နာမည္ေက်ာ္ လူမိုက္ၾကီး လမ္းမေတာ္ဖိုးတုတ္အေၾကာင္းကို ႐ုပ္ရွင္အျဖစ္ဇာတ္ကားအျဖစ္ ပုံေဖာ္႐ိုက္ကူးမယ့္ ဒါ႐ိုက္တာ ဏႀကီး

ဆရာမႀကီး ၾကည္ေအးရဲ႕ “မီ” ဝတၳဳကို ၿပီးျပည့္စုံေအာင္အသက္သြင္း ပုံေဖာ္ႏိုင္ခဲ့တဲ့ ဒါ႐ိုက္တာ ဏႀကီးဟာ ကံမေကာင္းစြာနဲ႔ပဲ အကယ္ဒမီဆုႀကီးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ ဒါေပမယ့္ ဒါ႐ိုက္တာဏႀကီးရဲ႕ “မီ” ဟာ Asean International Film Festival & Awards – AIFFA 2019 မွာ အေကာင္းဆုံး ဓာတ္ပုံဒါ႐ိုက္တာဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိခဲ့ၿပီး Stae Award ဆုကိုလည္း ရရွိပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ဒီတစ္ေခါက္မွာလည္း ဏႀကီးက လမ္းမေတာ္ဖိုးတုတ္၊ ဂႏၶမာ ေသာင္းရီ၊ ဗိုလ္တစ္ေထာင္ ငမိုး ႏွင့္ စံဘ ” တို႔အေၾကာင္းကို ေရးသားထားတဲ့ The Guys of Rangoon 1930 စာအုပ္ကို တရားဝင္ဝယ္ယူျပီး ရုပ္ရွင္ဇာတ္ကားအျဖစ္ ပိတ္ကာေပၚမွာ ျပသဖို့ ၾကိဳးစားသြားမွာျဖစ္တယ္လို့ သိရပါတယ္။

ဏၾကီးက လက္ရိွမွာေတာ့ စာေရးဆရာ ေမာင္ဝဏၰရဲ့ “ခ်စ္ခင္စေမွာ္ရံု” ဝတၳဳကို ရိုက္ကူးပံုေဖာ္ေနလ်က္ရိွပါတယ္။ “မီ” ရုပ္ရွင္ဇာတ္ကားနဲ့ ေအာင္ျမင္မႈေတြ ရရိွထားတဲ့ ဒါရိုက္တာ ဏၾကီးရဲ့ အနုပညာဖန္တီးမႈအသစ္ေတြကို ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။

Source: SY Film Production’s fb
Credit – Cele Connections

UNICODE

ဆရာမကြီး ကြည်အေးရဲ့ “မီ” ဝတ္ထုကို ပြီးပြည့်စုံအောင်အသက်သွင်း ပုံဖော်နိုင်ခဲ့တဲ့ ဒါရိုက်တာ ဏကြီးဟာ ကံမကောင်းစွာနဲ့ပဲ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါရိုက်တာဏကြီးရဲ့ “မီ” ဟာ Asean International Film Festival & Awards – AIFFA 2019 မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး Stae Award ဆုကိုလည်း ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒီတစ်ခေါက်မှာလည်း ဏကြီးက လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာ သောင်းရီ၊ ဗိုလ်တစ်ထောင် ငမိုး နှင့် စံဘ ” တို့အကြောင်းကို ရေးသားထားတဲ့ The Guys of Rangoon 1930 စာအုပ်ကို တရားဝင်ဝယ်ယူပြီး ရုပ်ရှင်ဇာတ်ကားအဖြစ် ပိတ်ကာပေါ်မှာ ပြသဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဏကြီးက လက်ရှိမှာတော့ စာရေးဆရာ မောင်ဝဏ္ဏရဲ့ “ချစ်ခင်စမှော်ရုံ” ဝတ္ထုကို ရိုက်ကူးပုံဖော်နေလျက်ရှိပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ဒါရိုက်တာ ဏကြီးရဲ့ အနုပညာဖန်တီးမှုအသစ်တွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်။

Source: SY Film Production’s fb
Credit – Cele Connections

Leave a Comment