“အသက္ထက္ပိုခ်စ္တယ္လို႔ ေျပာေျပာေနတဲ့သူေတြကို ညာေျပာေနတဲ့သူေတြလို႔ ဒဲ့ေျပာလိုက္တဲ့ ပန္ကိတ္ဒါဒါ”

ပရိသတ္ႀကီးေရ ပန္ကိတ္ဒါဒါလို႔ ခ်စ္စႏိုးနဲ႔ေခၚေလ့ရွိၾကတဲ့ ယမင္းဦးကေတာ့ ပညာေရးမွာလည္း Masterဘြဲ႕ ကို ရရွိကာၾသစေတ်းလ်ႏိုင္ငံမွာ အေျခခ် ေနထိုင္သူတစ္ေယာက္ပါ။ သူမရဲ႕ဝါသနာအရအလွအပေရးရာဆိုင္ရာေတြကို ေဝမွ်ေလ့ရွိတဲ့အျပင္ ခြန္အားရွိေစတဲ့စာေလးေတြ အေတြးအေခၚေလးေတြကိုလည္း ပရိသတ္ေတြကို ခ်ျပေလ့ရွိသူတစ္ဦးပါ။

သူမရဲ႕အေတြးအေခၚေလးေတြနဲ႔အလွအပေရးရာဆိုင္ရာေတြ ေဝမွ်မႈေၾကာင့္ မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ား သေဘာက်ႏွစ္သက္ရတဲ့ ဆယ္လီတစ္ဦးလို႔ေတာင္ဆိုရမွာပါ။ လက္ရွိမွာလည္း သူမရဲ႕ အေတြးေလးအေနနဲ႔ ” လူတစ္ေယာက္က တျခားလူတစ္ေယာက္ကိုသူတို႔အသက္ထက္ပိုခ်စ္တယ္ဆိုတာညာတာ။(ေျပာေနတဲ့ စကၠန္႔ ၃၀ ေလာက္ေတာ့ ဟုတ္မွာေပါ့ေလ)မဟုတ္လည္း ကိစၥေတာ့ သိပ္မရွိပါဘူး။

ဘာလို႔ဆို ကိုယ္က ဒီမိသားစုဒီခ်စ္သူဒီသူငယ္ခ်င္း ေတြကိုတကယ္ခ်စ္တယ္ဆိုရင္“စိတ္ရင္းေစတနာ အမွန္” ပဲ လိုတယ္ လို႔ျမင္တယ္။အခ်င္းခ်င္းေလးစားမႈရွိတဲ့ ၊ မာန္မာနကင္းတဲ့၊ ရယူလိုမႈနည္းတဲ့ ၊ နားလည္မႈရွိတဲ့ ဘယ္ဆက္ဆံေရးမဆို ထာဝရထက္ တစ္ရက္ေတာ့ပိုမွာပါ။ ဟန္ေဆာင္ထားတဲ့အရာေတြကေတာ့ အခ်ိန္တန္ေပၚလာတာပါပဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုခ်စ္ၿပီး ကိုယ့္ကိုယ္ကိုယ္ မလိမ္ညာပဲ အေကာင္းဆုံးေနထိုင္တာက ကိုယ့္ေဘးနားက ဘယ္သူ႔ကိုမွ မထိခိုက္ေအာင္ကာကြယ္ေပးတာနဲ႔အတူတူပဲမလား။ “ဆိုတဲ့စာေလးကို တင္ကာ သူမအေတြးေလးကို ခ်ျပခဲ့တာပါ။ပရိသတ္ႀကီး​​ေကာ ပန္ကိတ္နဲ႔အေတြးတူရင္ တစ္ခုခုေျပာခဲ့ပါဦးေနာ္။

Source: YaMinOo
Credit CeleConnections

UNICODE

ပရိသတ်ကြီးရေ ပန်ကိတ်ဒါဒါလို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိကြတဲ့ ယမင်းဦးကတော့ ပညာရေးမှာလည်း Masterဘွဲ့ ကို ရရှိကာသြစတျေးလျနိုင်ငံမှာ အခြေချ နေထိုင်သူတစ်ယောက်ပါ။ သူမရဲ့ဝါသနာအရအလှအပရေးရာဆိုင်ရာတွေကို ဝေမျှလေ့ရှိတဲ့အပြင် ခွန်အားရှိစေတဲ့စာလေးတွေ အတွေးအခေါ်လေးတွေကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ဦးပါ။

သူမရဲ့အတွေးအခေါ်လေးတွေနဲ့အလှအပရေးရာဆိုင်ရာတွေ ဝေမျှမှုကြောင့် မိန်းကလေးပရိသတ်တော်တော်များ သဘောကျနှစ်သက်ရတဲ့ ဆယ်လီတစ်ဦးလို့တောင်ဆိုရမှာပါ။ လက်ရှိမှာလည်း သူမရဲ့ အတွေးလေးအနေနဲ့ ” လူတစ်ယောက်က တခြားလူတစ်ယောက်ကိုသူတို့အသက်ထက်ပိုချစ်တယ်ဆိုတာညာတာ။(ပြောနေတဲ့ စက္ကန့် ၃၀ လောက်တော့ ဟုတ်မှာပေါ့လေ)မဟုတ်လည်း ကိစ္စတော့ သိပ်မရှိပါဘူး။

ဘာလို့ဆို ကိုယ်က ဒီမိသားစုဒီချစ်သူဒီသူငယ်ချင်း တွေကိုတကယ်ချစ်တယ်ဆိုရင“စိတ်ရင်းစေတနာ အမှန်” ပဲ လိုတယ် လို့မြင်တယ်။အချင်းချင်းလေးစားမှုရှိတဲ့ ၊ မာန်မာနကင်းတဲ့၊ ရယူလိုမှုနည်းတဲ့ ၊ နားလည်မှုရှိတဲ့ ဘယ်ဆက်ဆံရေးမဆို ထာဝရထက် တစ်ရက်တော့ပိုမှာပါ။ ဟန်ဆောင်ထားတဲ့အရာတွေကတော့ အချိန်တန်ပေါ်လာတာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပဲ အကောင်းဆုံးနေထိုင်တာက ကိုယ့်ဘေးနားက ဘယ်သူ့ကိုမှ မထိခိုက်အောင်ကာကွယ်ပေးတာနဲ့အတူတူပဲမလား။ “ဆိုတဲ့စာလေးကို တင်ကာ သူမအတွေးလေးကို ချပြခဲ့တာပါ။ပရိသတ်ကြီးကော ပန်ကိတ်နဲ့အတွေးတူရင် တစ်ခုခုပြောခဲ့ပါဦးနော်။

Source: YaMinOo
Credit CeleConnections

Leave a Comment