ရဟန်းအဖြစ်​နဲ့လည်း အ​နှေးယာဉ်​လုပ်​သား​တွေကိုဆန်​အလှူဒါနပြုခဲ့တဲ့ ဘုန်းလျှံ




Credit Celepedia
Source Zshin kumara

UNICODE

တစ်ချိန်က ဗီဒီယို ဇာတ်ကားတွေမှာ ဇာတ်ပို့မင်းသားအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဘုန်းလျှံဟာ လက်ရှိမှာပရဟိတအလုပ်တွေကိုတတ်စွမ်းသလောက်ပြန်လည်လုပ်ကိုင်နေလျက်ရှိပါတယ်။သူ့ခေတ်သူ့အခါက ဗီဒီယို ဇာတ်ကားတွေမျာအတော်လေးအောင်မြင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဘုန်းလျှံဟာမူးယစ်ဆေးမှုနဲ့ အကျဉ်းကျခဲ့ရာ ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့မှာလွတ်မြောက်လာခဲ့ပါတယ်။ဘုန်းလျှံကမနေ့က ကဆုန်လပြည့်နေ့မှာ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်မှာ ဦးဇင်း တေဇောသာရ အဖြစ် (၁၁)ရက်တာ သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး တရားအားထုတ်သွားခဲ့ပါတယ်။

အရှင်တေဇောသာရဘွဲ့ကို ခံယူထားတဲ့ သရုပ်ဆောင် ဘုန်းလျှံက ဒီကနေ့မှာတော့ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်အနီးမှာရှိတဲ့ အနှေးယာဉ်လုပ်သား အယောက် (၄၀) ကို တစ်ဦးလျှင် ဆန် (၄)ပြည်ကျစီ သူငယ်ချင်းတွေနဲ့အတူတူ လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ပရိတ်သတ်တွေအတွက် အရှင်တေဇောသာရရဲ့ အလှူပြုနေပုံလေးကိုပြန်လည်ဖော်ပြလိုက်ပါတယ်။

Credit Celepedia
Source Zshin kumara

Leave a Comment