တရုတ်နိုင်ငံမှလှူဒါန်းသော သိန်း150တန်ဖိုးရှိကျန်းမာရေးသုံးပစ္စည်းများကို အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်မှ ခန့်စည်သူ့ထံပြန်လည်လှူဒါန်း




Credit Themoon
Source:8days TV

UNICODE

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခန့်စည်သူကတော့အနုပညာလောကမှာ ပရိသတ်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့မင်းသားတစ်လက်ပါ။ လတ်တလောဖြစ်ပွားနေတဲ့ Covid-19ရောဂါနဲ့ပတ်သက်ပြီးတော့လည်း ခန့်စည်သူကသူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။ အဆိုပါရောဂါအတွက်မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိပြီး

ပြီးခဲ့တဲ့ကဆုန်လပြည့်နေ့တုန်းကလည်း (ရန်ကုန်မြို့) အလိုတော်ပြည့်ကျောင်းတိုက်သို့ ဆန်အိတ်(၁၀) အိတ်လှူဒါန်းခဲ့ပါတယ်။ဒီနေ့မှာတော့ တရုတ်နိုင်ငံမှအလှူရှင်များက အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်ကုမာရထံသိန်း150ဖိုး ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်းခဲ့ပြီး ဆရာတော်မှ အမှန်လိုအပ်နေတဲ့နေရာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူနှင့်ဘုန်းလျှံတို့ထံ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ပြန်လည်လှူဒါန်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလှူအကြောင်းကိုတော့ နတ်လူသာဓုခေါ်လို့ရအောင်ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်ကုမာရရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်…။

Credit Themoon
Source:8days TV

Leave a Comment