ကိုယ့္ခံစားခ်က္ေတြနဲ႔ ထပ္တူက်တဲ့ ခ်စ္သူမ်ိဳးကို ပို္င္ဆိုင္ထားၿပီဆုိတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား

အခ်စ္က ႐ိုး႐ွင္းတယ္၊ ဆန္းျပားတယ္၊ အဓိပၸါယ္သတ္မွတ္ရ ခက္သလုိ၊ မွန္းဆရ ခက္တဲ့အရာပါ။ ဘဝမွာ ကိုယ္ေ႐ြးခ်ယ္လုိက္တဲ့ တစ္စံုတစ္ေယာက္ဟာ ကိုယ္ရဲ႕ ခံစားခ်က္နဲ႔ ထပ္တူက်ဖို႔လုိအပ္ၿပီး ကိုယ္နဲ႔ စိတ္သေဘာထားခ်င္း ကိုက္ညီဖုိိ႔လည္း လုိအပ္ပါတယ္။ သင္လက္႐ွိတြဲေနတဲ့ ခ်စ္သူက သင့္ရဲ႕ခံစားခ်က္ေတြနဲ႔ ထပ္တူက်မက်ဆုိိတာကို ဒီအခ်က္ေတြက ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

နားလည္လြယ္တယ္

မတူညီတဲ့ လူႏွစ္ေယာက္ ေပါင္းစပ္ဖုိ႔ရာ မ်ားစြာေသာ မတူညီခ်က္ေတြကို တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ေပးဖို႔ လိုအပ္ပါတယ္။ ဒါမွ အဲဒီ႔ဆက္ဆံေရးဟာ တည္ျမဲမွာျဖစ္ၿပီး အခ်စ္က ၾကာလာရင္ ေသြးေအးသြားႏုိင္ေပမယ့္ နားလည္မႈနဲ႔ တည္ေဆာက္ထားတဲ့ ဆက္ဆံေရးကေတာ့ အျမဲတမ္းေႏြးေထြးေနတတ္ပါတယ္ေနာ္။ ဒီလုိ ကိုုယ့္အေပၚ အရာရာကို နားလည္ေပးႏုိင္ၿပီး ကိုယ္ကလည္း သူ႔ရဲ႕လုိအပ္ခ်က္ေတြကို နားလည္ေပးႏုိင္တဲ့ ဆက္ဆံံေရးမ်ိဳးးကို ပိုင္ဆုိင္ထားရင္ေတာ့ သင္ဟာ ကံေကာင္းသူတစ္ေယာက္ပါေနာ္။

တစ္ေယာက္ရဲ႕ စကားကို တစ္ေယာက္ဂ႐ုစိုက္နားေထာင္ေပးတယ္

အခ်စ္ေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္း တုိင္တုိင္ပင္ပင္႐ွိဖုိ႔ အေရးႀကီးပါတယ္။ ကိုယ္ေျပာခ်င္တဲ့ စကား၊ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို ဂ႐ုတစိုက္နားေထာင္ေပးမယ့္ ခ်စ္သူမ်ိဳးဟာ ခ်စ္သူစံုတြဲတုိင္းဆီမွာ ႐ွိမေနပါဘူး။ ဒီလိုမ်ိဳး တစ္ေယာက္ရဲ႕ စကားကို တစ္ေယာက္ ဂ႐ုစိုက္ နားေထာင္ေပးတဲ့အခါ သူ႔ကိုယ့္ကိုယ္ အေလးထားပါလားဆိုတာကို ျမင္ေတြ႔ႏုိင္ပါတယ္။

ျပသနာေတြကို အတူတူ ေဝမွ်ေျဖ႐ွင္းတတ္တယ္

တစ္စံုတစ္ေယာက္ကို ခ်စ္မိတဲ့အခါ အဲဒီ႔လူ ေပ်ာ္႐ႊင္ေနတာကိုပဲ ေတြ႔ျမင္ခ်င္တတ္ၾကပါတယ္တဲ့။ အခ်စ္မွာ တစ္ကိုယ္ေကာင္းဆန္မႈေတြ၊ အႏုိင္လုိစိတ္ေတြ ႐ွိမေနပါဘူး။ ဒါေၾကာင့္ ျပသနာတစ္ခုခုျဖစ္လာခဲ့ရင္လည္း အတူတူေဝမွ်ေျဖ႐ွင္းေပးတတ္တာက အခ်စ္ရဲ႕ သေကၤတပါပဲ။ ကို္ယ့္ခ်စ္သူ စိတ္ညစ္ေနရင္ ကိုယ္လည္း မေပ်ာ္႐ႊင္ႏုိင္သလို ကိုယ့္ခ်စ္သူ ဝမ္းသာေနရင္ ကိုယ္လည္း လုိက္ေပ်ာ္တတ္တာက အခ်စ္ပါ။

မေဝဖန္တတ္ဘူး
ကိုယ္ခ်စ္လုိ႔ ေ႐ြးခ်ယ္လုိက္ၿပီးတဲ့ သူတစ္ေယာက္ဟာ ဘာႀကီးပဲျဖစ္္ေနျဖစ္ေန အခ်စ္က မေျပာင္းလဲႏုိင္ပါဘူး။ ဒီလုိမွ မဟုတ္ပဲ သူ႔ရဲ႕ လုိအပ္ခ်က္ေတြ၊ ခ်ိဳ႕ယြင္းခ်က္ေတြကို အျပစ္ျမင္ေနခဲ့တာ၊ ေဝဖန္တာေတြ ျပဳလုပ္ေနခဲ့မယ္ဆုိရင္ ဒါက အခ်စ္မစစ္ႏုိင္ေတာ့ပါဘူး။ တစ္ခါတစ္ေလမွာ လူေတြက အခ်စ္လို႔ေခါင္းစဥ္တပ္ၿပီး ကိုယ္လိုခ်င္တဲ့ ပံုစံကိုရေအာင္ ပံုသြင္းခ်င္ၾကပါတယ္။ တစ္ေယာက္ရဲ႕ လုိအပ္ခ်က္ေတြကို တစ္ေယာက္က နားလည္ေပးၿပီး တစ္ေယာက္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ကို တစ္ေယာက္က လုိက္ျဖည့္ေပးျခင္းကသာ ထပ္တူက်တဲ့ ခ်စ္္ျခင္းမ်ိဳး ျဖစ္ပါတယ္။

Credit Aunty May

UNICODE

အချစ်က ရိုးရှင်းတယ်၊ ဆန်းပြားတယ်၊ အဓိပ္ပါယ်သတ်မှတ်ရ ခက်သလို၊ မှန်းဆရ ခက်တဲ့အရာပါ။ ဘဝမှာ ကိုယ်ရွေးချယ်လိုက်တဲ့ တစ်စုံတစ်ယောက်ဟာ ကိုယ်ရဲ့ ခံစားချက်နဲ့ ထပ်တူကျဖို့လိုအပ်ပြီး ကိုယ်နဲ့ စိတ်သဘောထားချင်း ကိုက်ညီဖို့လည်း လိုအပ်ပါတယ်။ သင်လက်ရှိတွဲနေတဲ့ ချစ်သူက သင့်ရဲ့ခံစားချက်တွေနဲ့ ထပ်တူကျမကျဆိုတာကို ဒီအချက်တွေက ဖော်ပြပေးမှာ ဖြစ်ပါတယ်။

နားလည်လွယ်တယ်

မတူညီတဲ့ လူနှစ်ယောက် ပေါင်းစပ်ဖို့ရာ များစွာသော မတူညီချက်တွေကို တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ အဲဒီ့ဆက်ဆံရေးဟာ တည်မြဲမှာဖြစ်ပြီး အချစ်က ကြာလာရင် သွေးအေးသွားနိုင်ပေမယ့် နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကတော့ အမြဲတမ်းနွေးထွေးနေတတ်ပါတယ်နော်။ ဒီလို ကိုယ့်အပေါ် အရာရာကို နားလည်ပေးနိုင်ပြီး ကိုယ်ကလည်း သူ့ရဲ့လိုအပ်ချက်တွေကို နားလည်ပေးနိုင်တဲ့ ဆက်ဆံံရေးမျိုးးကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ကံကောင်းသူတစ်ယောက်ပါနော်။

တစ်ယောက်ရဲ့ စကားကို တစ်ယောက်ဂရုစိုက်နားထောင်ပေးတယ်

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင်ရှိဖို့ အရေးကြီးပါတယ်။ ကိုယ်ပြောချင်တဲ့ စကား၊ ကိုယ့်ရဲ့ခံစားချက်တွေကို ဂရုတစိုက်နားထောင်ပေးမယ့် ချစ်သူမျိုးဟာ ချစ်သူစုံတွဲတိုင်းဆီမှာ ရှိမနေပါဘူး။ ဒီလိုမျိုး တစ်ယောက်ရဲ့ စကားကို တစ်ယောက် ဂရုစိုက် နားထောင်ပေးတဲ့အခါ သူ့ကိုယ့်ကိုယ် အလေးထားပါလားဆိုတာကို မြင်တွေ့နိုင်ပါတယ်။

ပြသနာတွေကို အတူတူ ဝေမျှဖြေရှင်းတတ်တယ်

တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ အဲဒီ့လူ ပျော်ရွှင်နေတာကိုပဲ တွေ့မြင်ချင်တတ်ကြပါတယ်တဲ့။ အချစ်မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အနိုင်လိုစိတ်တွေ ရှိမနေပါဘူး။ ဒါကြောင့် ပြသနာတစ်ခုခုဖြစ်လာခဲ့ရင်လည်း အတူတူဝေမျှဖြေရှင်းပေးတတ်တာက အချစ်ရဲ့ သင်္ကေတပါပဲ။ ကိုယ့်ချစ်သူ စိတ်ညစ်နေရင် ကိုယ်လည်း မပျော်ရွှင်နိုင်သလို ကိုယ့်ချစ်သူ ဝမ်းသာနေရင် ကိုယ်လည်း လိုက်ပျော်တတ်တာက အချစ်ပါ။

မဝေဖန်တတ်ဘူး
ကိုယ်ချစ်လို့ ရွေးချယ်လိုက်ပြီးတဲ့ သူတစ်ယောက်ဟာ ဘာကြီးပဲဖြစ်နေဖြစ်နေ အချစ်က မပြောင်းလဲနိုင်ပါဘူး။ ဒီလိုမှ မဟုတ်ပဲ သူ့ရဲ့ လိုအပ်ချက်တွေ၊ ချို့ယွင်းချက်တွေကို အပြစ်မြင်နေခဲ့တာ၊ ဝေဖန်တာတွေ ပြုလုပ်နေခဲ့မယ်ဆိုရင် ဒါက အချစ်မစစ်နိုင်တော့ပါဘူး။ တစ်ခါတစ်လေမှာ လူတွေက အချစ်လို့ခေါင်းစဉ်တပ်ပြီး ကိုယ်လိုချင်တဲ့ ပုံစံကိုရအောင် ပုံသွင်းချင်ကြပါတယ်။ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက်က နားလည်ပေးပြီး တစ်ယောက်ရဲ့ ချို့ယွင်းချက်ကို တစ်ယောက်က လိုက်ဖြည့်ပေးခြင်းကသာ ထပ်တူကျတဲ့ ချစ်ခြင်းမျိုး ဖြစ်ပါတယ်။

Credit Aunty May

Leave a Comment