ခ်စ္သူႏွစ္ဦးကို ေ၀းကြာသြားေစတဲ့ မက္ေဆ့ခ်္မ်ား

Relationshipေတြအေနနဲ႔ အေနေ၀းရင္ ေသြးေအးသြားတယ္လို႔ ေျပာၾကပါတယ္။တခ်ိဳ႕က်ေတာ့လည္း ခိုင္မာတဲ့ ခ်စ္ျခင္း ေမတၱာနဲ႔ သစၥာတရားေတြေၾကာင့္ ဒီစကားကိုလက္မခံႏိုင္ဘူးလို႔ေျပာၾကပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ေသခ်ာတာ တစ္ခုက ကိုယ့္ခ်စ္သူနဲ႔ တစ္သက္တာေပါင္းဖက္ခ်င္ၾကတာခ်ည္းပါပဲ။

ဒါ့အျပင္ relationshipတစ္ခု ခိုင္ၿမဲေအာင္ႀကိဳးစားတည္ေဆာက္ရတာကလည္း သိပ္မလြယ္ကူပါဘူး။ ဒီတစ္ခါမွ်ေ၀ေပးခ်င္တဲ့အေၾကာင္းအရာကေတာ့ ကံၾကမၼာအေျခအေနေၾကာင့္ ခြဲခြာေနရတဲ့ခ်စ္သူေတြ ပဲျဖစ္ျဖစ္ အနားမွာရွိေနတဲ့ခ်စ္သူေတြပဲျဖစ္ျဖစ္ အျပန္အလွန္မက္ေဆ့္ပို႔ၾကတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္မ်က္ႏွာခ်င္း ဆိုင္စကားေျပာတာမ်ိဳးမဟုတ္တဲ့အတြက္ ခံစားခ်က္အမွန္လားဆိုတာမသိႏိုင္ပါဘူး။နားလည္မႈေတြလြဲၿပီး ခ်စ္သူေတြၾကားက ဆက္္ဆံေရးေလးကို ထိခိုက္သြားေစႏိုင္ပါတယ္။ ကုိယ့္ခ်စ္သူကို ကိုယ့္အနားကေန တျဖည္းျဖည္းအေ၀းကိုေရာက္ သြားေစတဲ့ မက္ေဆ့္ေလးေတြကိုေတာ့ သတိထားဖို႔လိုတာေပါ့။

ပ်င္းရိျငီးေငြ႕ဖြယ္ေကာင္းျခင္း

မက္ေဆ့္ပို႔အခါ သင္တို႔ႏွစ္ေယာက္အတြက္ အေရးသိပ္မႀကီးတဲ့ မက္ေဆ့ေတြပို႔ေနမယ္ဆိုရင္ သင့္ေကာင္ေလးဘက္က အလံနီျပဖို ႔ေသခ်ာေနပါၿပီ။ဒါေၾကာင့္ အေရးသိပ္မႀကီးတဲ့ ရာသီဥတုအေၾကာင္း၊သင့္ရဲ႕ေန႔လည္စာ ဒါမွမဟုတ္ ညစာေတြ မွာ ဘာနဲ႔စားတယ္္ဆိုတာေတြပို႔ၿပီး အခ်ိန္မျဖဳန္းပါနဲ႔။သင္တို႔ခ်စ္သူႏွစ္ေယာက္ၾကားမွာ ၾကည္ႏူးေပ်ာ္ရႊင္စရာေကာင္းတဲ့ ဘယ္လိုဆက္ဆံေရးမ်ိဳးရွိေနလဲဆိုတာ ေဆြးေႏြးတဲ့ မက္ေဆ့ခ်္ပို႔ပါ။

စာအရွည္ပို႔ျခင္း

စာအရွည္ႀကီးေတြပို႔တာက ဖတ္ရတဲ့သူအတြက္ ပ်င္းရိျငီးေငြ႕စရာေကာင္းပါတယ္။သင့္ဘက္က အဲဒီလိုစာအရွည္ႀကီး ေတြဆက္တိုက္ပို႔ေနမယ္ဆိုရင္ သင့္ေကာင္ေလးရဲ႕ၿငိဳျငင္ျခင္းခံရပါလိမ့္မယ္။ဒါေၾကာင့္ သင္တို႔ႏွစ္ေယာက္နဲ႔သက္ဆိုင္တဲ့ စိတ္၀င္စားစရာအခ်က္ေတြကို အရင္ခ်ေရးလိုက္ပါ။သင္အႏွစ္သက္ဆံုး အခ်က္ကို မက္ေဆ့်္ပို႔လိုက္ပါ။

စကားလံုးမရွင္းလင္းတဲ့မက္ေဆ့ခ်္

ေမးခြန္းကို Yes or Noေျဖတာထက္ emojisေလးေတြနဲ႔ အရိုးရွင္းဆံုးေျဖမယ္ဆိုရင္ေတာင္ ေယာက်္ားေလးေတြ က ဘယ္လိုျပန္ေျပာရမလဲဆိုတာ ဆံုးျဖတ္ခ်က္ခ်စဥ္းစားၾကပါေသးတယ္။ဒါေၾကာင္ ့အရိုးရွင္းဆံုးစကားလံုးေတြပဲ ပို႔သင့္ပါတယ္။

ေစာဒကတက္ျခင္း

အင္တာနက္ onlineမွာသင့္ခ်စ္သူနဲ႔ စကားေျပာတဲ့အခါ သူ႔ဘက္က သင့္စာေတြကိုေတြ႕ေပမယ့္လည္း ခ်က္ခ်င္းreplyျပန္မလုပ္တာ၊ မလုပ္ႏိုင္တဲ့အေျခအေနမ်ိဳးမွာ သင့္ဘက္က Complainတက္တဲ့ မက္ေဆ့ခ်္မ်ိဳးဆက္တိုက္ ပို႔မေနသင့္ပါဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ သူက ကိုယ္ထင္ေနသလို တျခားလူနဲ႔ စကားေျပာေနတာမ်ိဳးမဟုတ္ဘဲ အလုပ္အတြက္အေရးႀကီးတဲ့ အခ်က္အလက္ေတြရွာေနတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။

အလုပ္ခ်ိန္မွာ replyျပန္လုပ္ဖို႔တြန္းအားေပးျခင္း

တခါတရံသင့္အေနနဲ႔ မက္ေဆ့္ပို႔လိုက္ေပမယ့္ ခ်က္ခ်ငင္းအေၾကာင္းမျပန္တဲ့အခါ သူ႔အေနနဲ႔အလုပ္ရႈပ္ေနတာမ်ိဳးလည္းျဖစ္ ႏိုင္ပါတယ္။အလုပ္ခ်ိန္မွာ အေရးတႀကီးကိစၥကလြဲရင္ ဖုန္းေျပာတာ၊အင္တာနက္ သံုးတာနဲ႔ မက္ေဆ့ခ်္အျပန္အလွန္ပို႔ေနတာေတြက အလုပ္အတြက္ အေႏွာက္အယွက္ျဖစ္ေစပါတယ္။

လ်စ္လ်ဴရႈတဲ့သေဘာေရာက္ေစတဲ့မက္ေဆ့ခ်္

ဥပမာ သင့္ခ်စ္သူက အမွတ္တရပို႔လိုက္တဲ့မက္ေဆ့္ကို “အင္း၊ အိုေက” စသျဖင့္ စိတ္၀င္တစားျပန္ပို႔ျခင္းမရွိ တာကလည္း သင္တို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရး ေအးသြားႏိုင္ပါတယ္။

သဒၵါနည္းမက်တဲ့ မက္ေဆ့ပို႔ျခင္း

မက္ေဆ့ခ်္ပို႔တဲ့အခါ စာရွည္ျခင္း၊ စိတ္၀င္စားမႈမရွိျခင္း စကားလံုးမရွင္းလင္းျခင္းစတဲ့ အခ်က္ေတြကို ေရွာင္ၿပီး စကားလံုးေတြ ေရြးခ်ယ္ရပါတယ္။သင့္အေနနဲ႔ သဒၵါနည္းမွန္တဲ့ မက္ေဆ့ခ်္မေပးပို႔ႏိုင္ရင္ စိတ္ေက်နပ္စရာ မေကာင္းတဲ့ တုန္႔ျပန္မႈမ်ိဳးကိုပဲရႏိုင္ပါတယ္။သတိတရပို႔လိုက္တဲ့မက္ေဆ့ခ်္ေၾကာင့္ ကိုယ့္ခ်စ္သူဆီက လြမ္းဆြတ္တမ္းတမႈေတြနဲ႔ တုန္႔ျပန္တဲ့ replyကိုလက္ခံရရွိဖို႔ ေဖာ္ျပခဲ့တဲ့အခ်က္ေလးေတြမွာ ကိုယ္နဲ႔ျငိေနတဲ့အခ်က္ေတြရွိရင္ အျမန္ဆံုးျပင္ဆင္လိုက္ပါ။

Credit Aunty May

UNICODE

Relationshipတွေအနေနဲ့ အနေဝေးရင် သွေးအေးသွားတယ်လို့ ပြောကြပါတယ်။တချို့ကျတော့လည်း ခိုင်မာတဲ့ ချစ်ခြင်း မေတ္တာနဲ့ သစ္စာတရားတွေကြောင့် ဒီစကားကိုလက်မခံနိုင်ဘူးလို့ပြောကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သေချာတာ တစ်ခုက ကိုယ့်ချစ်သူနဲ့ တစ်သက်တာပေါင်းဖက်ချင်ကြတာချည်းပါပဲ။

ဒါ့အပြင် relationshipတစ်ခု ခိုင်မြဲအောင်ကြိုးစားတည်ဆောက်ရတာကလည်း သိပ်မလွယ်ကူပါဘူး။ ဒီတစ်ခါမျှဝေပေးချင်တဲ့အကြောင်းအရာကတော့ ကံကြမ္မာအခြေအနေကြောင့် ခွဲခွာနေရတဲ့ချစ်သူတွေ ပဲဖြစ်ဖြစ် အနားမှာရှိနေတဲ့ချစ်သူတွေပဲဖြစ်ဖြစ် အပြန်အလှန်မက်ဆေ့်ပို့ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်း ဆိုင်စကားပြောတာမျိုးမဟုတ်တဲ့အတွက် ခံစားချက်အမှန်လားဆိုတာမသိနိုင်ပါဘူး။နားလည်မှုတွေလွဲပြီး ချစ်သူတွေကြားက ဆက်ဆံရေးလေးကို ထိခိုက်သွားစေနိုင်ပါတယ်။ ကိုယ့်ချစ်သူကို ကိုယ့်အနားကနေ တဖြည်းဖြည်းအဝေးကိုရောက် သွားစေတဲ့ မက်ဆေ့်လေးတွေကိုတော့ သတိထားဖို့လိုတာပေါ့။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းခြင်း

မက်ဆေ့်ပို့အခါ သင်တို့နှစ်ယောက်အတွက် အရေးသိပ်မကြီးတဲ့ မက်ဆေ့တွေပို့နေမယ်ဆိုရင် သင့်ကောင်လေးဘက်က အလံနီပြဖို့သေချာနေပါပြီ။ဒါကြောင့် အရေးသိပ်မကြီးတဲ့ ရာသီဥတုအကြောင်း၊သင့်ရဲ့နေ့လည်စာ ဒါမှမဟုတ် ညစာတွေ မှာ ဘာနဲ့စားတယ်ဆိုတာတွေပို့ပြီး အချိန်မဖြုန်းပါနဲ့။သင်တို့ချစ်သူနှစ်ယောက်ကြားမှာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲဆိုတာ ဆွေးနွေးတဲ့ မက်ဆေ့ချ်ပို့ပါ။

စာအရှည်ပို့ခြင်း

စာအရှည်ကြီးတွေပို့တာက ဖတ်ရတဲ့သူအတွက် ပျင်းရိငြီးငွေ့စရာကောင်းပါတယ်။သင့်ဘက်က အဲဒီလိုစာအရှည်ကြီး တွေဆက်တိုက်ပို့နေမယ်ဆိုရင် သင့်ကောင်လေးရဲ့ငြိုငြင်ခြင်းခံရပါလိမ့်မယ်။ဒါကြောင့် သင်တို့နှစ်ယောက်နဲ့သက်ဆိုင်တဲ့ စိတ်ဝင်စားစရာအချက်တွေကို အရင်ချရေးလိုက်ပါ။သင်အနှစ်သက်ဆုံး အချက်ကို မက်ဆေ့ျ်ပို့လိုက်ပါ။

စကားလုံးမရှင်းလင်းတဲ့မက်ဆေ့ချ်

မေးခွန်းကို Yes or Noဖြေတာထက် emojisလေးတွေနဲ့ အရိုးရှင်းဆုံးဖြေမယ်ဆိုရင်တောင် ယောကျ်ားလေးတွေ က ဘယ်လိုပြန်ပြောရမလဲဆိုတာ ဆုံးဖြတ်ချက်ချစဉ်းစားကြပါသေးတယ်။ဒါကြောင့်အရိုးရှင်းဆုံးစကားလုံးတွေပဲ ပို့သင့်ပါတယ်။

စောဒကတက်ခြင်း

အင်တာနက် onlineမှာသင့်ချစ်သူနဲ့ စကားပြောတဲ့အခါ သူ့ဘက်က သင့်စာတွေကိုတွေ့ပေမယ့်လည်း ချက်ချင်းreplyပြန်မလုပ်တာ၊ မလုပ်နိုင်တဲ့အခြေအနေမျိုးမှာ သင့်ဘက်က Complainတက်တဲ့ မက်ဆေ့ချ်မျိုးဆက်တိုက် ပို့မနေသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ်ထင်နေသလို တခြားလူနဲ့ စကားပြောနေတာမျိုးမဟုတ်ဘဲ အလုပ်အတွက်အရေးကြီးတဲ့ အချက်အလက်တွေရှာနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

အလုပ်ချိန်မှာ replyပြန်လုပ်ဖို့တွန်းအားပေးခြင်း

တခါတရံသင့်အနေနဲ့ မက်ဆေ့်ပို့လိုက်ပေမယ့် ချက်ချငင်းအကြောင်းမပြန်တဲ့အခါ သူ့အနေနဲ့အလုပ်ရှုပ်နေတာမျိုးလည်းဖြစ် နိုင်ပါတယ်။အလုပ်ချိန်မှာ အရေးတကြီးကိစ္စကလွဲရင် ဖုန်းပြောတာ၊အင်တာနက် သုံးတာနဲ့ မက်ဆေ့ချ်အပြန်အလှန်ပို့နေတာတွေက အလုပ်အတွက် အနှောက်အယှက်ဖြစ်စေပါတယ်။

လျစ်လျူရှုတဲ့သဘောရောက်စေတဲ့မက်ဆေ့ချ်

ဥပမာ သင့်ချစ်သူက အမှတ်တရပို့လိုက်တဲ့မက်ဆေ့်ကို “အင်း၊ အိုကေ” စသဖြင့် စိတ်ဝင်တစားပြန်ပို့ခြင်းမရှိ တာကလည်း သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေး အေးသွားနိုင်ပါတယ်။

သဒ္ဒါနည်းမကျတဲ့ မက်ဆေ့ပို့ခြင်း

မက်ဆေ့ချ်ပို့တဲ့အခါ စာရှည်ခြင်း၊ စိတ်ဝင်စားမှုမရှိခြင်း စကားလုံးမရှင်းလင်းခြင်းစတဲ့ အချက်တွေကို ရှောင်ပြီး စကားလုံးတွေ ရွေးချယ်ရပါတယ်။သင့်အနေနဲ့ သဒ္ဒါနည်းမှန်တဲ့ မက်ဆေ့ချ်မပေးပို့နိုင်ရင် စိတ်ကျေနပ်စရာ မကောင်းတဲ့ တုန့်ပြန်မှုမျိုးကိုပဲရနိုင်ပါတယ်။သတိတရပို့လိုက်တဲ့မက်ဆေ့ချ်ကြောင့် ကိုယ့်ချစ်သူဆီက လွမ်းဆွတ်တမ်းတမှုတွေနဲ့ တုန့်ပြန်တဲ့ replyကိုလက်ခံရရှိဖို့ ဖော်ပြခဲ့တဲ့အချက်လေးတွေမှာ ကိုယ်နဲ့ငြိနေတဲ့အချက်တွေရှိရင် အမြန်ဆုံးပြင်ဆင်လိုက်ပါ။

Credit Aunty May

Leave a Comment