ရည္းစားေဟာင္းေတြနဲ႔ သူငယ္ခ်င္းလို ခင္မင္သူေတြဟာ စိတ္ေရာဂါရွိႏိုင္ေၾကာင္း သိရ

Relationship တစ္ခုဟာ ျပတ္ေတာက္သြားရင္ အဲဒီ Relationship မွာ ပါဝင္ခဲ့တဲ့ ႏွစ္ေယာက္လံုးဟာ အနည္းနဲ႔အမ်ားေတာ့ စိတ္မေကာင္း ျဖစ္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ရည္းစားအသစ္ရရွိသြားသလို တစ္ခ်ိဳ႕ေတြက်ျပန္ေတာ့လည္း တစ္သက္လံုး လူပ်ိဳၾကီးေတြ၊ အပ်ိဳၾကီးေတြအျဖစ္နဲ႔ပဲ ေနထိုင္သြားတတ္ၾကပါတယ္။ ဒါေတြကေတာ့ ပံုမွန္လူေတြပါ။ ဒါေပမယ့္ တစ္ခ်ိဳ႕ေတြက်ေတာ့ ျပတ္သြားတဲ့သူနဲ႔ သူငယ္ခ်င္းလို ျပန္ေနဖို႔ ၾကိဳးစားတတ္ၾကပါတယ္။ အဲဒီလို ျပတ္သြားတဲ့ ရည္းစားေဟာင္းနဲ႔ သူငယ္ခ်င္းလုပ္ေနၾကတဲ့သူေတာ္ေတာ္မ်ားမ်ားဟာ စိတ္ေဝဒနာရွင္ေတြ ျဖစ္တယ္လို႔ ေလ့လာေတြ႕ရွိရေၾကာင္း Business Insider သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

ဒီေလ့လာေတြ႕ရွိခ်က္နဲ႔ ပတ္သတ္ျပီး Oakland University ရွိ သုေတသနပညာရွင္ေတြဟာ စမ္းသပ္မႈေပါင္း ၈၆၁ ခု ျပဳလုပ္ခဲ့ပါတယ္။ ဒီစမ္းသပ္မႈမွာ ပါဝင္တဲ့သူေတာ္ေတာ္မ်ားမ်ားဟာ တစ္ခ်ိန္က ရည္စားရွိခဲ့တဲ့သူေတြပဲ ျဖစ္ပါတယ္။ အဲဒီသူေတြထဲက ေတာ္ေတာ္မ်ားမ်ားဟာ ဒီေန႔ဒီအခ်ိန္အထိ ျပတ္သြားတဲ့ ရည္းစားေဟာင္းေတြနဲ႔ လံုးဝအဆက္အသြယ္မျပတ္တဲ့အျပင္ ႏွစ္ေယာက္သားသူငယ္ခ်င္းလို ဆက္ဆံေရးနဲ႔ပဲ ေနထိုင္ေနၾကတာ ျဖ္စပါတယ္။ အဲဒီသူေတြကို စိတ္ေရာဂါနဲပ ပတ္သတ္ျပီး စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္တဲ့အခါမွာေတာ့ ေတာ္ေတာ္မ်ားမ်ားဟာ စိတ္ေဝဒနာရွိေနေၾကာင္း ေလ့လာေတြ႔ရွိခဲ့ရပါတယ္။

“ အဲဒီလိုလူေတြရဲ႕ စိတ္ထဲမွာ ရည္းစားေဟာင္းေတြက သူတို႕ရဲ႕ သူငယ္ခ်င္းပါပဲ။ ဒီျဖစ္တည္မႈက အသိစိတ္ထဲမွာပဲ ရွိေနတာပါ။ ဒါေပမယ့္ သူတို႔ရဲ႕ မသိစိတ္ထဲမွာေတာ့ အရင္သမီးရည္းစားဘဝတုန္းက ၾကင္နာမႈေတြ၊ အထိအေတြ႕ေတြကို ျပန္လိုခ်င္ေနၾကတယ္။ အဲဒီအရာေတြကို တစ္ျခားတစ္ေယာက္ကို ေပးေနတဲ့အခ်ိန္က်ရင္ သူတို႕ စိတ္ထဲမွာ ေဒါသေတြထြက္တယ္။ ဝမ္းနည္းတယ္။ သိမ္ငယ္ေနၾကတယ္။ ဒါေတြက စိတ္ေဝဒနာရွင္တစ္ေယာက္ရဲ႕ ခံစားခ်က္ေတြလိုပါပဲ” လို႔ Oakland University မွ သုေတသတပညာရွင္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

Credit ShweMom

UNICODE

Relationship တစ်ခုဟာ ပြတ်တောက်သွားရင် အဲဒီ Relationship မှာ ပါဝင်ခဲ့တဲ့ နှစ်ယောက်လုံးဟာ အနည်းနဲ့အများတော့ စိတ်မကောင်း ဖြစ်တတ်ကြပါတယ်။ တစ်ချို့ကတော့ အချိန်ကြာလာတာနဲ့အမျှ ရည်းစားအသစ်ရရှိသွားသလို တစ်ချို့တွေကျပြန်တော့လည်း တစ်သက်လုံး လူပျိုကြီးတွေ၊ အပျိုကြီးတွေအဖြစ်နဲ့ပဲ နေထိုင်သွားတတ်ကြပါတယ်။ ဒါတွေကတော့ ပုံမှန်လူတွေပါ။ ဒါပေမယ့် တစ်ချို့တွေကျတော့ ပြတ်သွားတဲ့သူနဲ့ သူငယ်ချင်းလို ပြန်နေဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလို ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ သူငယ်ချင်းလုပ်နေကြတဲ့သူတော်တော်များများဟာ စိတ်ဝေဒနာရှင်တွေ ဖြစ်တယ်လို့ လေ့လာတွေ့ရှိရကြောင်း Business Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလေ့လာတွေ့ရှိချက်နဲ့ ပတ်သတ်ပြီး Oakland University ရှိ သုတေသနပညာရှင်တွေဟာ စမ်းသပ်မှုပေါင်း ၈၆၁ ခု ပြုလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့သူတော်တော်များများဟာ တစ်ချိန်က ရည်စားရှိခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ အဲဒီသူတွေထဲက တော်တော်များများဟာ ဒီနေ့ဒီအချိန်အထိ ပြတ်သွားတဲ့ ရည်းစားဟောင်းတွေနဲ့ လုံးဝအဆက်အသွယ်မပြတ်တဲ့အပြင် နှစ်ယောက်သားသူငယ်ချင်းလို ဆက်ဆံရေးနဲ့ပဲ နေထိုင်နေကြတာ ြဖ်စပါတယ်။ အဲဒီသူတွေကို စိတ်ရောဂါနဲပ ပတ်သတ်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ တော်တော်များများဟာ စိတ်ဝေဒနာရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

“ အဲဒီလိုလူတွေရဲ့ စိတ်ထဲမှာ ရည်းစားဟောင်းတွေက သူတို့ရဲ့ သူငယ်ချင်းပါပဲ။ ဒီဖြစ်တည်မှုက အသိစိတ်ထဲမှာပဲ ရှိနေတာပါ။ ဒါပေမယ့် သူတို့ရဲ့ မသိစိတ်ထဲမှာတော့ အရင်သမီးရည်းစားဘဝတုန်းက ကြင်နာမှုတွေ၊ အထိအတွေ့တွေကို ပြန်လိုချင်နေကြတယ်။ အဲဒီအရာတွေကို တစ်ခြားတစ်ယောက်ကို ပေးနေတဲ့အချိန်ကျရင် သူတို့ စိတ်ထဲမှာ ဒေါသတွေထွက်တယ်။ ဝမ်းနည်းတယ်။ သိမ်ငယ်နေကြတယ်။ ဒါတွေက စိတ်ဝေဒနာရှင်တစ်ယောက်ရဲ့ ခံစားချက်တွေလိုပါပဲ” လို့ Oakland University မှ သုတေသတပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Credit ShweMom

Leave a Comment