တစ်​​ယောက်​တည်းရုန်းကန်​ရင်းနဲ့ ခွဲခြားဆက်​ဆံခံရမှု​တွေရှိ​ကြောင်းရင်​ဖွင့်​လာတဲ့​အေသင်​ချိုဆွေ




Credit Celepedia

အေသင်ချိုဆွေဆိုတာ တစ်ချိန်က အဆိုတော်ငယ်ငယ်ချောချောကောင်မလေးအဖြစ်နဲ့ ပရိတ်သတ်တွေကြားနာမည်ကြီးခဲ့သူပါ။ တေးရေး၊တေးဆိုတွေအပြင် ဗီဒီယိုဇာတ်ကားတွေမှာမင်းသမီးအဖြစ်တောင်ပါဝင်ခွင့်ရလာပြီး ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားခဲ့သူဘဲဖြစ်ပါတယ်။ နှစ်အနည်းငယ်ကြာအနုပညာလောကနဲ့ဝေးကွာခဲ့ပြီးနောက်မှာsingle motherအဖြစ်နဲ့ ပရိတ်သတ်ရှေ့မှောက်ပြန်ရောက်လာခဲ့ပါတယ်။

အေသင်ကအနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီး သမီးလေး Ivyနဲ့ အတူတူရုန်းကန်နေရတာဖြစ်ပါတယ်။ အေသင်က သူမရဲ့ ပရိတ်သတ်တွေအတွက် နေ့စဉ်လှုပ်ရှားမှုလေးနဲ့ Ivyလေးရဲ့ ချစ်စဖွယ်ပုံလေးတွေကို ဖော်ပြလေ့ရှိပါတယ်။ ဆိုးရွားတဲ့မှတ်ချက်အချို့ကြောင့်လည်း စိတ်အနှောက်အယှက်ဖြစ်ရပြီးအနုပညာလောကမှာလည်း သူမပိုအနည်းငယ်ဖယ်ကျဉ်းတဲ့သူတွေရှိကြောင်းလည်းပြောလာပါတယ်”single momအဖြစ် ဖြတ်သန်းရတာလွယ်တော့မလွယ်ဘူးပေါ့။

တစ်ချို့ပရိတ်သတ်တွေကဆဲဆိုကြတာရှိတယ်၊ ဒီဘက်အနုပညာအသိုင်းအဝိုင်းကလည်း အဲ့လိုပေါ့ အကုန်လုံးကိုတော့မဆိုလိုဘူး ၊တစ်ချို့မျက်နှာသာမပေးတာတွေရှိတယ် ဒါပေမယ့် လူတိုင်းက ဘဝကိုရုန်းကန်နေရတာဘဲ၊ တစ်ချို့ဆိုကိုယ့်ထက်ပိုဆိုးတယ် ကိုယ်ကမှကလေးထိန်းပေးမယ့်လူနဲ့ အလုပ်လည်းမပင်မပန်းလုပ်ရတာတော်သေးတယ် အခုခေတ်ကဘယ်အဖွဲ့အစည်းနဲ့ပေါင်းမှ ဘယ်သူနဲ့မှဆိုပြိးမရှိတော့ဘူး တစ်ယောက်တည်းလည်းဖြစ်တယ်။ အေသင်ရအောင်လုပ်ပြမယ် ကိုယ်ကြိုးစားရင်းတဖြည်းဖြည်းဖြစ်လာလိမ့်မယ်”ဟုဆိုပါတယ်။ အေသင်ကတော့မှန်မှန်ကန်ကန်နဲ့ရိုးရိုးဖြောင့်ဖြောင့်နေတတ်သူပါဘဲနော်။ပရိတ်သတ်တွေလည်း အေသင်နဲ့ Ivyလေးတို့ကိုချစ်စရာပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။

Source Myanmar celebrity
Credit CelepediaUNICODE

Leave a Comment