အျပင္ထြက္ၿပီးအလႉခံေနရၿပီျဖစ္တဲ့ အေမမ်ားအဖြဲ႕ကို စုေပါင္းၿပီးလႉတန္းခဲ့ၾကတဲ့ အႏုပညာရွင္ေတြ

ကိုေပါက္တစ္ေယာက္ သူ႔ရဲ႕ အလႉပုံရိပ္ေလးေတြကို ” ဒီေန႔အလႉ ဟိုတစ္ေလာက ကိုယ့္စက္အဖြဲ႕ကေလးေတြကို အိမ္တိုင္ယာေရာက္ ဒုတိယအႀကိမ္ ဆန္ ဆီ လႉၿပီး အေမမ်ား အဖြဲ႕ထံသြား၍ ဆန္ဆီလႉျဖစ္ခဲ့ပါ တယ္။ အေမႏြဲ႕ႏြဲ႕စန္းေျပာတဲ့ (တစ္ခ်ိဳ႕) အေမေတြဆိုရင္ လက္ထဲမွာ ၅၀၀/၁၀၀၀ ေတာင္မရွိ ၾကဘူး သားေရဆိုေတာ့ ရင္ထဲမွာမေကာင္းျဖစ္ၿပီးျပန္ခဲ့ရ တယ္။ အဲ့ဒီေန႔ညက facebook မွာ တင္လိုက္တဲ့စာေၾကာင့္ စိန္ေဌးကိုဝင္းၾကည္က အရင္ဆုံး ဖုန္းဆက္ၿပီး အက်ိဳးအေၾကာင္း ေမးေတာ့ ေျပာျပလိုက္တယ္။ ဒီလိုပဲ ေနာက္အစ္ကိုလိုခင္တဲ့ ပန္းခ်ီဆရာ ဝဏကိုေလးကလည္း ဖုန္းဆက္ၿပီးေမးတယ္။ ပြဲခင္းထုပ္လုပ္ေရးက ကိုပိုင္က လည္း ကိုေပါက္ သြားလႉရင္သူတို႔လည္း လႉမယ္လို႔ေျပာလာၾကလို႔ ဒီေန႔သြားလႉျဖစ္တာပါ။ ” ဆိုၿပီး ေဝမွ်ခဲ့ပါေသးတယ္။

အိမ္မွာေနရတဲ့ေန႔ရက္ေတြမွာလည္း ဟာသ Tik Tok ေတြကစားၿပီး ပရိသတ္ေတြကိုအပန္းေျပ ေအာင္ လုပ္ေပးခဲ့တဲ့ ဒါ႐ိုက္တာႀကီးဟာ အႏုပညာသမားပီသစြာနဲ႔ ကိုယ့္အႏုပညာရပ္ဝန္းက သက္ႀကီး႐ြယ္အို အေမမ်ားအဖြဲ႕မွာ လိုအပ္တာေတြျမင္ေနရေတာ့ နီးစပ္ရာအသိုင္း အဝိုင္းနဲ႔ စုေပါင္းၿပီး လႉတန္းခဲ့ပါေသးတယ္။ ကိုယ္တိုင္လည္းက်ပ္တည္းေနေပမယ့္ အဆင္မေျပသူကို တတ္ႏိုင္သေလာက္ လႉတန္း တတ္တဲ့စိတ္ထားေလးက ေလးစားစရာပါပဲ။

အားလုံးရဲ႕စုေပါင္းအလႉေလးကို အမ်ားသာဓုေခၚႏိုင္ဖို႔အတြက္ ” ကိုဝင္းၾကည္ႏွင့္ဇနီး (စိန္ေဌးထုပ္လုပ္ေရး) -160000ks ကိုေအာင္မ်ိဳးပိုင္၊ မနဒီေက်ာ္ (ပြဲခင္း ထုပ္လုပ္ေရး)-160000ks ပန္းခ်ီဝဏကိုေလး၊ မၿငိမ္ၿငိမ္ကိုေလး -160000ks ဒါ႐ိုက္တာ ကိုေပါက္၊ မမနီနီ-160000ks စုစုေပါင္း- 640000ks အေမ ၁၆ ေယာက္ရွိပါတယ္။ တစ္ေယာက္ ကို ၄၀၀၀၀ ဆီလႉျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ ဒီေန႔ျပဳခဲ့ေသာ ကုသိုလ္အစုစု အတြက္ သာဓုေခၚႏိုင္ရန္မွ်ေဝလိုက္ပါတယ္။ (အေမႏြဲ႕ႏြဲ႕စန္းတို႔ကေတာ့ အလႉခံထြက္ ေနလို႔ မေတြ႕ခဲ့ရ ဘူး။ ပထမတစ္ေခါက္ကေျပာတယ္၊ ၾကာၾကာေတာင့္ခံဖို႔ခက္တယ္ သားေရတဲ့ အေမတို႔အလႉခံ ထြက္ရမယ္တဲ့။ အခု တကယ္အလႈခံ ထြက္ေနၿပီေပါ့ အေမ။ အေမတို႔ အဆင္ေျပပါေစ) ” ဆိုၿပီး ကုသိုလ္ေဝမွ်ခဲ့ပါေသးတယ္။

Credit Cele Zone
Photo – Myanmar Celebrity

UNICODE

ကိုပေါက်တစ်ယောက် သူ့ရဲ့ အလှူပုံရိပ်လေးတွေကို ” ဒီနေ့အလှူ ဟိုတစ်လောက ကိုယ့်စက်အဖွဲ့ကလေးတွေကို အိမ်တိုင်ယာရောက် ဒုတိယအကြိမ် ဆန် ဆီ လှူပြီး အမေများ အဖွဲ့ထံသွား၍ ဆန်ဆီလှူဖြစ်ခဲ့ပါ တယ်။ အမေနွဲ့နွဲ့စန်းပြောတဲ့ (တစ်ချို့) အမေတွေဆိုရင် လက်ထဲမှာ ၅၀၀/၁၀၀၀ တောင်မရှိ ကြဘူး သားရေဆိုတော့ ရင်ထဲမှာမကောင်းဖြစ်ပြီးပြန်ခဲ့ရ တယ်။ အဲ့ဒီနေ့ညက facebook မှာ တင်လိုက်တဲ့စာကြောင့် စိန်ဌေးကိုဝင်းကြည်က အရင်ဆုံး ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးတော့ ပြောပြလိုက်တယ်။ ဒီလိုပဲ နောက်အစ်ကိုလိုခင်တဲ့ ပန်းချီဆရာ ဝဏကိုလေးကလည်း ဖုန်းဆက်ပြီးမေးတယ်။ ပွဲခင်းထုပ်လုပ်ရေးက ကိုပိုင်က လည်း ကိုပေါက် သွားလှူရင်သူတို့လည်း လှူမယ်လို့ပြောလာကြလို့ ဒီနေ့သွားလှူဖြစ်တာပါ။ ” ဆိုပြီး ဝေမျှခဲ့ပါသေးတယ်။

အိမ်မှာနေရတဲ့နေ့ရက်တွေမှာလည်း ဟာသ Tik Tok တွေကစားပြီး ပရိသတ်တွေကိုအပန်းပြေ အောင် လုပ်ပေးခဲ့တဲ့ ဒါရိုက်တာကြီးဟာ အနုပညာသမားပီသစွာနဲ့ ကိုယ့်အနုပညာရပ်ဝန်းက သက်ကြီးရွယ်အို အမေများအဖွဲ့မှာ လိုအပ်တာတွေမြင်နေရတော့ နီးစပ်ရာအသိုင်း အဝိုင်းနဲ့ စုပေါင်းပြီး လှူတန်းခဲ့ပါသေးတယ်။ ကိုယ်တိုင်လည်းကျပ်တည်းနေပေမယ့် အဆင်မပြေသူကို တတ်နိုင်သလောက် လှူတန်း တတ်တဲ့စိတ်ထားလေးက လေးစားစရာပါပဲ။

အားလုံးရဲ့စုပေါင်းအလှူလေးကို အများသာဓုခေါ်နိုင်ဖို့အတွက် ” ကိုဝင်းကြည်နှင့်ဇနီး (စိန်ဌေးထုပ်လုပ်ရေး) -160000ks ကိုအောင်မျိုးပိုင်၊ မနဒီကျော် (ပွဲခင်း ထုပ်လုပ်ရေး)-160000ks ပန်းချီဝဏကိုလေး၊ မငြိမ်ငြိမ်ကိုလေး -160000ks ဒါရိုက်တာ ကိုပေါက်၊ မမနီနီ-160000ks စုစုပေါင်း- 640000ks အမေ ၁၆ ယောက်ရှိပါတယ်။ တစ်ယောက် ကို ၄၀၀၀၀ ဆီလှူဖြစ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဒီနေ့ပြုခဲ့သော ကုသိုလ်အစုစု အတွက် သာဓုခေါ်နိုင်ရန်မျှဝေလိုက်ပါတယ်။ (အမေနွဲ့နွဲ့စန်းတို့ကတော့ အလှူခံထွက် နေလို့ မတွေ့ခဲ့ရ ဘူး။ ပထမတစ်ခေါက်ကပြောတယ်၊ ကြာကြာတောင့်ခံဖို့ခက်တယ် သားရေတဲ့ အမေတို့အလှူခံ ထွက်ရမယ်တဲ့။ အခု တကယ်အလှုခံ ထွက်နေပြီပေါ့ အမေ။ အမေတို့ အဆင်ပြေပါစေ) ” ဆိုပြီး ကုသိုလ်ဝေမျှခဲ့ပါသေးတယ်။

Credit Cele Zone
Photo – Myanmar Celebrity

Leave a Comment