ဝါသနာရွင္လူငယ္ေလးေတြကို ေျမေတာင္ေျမွာက္ျပီး ထြက္ရိွခဲ့တဲ့ ယုန္ေလး၊ A4 နဲ့ Min-z တို့ရဲ့ “ဝမ္းစာ” သီခ်င္းသစ္

အဆိုေတာ္ ယုန္ေလးကေတာ့ ဂီတေလာကမွာ က်င္လည္ေအာင္ျမင္ခဲ့တာ ဆယ္စုနွစ္တစ္ခုေတာင္ ရိွျပီပဲ ျဖစ္ပါတယ္။ ငယ္ငယ္ကတည္းက ခ်ိဳ့တဲ့စြာ ၾကီးျပင္းလာခဲ့ရတဲ့ ယုန္ေလးက သူေအာင္ျမင္လာတဲ့အခါမွာေတာ့ သူ့လိုပဲ အဆိုဝါသနာပါတဲ့ ရြက္ပုန္းသီးလူငယ္ေလးေတြကို ေျမေတာင္ေျမွာက္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ယုန္ေလး ေျမေတာင္ေျမွာက္ေပးတဲ့ လူငယ္ေလးေတြကို လက္လံအားေပးၾကပါတယ္။

ဒီတစ္ေခါက္မွာလည္း ယုန္ေလးက Rap ဆိုရတာ ဝါသနာပါေပမယ့္ ေငြေၾကးအေျခအေနေၾကာင့္ ခက္ခဲေနၾကတဲ့ A4 နဲ့ Min-z ဆိုတဲ့ လူငယ္ေလးနွစ္ေယာက္နဲ့အတူတူ သီခ်င္းေလးတစ္ပုဒ္ကို အတူတူ ဖန္တီးခဲ့ပါတယ္။ သီခ်င္းေလးနာမည္က “ဝမ္းစာ” လို့ အမည္ရျပီး ဝမ္းေရးအတြက္လႈပ္ရွားသြားလာေနရတဲ့ ဘဝေတြအေၾကာင္းကို ေရးသားထားတာ ျဖစ္ပါတယ္။

သီခ်င္းေလးက အဓိပၸာယ္ရိွျပီး ပရိသတ္ေတြကို စိတ္ခံစားခ်က္တစ္ခုခုကို ရရိွေစမွာ အမွန္ပါပဲ။ ပရိသတ္ၾကီးအတြက္ ယုန္ေလး၊ A4 နဲ့ Min-z တို့ရဲ့ “ဝမ္းစာ”သီခ်င္း MV ေလးကို မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source: V7Entertainment’s fb
Credit – Cele Connections

UNICODE

အဆိုတော် ယုန်လေးကတော့ ဂီတလောကမှာ ကျင်လည်အောင်မြင်ခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ရှိပြီပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ချို့တဲ့စွာ ကြီးပြင်းလာခဲ့ရတဲ့ ယုန်လေးက သူအောင်မြင်လာတဲ့အခါမှာတော့ သူ့လိုပဲ အဆိုဝါသနာပါတဲ့ ရွက်ပုန်းသီးလူငယ်လေးတွေကို မြေတောင်မြှောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ယုန်လေး မြေတောင်မြှောက်ပေးတဲ့ လူငယ်လေးတွေကို လက်လံအားပေးကြပါတယ်။

ဒီတစ်ခေါက်မှာလည်း ယုန်လေးက Rap ဆိုရတာ ဝါသနာပါပေမယ့် ငွေကြေးအခြေအနေကြောင့် ခက်ခဲနေကြတဲ့ A4 နဲ့ Min-z ဆိုတဲ့ လူငယ်လေးနှစ်ယောက်နဲ့အတူတူ သီချင်းလေးတစ်ပုဒ်ကို အတူတူ ဖန်တီးခဲ့ပါတယ်။ သီချင်းလေးနာမည်က “ဝမ်းစာ” လို့ အမည်ရပြီး ဝမ်းရေးအတွက်လှုပ်ရှားသွားလာနေရတဲ့ ဘဝတွေအကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

သီချင်းလေးက အဓိပ္ပာယ်ရှိပြီး ပရိသတ်တွေကို စိတ်ခံစားချက်တစ်ခုခုကို ရရှိစေမှာ အမှန်ပါပဲ။ ပရိသတ်ကြီးအတွက် ယုန်လေး၊ A4 နဲ့ Min-z တို့ရဲ့ “ဝမ်းစာ”သီချင်း MV လေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source: V7Entertainment’s fb
Credit – Cele Connections

Leave a Comment