်း အော်ပရေတာ တွေမှာ tracking စက် လိုက်တပ်ဆင်တာ ပြောတယ်။ဒီသတင်းသည် တုတု စစ်စစ် သတိထားရမယ့် ကိစ္စ ဖြစ်သလို စစ်အစိုးရ ထုတ်တဲ့ နိုင်ငံသား အခွင့်အရေးကို ရပ်ဆိုင်းထားတဲ့ ဥပဒေအမိန့်တွေနဲ့ ချိတ်ကြည့်ရင် ဖြစ်နိုင်ဖို့ များနေတယ်။ဒီတော့ သတိထားရမှာလေး ပြောကြည့်ရအောင်။ (ကျွန်တော် နားလည်သလောက်ပါ။ နားလည်သူတွေ ဆက်ရှင်းပြကြပါ)tracking လိုက်တယ်ဆိုတာ နေ့စဉ် သန်းချီ​​ ပြောနေတဲ့ စကားတွေကို လိုက်နားထောင်မှာ မဟုတ်ပါ။ သူတို့သည် keywords တွေကို ထည့်ပြီး AI နဲ့ ဇလုပ်တိုက်လိုက်မှာပါ။ ဥပမာ နေ့တိုင်း ဆက်နေတဲ့ ခေါ်ဆိုမှု ဆယ်သန်းရှိရင် ဒီထဲမှာ ကိုမင်းကိုနိုင် ဆိုတဲ့ … Read more

သတိထားဗိုလ်ချုပ်တွေရေ၊ လုပ်သမျှတွေ အတွက် အကုန်ပြန်တာဝန်ယူရမယ် လို့ သတိပေးလိုက်တဲ့ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တွမ်အင်ဒရူးစ်

“သတိထားဗိုလ်ချုပ်တွေရေ၊ လုပ်သမျှတွေ အတွက် အကုန်ပြန်တာဝန်ယူရမယ် တွမ်အင်ဒရူးစ်၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အင်တာနက်တွေကို အခုလို ထပ်ပြီး ပိတ်ပစ်နေတာ၊ လူတွေ နေထိုင်ရာ အရပ်တွေမှာ စစ်ယာဉ်တန်းတွေ ဝင်ရောက်နေတာတွေဟာ စစ်ဗိုလ်ချုပ်တွေ ဘယ်လောက် အသည်းအသန်ဖြစ် ဗျာများနေရသလဲ ဆိုတာ ပြနေတာပဲလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ သံချပ်ကာကားတွေ အပါအဝင် စစ်အင်အား နေရာချတာတွေ၊ လှည့်လည်တာတွေ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ လုပ်လာခဲ့တဲ့ အပေါ် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဝေဖေန်တာ ဖြစ်ပါတယ်။“စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေကို စစ်ကြေညာလိုက်သလိုပဲ” … Read more


ကာချုပ် မအလရဲ့ ဖောင်တော်ဦးဘုရားက ကျည်ကာမှန်နဲ့ ဖန်အုပ်ဆောင်း ယတြာအစီအရင်..ဖောင်တော်ဦးဘုရားရှိ ကျည်ကာမှန်ဖြင့် ပြုလုပ်ထားသော ဖန်အုပ်ဆောင်းသည် မင်းအောင်လှိုင်၏ယတြာ ဖြစ်ပီး အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် အုပ်စိုးနိုင်ပါစေကြောင်း ယတြာ ဖြစ်သည်ဟု ကြားသိရသည်။ ရင်ပြင်တော်ရှိကြွေပြား ခဏခဏ မပျက်စီးဘဲ လဲပစ်ခြင်းမှာလဲနင်းလိုက်တိုင်း ပြားပြားဝပ်နေစေရန်ဟူသော ရည်ရွယ်ချက် ဖြစ်သည်ဟုသိရသည်။ထို ယတြာများ ဖျောက်ဖျက်ရန် အရေးကြီးသည်ဟု မြင်မိပါသည်။ အဓိကမှာ ဖန်အုပ်ဆောင်းကိုဖယ်ရှားရမည်။ ထိုဖန်အုပ်ဆောင်း ဖယ်ရှားရန် အင်းလေးဒေသရှိ သံဃာ့နာယကအဖွဲ့အစည်း၏ညီညွတ်မှုလိုအပ်သည်။ သံဃာ့ အဖွဲ့အစည်း၏ အမိန့်အာဏာများလိုအပ်သည်။အင်းသားများ၏ အကူအညီလို သည် တိုက်တွန်းမှု လိုသည် အသိပေးမှုလိုသည်။သြဝါဒစရိယ သံဃာများထံ သတင်းပါးပေးစေလိုပါသည်။ ထိုယတြာကို ပယ်ဖျက်ရမည်။ UNICODE ကာချုပ် မအလရဲ့ ဖောင်တော်ဦးဘုရားက ကျည်ကာမှန်နဲ့ ဖန်အုပ်ဆောင်း ယတြာအစီအရင်..ဖောင်တော်ဦးဘုရားရှိ ကျည်ကာမှန်ဖြင့် … Read more

ယုံကြည်မှုတွေ နည်းလာလို့ အဆောင်လက်ပတ် ပတ်ထားရခြင်း နောက်ကွယ် နှင့် နောက်ဆက်တွဲ

ပရိတ်ကြိုးပတ်ရတဲ့အဆင့်ကို ရောက်နေပြီ ဆိုကတည်းက.. Belief System ယုံကြည်တဲ့သူတွေ အပြော.. အတော့်ကိုကံမကောင်းဘူးလို့ ထင်နေလို့ ယုံကြည်ရာ အဆောင်တစ်ခုခု ထားရပါတယ် ဆိုတဲ့ အဖြစ်ဖြစ်လာတယ်။Press Conference မဟုတ်တဲ့ တနေရာမှာ အခြား သတင်းသမားတွေမပါဘဲ သူ့မိန့်ခွန်း ခြွေနေရတယ် ဆိုကတည်းက သူ့ Security အတွက်ပါ သူ မလုံတော့။ ဆိုကြပါစို့ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ ပြောနေရင် အောက်မှာ Press တွေ ရှိပါတယ်။ သူ အိမ်ဖြူတော်က ပြောနေတယ်လို့ အတိအလင်း လူတိုင်း သိပါတယ်။ အခု မအလ လွှင့်ခဲ့တဲ့ ၂ ခုဟာ နေရာတခုတည်း မဟုတ်ပါ။ ဘယ်မှာလည်းလို့ မပြောပါ။Bulletproof Vest ဝတ်ပြီး ဘုန်းကြီးသွားကပ်တဲ့ ပုံနောက်ပိုင်း public … Read more

နေပြည်တော်ပစ်ခတ်မှုမှာဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကွယ်လွန်ပြီဟုဆရာဝန်တွေ အတည်ပြု

နေပြည်တော်ပစ်ခတ်မှုမှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ သေဆုံးသွားပြီလို့ ဆရာဝန်တွေက အတည်ပြုပြောပါတယ်။နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက “ဦးနှောက်သေသွားပြီလို့ ကျနော်တို့က သတ်မှတ်လိုက်ပါပြီ။ အသက်ရူစက်ဖြုတ်ဖို့လည်း မိသားစုကို အကြောင်းကြားထားပါပြီ။ တကယ်တော့ လူနာက ဆုံးနေပြီ၊ ဆေးပညာအရ ဦးနှောက်သေဆုံးပြီလို့ သတ်မှတ်လိုက်တာဟာ သေဆုံးသွားတာပဲ၊ မိသားစုကတော့ ဘယ်အချိန်မှာ အသက်ရူစက်ဖြုတ်မယ်ဆိုတာ မပြောသေးပါဘူး” လို့ RFA ကို အတည်ပြုပြောပါတယ်။ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲမှာ ဝင်နေတဲ့ ကျည်ဆံစကို ခွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ ဆရာဝန်တွေက လက်လျှော့လိုက်တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် … Read more

“အမေရိကန်အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ 7th Sense နဲ့ Media 7 တို့ ပါဝင်”

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာ အာဏာ သိမ်း မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ စီးပွားရေး တွဲဖက် လုပ်ကိုင်နေသူတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန် ကြေညာထားပါတယ်။အဆိုပါ စာရင်းထဲမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Stellar Seven ကုမ္ပဏီ လိမိတက် အပါအဝင် ကိုဝေမင်းမောင် ဦးစီးတဲ့ Myanmar Media 7 ကုမ္ပဏီတို့ ပါဝင်တာ တွေ့ရပါတယ်။Myanmar Media 7 ကုမ္ပဏီဟာ ဆယ်စုနှစ် တစုကျော်ကြာ ရပ်တည် လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ကိုဝေမင်းမောင်နှင့် ကိုနိုင်ဖြိုးကျော်တို့ သူငယ်ချင်း နှစ်ဦး ဦးစီး လုပ်ကိုင်တယ်လို့ သိရပါတယ်။ ၎င်းတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သည်များကို မဖော်ပြခဲ့ဖူးဘဲ ဖျော်ဖြေရေး … Read more

အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၂၃၃၁၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၂၃၃၁၄ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် အမိန့်အမှတ်(၅၉/၂၀၂၁)ကိုထုတ်ပြန်သည်။ထို့အတူ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၅ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်အမှတ် ၆၀/၂၀၂၁ ကို ထုတ်ပြန်သည်။ အလားတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ၎င်းတို့ကျခံနေရသော ပြစ်ဒဏ်များဖြစ်သည့် သေဒဏ်ပြစ်ဒဏ် ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် (လွတ်ရက်မရှိ) သို့ လည်းကောင်း၊ … Read more

BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုကို တရားလိုဘက်မှ အမှုရုပ်သိမ်းလွှာတင်

BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုကို တရားလိုဘက်မှ အမှုရုပ်သိမ်းလွှာတင်ခဲ့ကြောင်း သိရသည်။အဆိုပါအမှုအား တရားလိုအဖြစ် ဆောင်ရွက်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးမိုးနိုင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်မှ ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) ရုံးချိန်းတွင် အမှုရုပ်သိမ်းလွာတင်ခဲ့ကြောင်း ဒေါက်တာအောင်ဇော်၏ ရှေ့နေဖြစ်သူ ဦးထင်ဇော်လတ်က ပြောကြားသည်။“တရားလိုဖြစ်တဲ့ အဂတိက ဦးမိုးနိုင်က ဒီနေ့ရုံးချိန်းမှာ အမှုကို ပိတ်သိမ်းလိုက်တာပါ။ အမှုတွဲက နေပြည်တော် ရောက်နေတော့ ဒေါက်တာအောင်ဇော်က မလွတ်သေးပါဘူး။ နောက်တစ်ပတ် ရုံးချိန်းတော့ လွတ်မယ်”ဟု ဒေါက်တာအောင်ဇော်၏ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်က ပြောကြားသည်။ အင်းစိန်မြို့နယ် BPI ဆေးဝါးစက်ရုံမှူးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆ ဖြင့် အင်းစိန်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၆ ရက်ကတရားစွဲဆိုအရေးယူနိုင်ရေး … Read more