မိန်းကလေးတိုင်း အားကျကြတဲ့ … Relationship Goal ဆိုတာ ဒီလိုမျိုးပါ
တစ်ချို့ယောက်ျားလေးတွေက RS Goal တွေကို ရိုတယ်လို့ထင်ပြီး မလုပ်ပေးတတ်ကြဘူး။ သူတို့လုပ်ပေးလိုက်လို့ ချစ်သူမိန်းကလေးက ဘယ်လောက်ထိ အပျော်လွန်သွားမလဲဆိုတာ မသိကြဘူး။ဒါကြောင့် မိန်းကလေးတိုင်းအားကျကြတဲ့ ၊ လိုချင်ကြတဲ့ RS မျိုးဆိုတာ ဒီလိုမျိုးပါ။ (အတင်းဖန်တီးလုပ်ယူတာထက် စိတ်ထဲက ပါမှ လုပ်တာပိုကောင်းပါတယ်) #ချစ်သူက လက်သည်းညှပ်ပေးတာမျိုး ၊ ဂရုတစိုက် လက်သည်းနီဆိုးပေးတာမျိုးပါ။ ချစ်သူဘက်က ဒါမျိုးလုပ်ပေးနေရင် သင်က ကောင်မလေးတိုင်း အားကျကြတဲ့ RS Goal မျိုးကို ပိုင်ဆိုင်ထားရပါပြီ။ #အေးအတူ ၊ ပူအမျှ ပုံစံမျိုး ။ ချစ်သူနဲ့ ခရီးထွက်ရင်ပဲဖြစ်ဖြစ် ၊ ချစ်သူက ကိုယ့်ကို တယုတယနဲ့ဖက်အိပ်ထားတာမျိုး ၊ သူ့လက်မောင်းကို ခေါင်းအုံးဖို့ခံပေးထားတာမျိုးက မိန်းကလေးတိုင်းအားကျကြတဲ့ RS ပုံစံမျိုးပါ။ #ချစ်သူက ကားမောင်းနေရင်းနဲ့ ကိုယ့်လက်လေးကိုကိုင် … Read more
ပြတ်ပြီးသား EX ကို ဘဝထဲကနေ အပြီးထုတ်လိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြနေတဲ့အချက်များ
မိန်းကလေးတွေဟာ ချစ်ပြီးဆိုရင်လည်း နှစ်နှစ်ကာကာချစ်တတ်သလို၊ မချစ်တော့ဘူးဆိုရင်လည်း လှည့်ကိုမကြည့်တတ်ကြပါဘူး။ ခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ပြတ်ပြီးသား EX ကို ဘဝထဲကနေ အမှိုက်တစ်ခုကို လွှင့်ပစ်လိုက်နိုင်ခဲ့တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ သင်ဟာ ဒီအချက်နဲ့တိုက်ဆိုင်နေရင်တော့ သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သလို ဥာဏ်ပညာရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ (၁) သူ့အကြောင်းမတွေးဖြစ်တော့ဘူး EX ကိုဘဝထဲကနေ အပြီးထုတ်လိုက်နိုင်တဲ့မိန်းကလေးတွေဟာ EX အကြောင်းကို လုံးဝမတွေးဖြစ်တော့ပါဘူး။ ကိုယ့်ဘဝအကြောင်း၊ ကိုယ့်ရှေ့ရေး၊ ကိုယ့်အနာဂတ်နဲ့ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးတတ်သွားတာဖြစ်ပါတယ်။ သူ့အကြောင်းကိုတမင်တကာ မတွေးတော့ပဲနေရင်းကနေ နောက်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ သူလုံးဝ မပါဝင်တော့ပါဘူး။ ဒီလိုနဲ့ပဲ သူ့ကို ကိုယ့်ဘဝထဲကနေ ထုတ်လိုက်ပြီးသားဖြစ်သွားတာပါ။ (၂) အတူသွားတဲ့နေရာတွေရောက်ရင် EX နဲ့အတူသွားခဲ့ဖူးတဲ့ နေရာတွေရောက်ရင်လည်း စိတ်ထဲမှာ ဘယ်လိုမှ ခံစားရမှာမဟုတ်ပါဘူး။ တစ်ချို့တွေက … Read more
ယောကျာ်းလေးတိုင်း သူတို့တကယ်ချစ်တဲ့ ချစ်သူအပေါ် ဘယ်တော့မှ မလုပ်တတ်တဲ့အရာများ
ယောကျာ်းလေးတွေက သူတို့ချစ်တဲ့သူကို ကဗျာတွေ၊ စာတွေဖွဲ့ပြီး နူးနူးညံညံ မချစ်ပြတတ်ပေမယ့် သူတို့ရဲ့အချစ်တွေကို သူတို့ရဲ့ အပြုအမူတွေကတစ်ဆင့် သိနိုင်ပါတယ်။ ယောကျာ်းလေးတွေဟာ သူတို့တကယ်ချစ်တဲ့ မိန်းကလေးအပေါ်ကို ဒီလိုအရာတွေ ဘယ်တော့မှ မလုပ်တတ်ကြပါဘူးနော်။ ကတိမတည်တာ ယောကျာ်းလေးတွေက သူတို့တကယ်ချစ်တဲ့ ကောင်မလေးအပေါ်မှာ အတတ်နိုင်ဆုံး ကတိတည်နိုင်အောင် ကြိုးစားကြပါတယ်။ တကယ်လို့ မတည်နိုင်ဘူးထင်တဲ့ ကတိတွေကိုလည်း ဘယ်တော့မှ မပေးတတ်ကြပါဘူးနော်။ သူတို့ချစ်တဲ့သူက သူတို့ကို ကတိတည်တဲ့သူအဖြစ်သာ မြင်တွေ့စေချင်ကြတဲ့အတွက် သူတို့တကယ်ချစ်မိသွားတဲ့အခါ ကတိတည်နိုင်အောင် ကြိုးစားလာတတ်ကြပါတယ်။ ဝမ်းနည်းနာကျင်အောင်လုပ်တာ ယောကျာ်းလေးတစ်ယောက် တကယ်ချစ်မိသွားတဲ့အခါ သူတို့ချစ်သူ ဝမ်းနည်းနာကျင်မှာကို အရာအားလုံးထက် စိုးရိမ်တတ်ကြပါတယ်။ ချစ်သူကောင်မလေး ဝမ်းနည်းနေတဲ့အချိန် ပျော်ရွှင်လာအောင် အမြဲလုပ်ပေးတတ်ပြီး သူတို့ကြောင့်နဲ့ ဝမ်းနည်းနာကျင်ရမှာမျိုးကို ဘယ်တော့မှ အဖြစ်မခံတတ်ကြပါဘူး။ လိမ်တာ ယောကျာ်းလေးတွေဟာ သူတို့တကယ်ချစ်တဲ့ ချစ်သူကို ဘယ်တော့မှ … Read more
ကိုယ့်ရဲ့ သူငယ်ချင်းတွေထဲမှာ မရှိမဖြစ် ရှိကိုရှိတတ်တဲ့ သူငယ်ချင်းအမျိုးအစားတွေ
သူငယ်ချင်းဆိုတာ သွားအတူ၊ စားအတူ တစ်ယောက်အကြောင်းတစ်ယောက် နောကြေပြီးသား လူတွေပါ။ အတူတူပေါင်းဖော်လာခဲ့ကြတဲ့ အချိန်ကာလတစ်ယောက်မှာ ဒီသူငယ်ချင်းဟာ ဘယ်လိုစိတ်ဓာတ်ရှိတယ်၊ ဘယ်လိုအကျင့်စရိုက်ရှိတယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် သိနားလည်ပြီးသား ဖြစ်နေတတ်ပါတယ်။ အချိန်ကာလတစ်ခုအထိ အတူဖြတ်သန်းပြီးမှ သူငယ်ချင်းလို့ မည်လာတဲ့ သူတွေဖြစ်ပါတယ်။ ဒီတော့ ကိုယ့်သူငယ်ချင်းတွေထဲမှာ မပါမဖြစ်ပါဝင်နေတတ်တဲ့ သူတွေက ဒီလိုရှိပါတယ်။ Drama ချိုးတတ်သူ ကိုယ့်သူငယ်ချင်းတွေထဲမှာ တစ်ချိန်လုံး အသည်းချည်းထိုင်ကွဲနေတတ်တဲ့ သူငယ်ချင်းမျိုးရှိလား။ အားအားရှိ drama ထိုင်ချိုးနေတတ်တဲ့၊ ရည်းစားသောင်းခြောက်ထောင်အကြောင်း ထိုင်ဖီးနေတတ်တဲ့၊ သူများနားထောင်ချင်ချင် နားမထောင်ချင်ချင် သူ့ရဲ့ drama ဇာတ်လမ်းတွေအကြောင်းထိုင်ပြောတတ်တဲ့ အဖီးတလိုင်းလေးတွေ ရှိလား။ လူရွှင်တော် ကိုယ်တို့အဖွဲ့မှာ သူပါလာရင် ပါးစပ်မစိနိုင်လောက်အောင် ဟာသပြောတတ်သူမျိုး ပါကိုပါတတ်တယ်နော်။ သူတစ်ယောက်တည်းနဲ့ ပွဲဆူအောင်လုပ်တတ်တဲ့ လူရွှင်တော် သူငယ်ချင်းလေးတွေကြောင့် ပိုပျော်ရွှင်စေရပါတယ်။ အတင်းပြောတတ်သူ မြင်မြင်သမျှအတင်းပြောချင်နေတတ်တဲ့ … Read more
ချစ်သူကို သဲသဲလှုပ် ချစ်တဲ့ ကောင်လေးတွေသာ ပြုလုပ်တတ်တဲ့ အရာများ
ချစ်သူရှိတယ်ဆိုတိုင်း အချစ်ကို ပိုင်ဆိုင်ရကြတာတော့ မဟုတ်ပါဘူး။ လက်တွဲဖော်တွေ တွေ့တိုင်းလည်း ကိုယ့်နဲ့ အမှန်တကယ် ကိုက်ညီပြီး စိတ်ချမ်းသာရတာတော့ မဟုတ်ပါဘူး။ ဒီလိုဆိုပေမယ့် တစ်ချို့ကောင်မလေးတွေက တကယ့်ကို ချစ်တတ်တဲ့ ကောင်လေးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ တကယ်က ကောင်လေးတွေက မိန်းကလေးတွေကို အတော်လေးလေးနက်နက် ချစ်တယ်ဆိုတာမျိုး ဖြစ်မှ ဒီလို ကံကောင်းမှုကို ပိုင်ဆိုင်ကြတာပါ။ ကိုယ့်ချစ်သူကို သိပ်ကို ချစ်တဲ့ ကောင်လေးတွေမှာ ရှိတတ်တဲ့ အပြုအမူ အချို့ကို ဖော်ပြပေးလိုက်ရပါတယ်နော်။ (၁) ချစ်သူကို ဝမ်းမနည်းစေချင်ဘူး ကဗျာဆရာ ကြည်ဇော်အေးရဲ့ ဘယ်အစိုးရတက်တက် ချစ်သူ မျက်ရည်တစ်စက် ကျရင် တော်လှန်ဖို့ အဆင်သင့်ပဲ ဆိုတဲ့ကဗျာလိုပါပဲ။ ကောင်လေးတွေ ချစ်မိသွားတဲ့အခါ ချစ်သူကောင်မလေး ဝမ်းနည်းတာကို မမြင်ချင်ကြပါဘူး။ ချစ်သူ ငိုတာကို တွေ့ရတာ သူတို့လည်း … Read more
ရိုမက်တစ်ဆိုတဲ့အရာကို မိန်းကလေးတွေ မှားယွင်းစွာ လက်ခံထားတတ်ကြတဲ့ အချက်များ
တစ်ချို့လူတွေဟာ ရိုမက်တစ်ဆိုတဲ့ စကားကို အချက်တော်တော်များများနဲ့ သတ်မှတ်ထားတတ်ကြပါတယ်။ ဥပမာ- ကိုယ့်ကိုယ် surprise ဖြစ်အောင်လုပ်မှ romantic ဆန်တယ်၊ တစ်ခုခု ကြီးကြီးမားမား လုပ်ပြမှ ရိုတယ်လို့ ထင်နေမိတာမျိုးပေါ့။ တကယ်တော့ ရိုမက်တစ်ဆိုတဲ့ စကားလုံးက တကယ့်ကို ရိုးရှင်းပါတယ်နော်။ လူတစ်ချို့ မှားယွင်းစွာ သတ်မှတ်ထားတတ်ကြတဲ့ ရိုမက်တစ်ဆန်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ Social media ပေါ်မှာ တင်ခြင်း တစ်ချို့လူတွေက သူတို့ချစ်နေတဲ့အကြောင်း၊ သူတို့ကြည်နူးနေတဲ့ ပုံရိပ်တွေကို social media ပေါ်ချပြတာကို ရိုတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အချစ်ဆိုတာ ပေါ်ပင်တွေ လုပ်ပြစရာမလိုပါဘူး။ ကိုယ်ချစ်တဲ့ အချစ်ကသာ စစ်မှန်ဖို့လိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခြင်းရရင် နေ့ရက်တိုင်းက ရိုမက်တစ်ဆန်နေမှာ ဖြစ်ပါတယ်နော်။ တန်ဖိုးကြီးလက်ဆောင်ပေးခြင်း ရိုမက်တစ်ဆန်ခြင်းရဲ့ … Read more
ရည်းစားတစ်ယောက် ဖြစ်ဖြစ်မြောက်မြောက် မရသေးခြင်းရဲ့ အကြောင်းအရင်း
လူရယ်လို့ ဖြစ်လာပြီဆိုရင် သီးချိန်တန် သီးရမယ်၊ ပွင့်ချိန်တန် ပွင့်ရမယ်လို့ ဆိုပါတယ်။ သစ်ပင်တွေကို ရည်ရွယ်တဲ့ စကားမဟုတ်တာတော့ လူတိုင်း သိမှာပါ။ ဒါပေမယ့် သစ်ပင်နဲ့ နှိုင်းယှဉ်တဲ့ခါ သီးချိန်တန် မသီးရင်၊ ပွင့်ချိန်တန် မပွင့်ရင် ဒီသစ်ပင် မြုံနေလို့လား၊ ဖိုနေလို့လားစသဖြင့် စိုက်ပျိုးသူတွေမှာ ဦးနှောက်ခြောက်ရပါတယ်။ အမျိုးသားတွေအနေနဲ့တော့ အသက်(၃၀)လောက်မှ ချစ်သူခင်သူ ကောင်းကောင်းမရှိသေးဘူးဆိုရင် ကိုယ့်မှာ ဘာမှားနေလဲ စဉ်းစားဆင်ခြင်စရာတွေ ရှိပါတယ်။ တကယ်လို့ ကိုယ်က အိမ်ထောင်ဘက် လိုလိုလားလား ရချင်နေတယ်ဆိုရင် အောက်ဖော်ပြပါ အားနည်းချက်လေးတွေ ပြင်ပေးဖို့ လိုပါမယ်။ (၁) မိဘကိုချစ်လွန်းသူ မိဘကို လူတိုင်းချစ်ကြမှာပါ။ များများချစ်နိုင်လေ များကောင်းလေပါဘဲ။ ဒါပေမယ့် ခွဲခြားရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လူတစ်ယောက်က ကိုယ့်ကို ဂရုမစိုက်ဘူး၊ … Read more
သူတို့ချစ်သူကောင်မလေးဆီက ချစ်သူကောင်လေးတွေ အလိုချင်ဆုံး အရာများ
ချစ်သူကောင်လေးတွေဟာ သူတို့ချစ်ရတဲ့ သူဆီကနေ တစ်ခြားအရာတွေထက် လိုချင်တတ်ကြတဲ့ အရာတွေ ရှိလို့နေပါတယ်။ သူတို့ဟာ ဒါတွေကို အရမ်းတန်ဖိုးထားတတ်ကြသလို သူတို့ရဲ့အချစ်တည်မြဲဖို့အတွက် ဒါတွေလိုအပ်တယ်လို့လည်း ယူဆထားတတ်ကြသူတွေပါ။ ချစ်သူကောင်လေးတွေက သူတို့ချစ်ရတဲ့သူဆီက တစ်ခြားဆွဲဆောင်မှုတွေထက်ပိုပြီး ဒီအရာလေးတွေကို လိုချင်တတ်ကြပါတယ်တဲ့။ သူတို့အပေါ် နားလည်ပေးမှု ယောကျာ်းလေးတော်တော်များများက သူတို့ချစ်ရတဲ့သူဆီက နားလည်ပေးမှုကို အရမ်းမက်မောတတ်ကြပါတယ်။ တစ်ခြားလူတွေက ဘယ်လိုတွေ ပြောဆိုနေကြပါစေ သူတို့အတွက် လိုအပ်တာက သူတို့ချစ်ရသူရဲ့ နားလည်ပေးမှု တစ်ခုတည်းသာ ဖြစ်ပါတယ်။ မေးခွန်းတွေအများကြီး မမေးပဲ သူတို့ပြောတာကို ယုံကြည်နားလည်ပေးတာမျိုးကို သူတို့အရမ်း လိုချင်ကြပါတယ်။ သူတို့ချစ်တဲ့သူဆီက သူတို့အပေါ် သံသယမထားပဲ နားလည်ပေးတာကိုသာ ရမယ်ဆိုရင် သူတို့အတွက် ပြည့်စုံတဲ့ချစ်ခြင်းကို ခံစားရစေတာပါပဲ။ သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံပေးတာ မိန်းကလေးတွေက သဘာဝအရ ချစ်ရတဲ့သူတွေကို ပြုပြင်ပေးချင်စိတ်တွေ များတတ်ကြပြီး … Read more
နေ့ရက်တိုင်း မပျော်ရွှင်ရသလို ခံစားနေရသူတွေသာ နားလည်နိုင်မယ့် အချက်များ
ပျော်ရွှင်ရတယ်ဆိုတာ ဘယ်လောက် ကောင်းသလဲဆိုတာ လူတိုင်း သိကြပါတယ်။ ပျော်စရာတွေ ပြည့်နှက်နေတဲ့ သူတွေ ရှိသလို စိတ်ညစ်စရာတွေ အခက်အခဲတွေနဲ့ ပြည့်နေတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ချို့တွေကတော့ အခက်အခဲရယ်လို့ များများစားစား မရှိပါဘဲ ပျော်ရွှင်မှု ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။ သူတို့ကတော့ အကြောင်းကြောင်းကြောင့် အခုလို ဖြစ်နေရခြင်း ဖြစ်ပါတယ်။ တစ်ခြားသူတွေ နားမလည်နိုင်ဘဲ သူတို့တွေပဲ အဲ့လိုအခြေအနေကို နားလည်နိုင်တာကတော့ ဒီအချက်တွေပဲ ဖြစ်ပါတယ်။ (၁) မပျော်ဘူး သူတို့တွေမှာ အဓိက ဖြစ်တာကတော့ မပျော်ရွှင်ခြင်းပဲ ဖြစ်ပါတယ်။ ပျော်စရာ ရှိမှ ပျော်မှာပေါ့လို့ လူအများက ထင်တတ်ကြပါတယ်။ တကယ်က သူတို့အတွက် ပျော်စရာ မရှိသလို ဖြစ်နေတာပါ။ ရယ်စရာလို့ လူအများက သတ်မှတ်လည်း သူ့အတွက် မရယ်ရပါဘူး။ … Read more
လူတစ်ယောက်ကို ရာနှုန်းပြည့် မယုံပါနဲ့