တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္ဘတ္ခ်င္းနီးသူေတြသာ နားလည္ႏိုင္တဲ့ အရာမ်ား

ဘယ္သူက လူေကာင္းလဲဆိုတာကို ခြဲျခားမသိႏိုင္တဲ့ ေလာကႀကီးွမွာ ရင္ဘတ္ခ်င္းနီးတဲ့သူတစ္ေယာက္ ရထားတယ္ဆိုရင္ သင္က အေတာ္ ကံေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္္ေယာက္နဲ႔ ရင္းႏွီးသြားဖို႔ဆိုတာေတာင္ မလြယ္ကူပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ အေပၚယံ ရင္းႏွီးၿပီး ဆက္ဆံေနၾကရတဲ့ ေခတ္မွာ ရင္ဘတ္္ခ်င္းနီးသူေတြပဲ ဒါေတြကို နားလည္တတ္ၾကပါတယ္။

(၁) အားမငယ္ဘူး

လူ႔ဘဝမွာ ႀကံဳရဆံုရတဲ့ အရာေတြ ရွိပါတယ္။ ေပ်ာ္ရတာေတြ ရွိသလို ဝမ္းနည္းရတာေတြ အခက္အခဲေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဳး အေျခအေန ျဖစ္တဲ့အခါတိုင္းမွာ သူ႔ကို ေျပာျပခ်င္သလို စိတ္ထဲမွာ သင္က တစ္ေယာက္တည္းလို႔ မခံစားရတတ္္ပါဘူး။ သင့္ရဲ႕ အခက္အခဲမွာ သူ႔ရဲ႕ အခက္အခဲ ျဖစ္ၿပီး သင့္ရဲ႕ ေပ်ာ္ရႊင္မႈကလည္း သူ႔ရဲ႕ ေပ်ာ္ရႊင္မႈ ျဖစ္ေနတတ္္ပါတယ္။ ဒါက တစ္ေယာက္ကို တစ္ေယာက္ လံုးဝကို ရင္ဘတ္ခ်င္းနီးတဲ့အထိ ရင္းႏွီးသူေတြမွာသာ ရွိတတ္တာပါ။

(၂) သူက ကိုယ့္လိုပဲ

သင္နဲ႔သူက သိပ္ၿပီး ကြဲကြဲျပားျပား ေျပာစရာ မလိုပါဘူး။ သူ႔ အႀကိဳက္ေတြ ေျပာဆိုတတ္ပံုေတြ သင္ သိသလို သင္ ဘာလုပ္တတ္တယ္ဆိုတာကိုလည္း သူက သိပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ သိတဲ့အခ်က္ေတြက မ်ားေနေတာ့ သူ႔ကိစၥေတြကို ကိုယ္လုပ္ေပးလို႔ ရသလို ကိုယ့္ကိစၥေတြကို သူ႔႔ကို လုပ္ေပးလို႔ ရတဲ့ အခ်က္ေတြ ရွိေနပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ မသိတာ ရွိရင္ေတာင္ သူ႔အေၾကာင္း ကိုယ့္အေၾကာင္း ေသခ်ာ မသိဘူးလို႔ေတာင္ မခံစားတတ္ၾကရတတ္ပါဘူး။

(၃) ကိုယ္လိုတာကို သိတယ္္

တစ္ေယာက္ အႀကိဳက္ကို တစ္ေယာက္ သိၾကလို႔ သူ ဘာေတြ လိုခ်င္တတ္္တယ္ လိုအပ္တတ္တယ္ဆိုတာကိုလည္း သိၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ လိုခ်င္တာ လိုအပ္တာေတြကို အျပန္အလွန္ေပးတတ္ၾကသလို တစ္ခါတေလမွာ ပစၥည္းေတြ ညႊန္းဆိုတာမ်ိဳးလည္း လုပ္တတ္ၾကပါေသးတယ္။ သူ ရွာတဲ့ ပစၥည္းကိုု ကိုယ္ပါ ကူရွာေပးတာမ်ိဳးကလည္း ဒီလုိလူအခ်င္းခ်င္းမွာပဲ ရွိတတ္တာပါ။

(၄) စကားအမ်ားႀကီး ေျပာစရာ မလုိဘူး

တစ္ေယာက္နဲ႔ တစ္ေယာက္ အျမဲလိုလို တတြတ္တြတ္္ စကားေျပာမေနတတ္ၾကပါဘူး။ သူလည္း သူလုပ္စရာ ရွိတာ လုပ္ရင္း ေန႔စဥ္ လည္ပတ္ေနသလို ကိုယ္လည္း အဲ့လိုပါပဲ။ ဒါေပမယ့္လည္း စကားေျပာတဲ့အခါ ရွည္ရွည္ေဝးေဝးေတြ ရွင္းျပစရာ မလုိအပ္ပါဘူး။ တစ္ေယာက္က စကား စရင္ ဘာကို ေျပာခ်င္တယ္ဆိုတာကို အျပန္အလွန္ သိၾကပါတယ္။ ဒါက ရင္းႏွီးတဲ့သူေတြမွာပဲ ရွိတဲ့ အခ်က္ ျဖစ္ပါတယ္။

(၅) သူစိမ္းေတြလို မခံစားရဘူး

တစ္ေယာက္နဲ႔ တစ္္ေယာက္ အေၾကာင္းေၾကာင္းေၾကာင့္ မေတြ႔ျဖစ္တာ ၾကာလည္း ခင္မင္မႈက ပ်က္မသြားပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေတြ မေျပာျဖစ္တာ ၾကာသြားရင္ေတာင္ စိမ္းသြားၿပီလို႔ မခံစားရတာ လူရင္းေတြမို႔ ျဖစ္ပါတယ္။ရင္ဘတ္ခ်င္းနီးတဲ့သူေတြကေတာ့ ဘယ္အခ်ိန္ပဲ ျပန္ေတြ႔ပါေစ သူစိမ္းေတြလို ျဖစ္မေနပဲ ရင္းႏွီးေနၾကဆဲပဲ ျဖစ္ပါတယ္။

Credit Aunty may

UNICODE

ဘယ်သူက လူကောင်းလဲဆိုတာကို ခွဲခြားမသိနိုင်တဲ့ လောကကြီးှမှာ ရင်ဘတ်ချင်းနီးတဲ့သူတစ်ယောက် ရထားတယ်ဆိုရင် သင်က အတော် ကံကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ ရင်းနှီးသွားဖို့ဆိုတာတောင် မလွယ်ကူပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပေါ်ယံ ရင်းနှီးပြီး ဆက်ဆံနေကြရတဲ့ ခေတ်မှာ ရင်ဘတ်ချင်းနီးသူတွေပဲ ဒါတွေကို နားလည်တတ်ကြပါတယ်။

(၁) အားမငယ်ဘူး

လူ့ဘဝမှာ ကြုံရဆုံရတဲ့ အရာတွေ ရှိပါတယ်။ ပျော်ရတာတွေ ရှိသလို ဝမ်းနည်းရတာတွေ အခက်အခဲတွေလည်း ရှိပါတယ်။ ဒီလိုမျိုး အခြေအနေ ဖြစ်တဲ့အခါတိုင်းမှာ သူ့ကို ပြောပြချင်သလို စိတ်ထဲမှာ သင်က တစ်ယောက်တည်းလို့ မခံစားရတတ်ပါဘူး။ သင့်ရဲ့ အခက်အခဲမှာ သူ့ရဲ့ အခက်အခဲ ဖြစ်ပြီး သင့်ရဲ့ ပျော်ရွှင်မှုကလည်း သူ့ရဲ့ ပျော်ရွှင်မှု ဖြစ်နေတတ်ပါတယ်။ ဒါက တစ်ယောက်ကို တစ်ယောက် လုံးဝကို ရင်ဘတ်ချင်းနီးတဲ့အထိ ရင်းနှီးသူတွေမှာသာ ရှိတတ်တာပါ။

(၂) သူက ကိုယ့်လိုပဲ

သင်နဲ့သူက သိပ်ပြီး ကွဲကွဲပြားပြား ပြောစရာ မလိုပါဘူး။ သူ့ အကြိုက်တွေ ပြောဆိုတတ်ပုံတွေ သင် သိသလို သင် ဘာလုပ်တတ်တယ်ဆိုတာကိုလည်း သူက သိပါတယ်။ တစ်ယောက်ကို တစ်ယောက် သိတဲ့အချက်တွေက များနေတော့ သူ့ကိစ္စတွေကို ကိုယ်လုပ်ပေးလို့ ရသလို ကိုယ့်ကိစ္စတွေကို သူ့ကို လုပ်ပေးလို့ ရတဲ့ အချက်တွေ ရှိနေပါတယ်။ တစ်ယောက်ကို တစ်ယောက် မသိတာ ရှိရင်တောင် သူ့အကြောင်း ကိုယ့်အကြောင်း သေချာ မသိဘူးလို့တောင် မခံစားတတ်ကြရတတ်ပါဘူး။

(၃) ကိုယ်လိုတာကို သိတယ်

တစ်ယောက် အကြိုက်ကို တစ်ယောက် သိကြလို့ သူ ဘာတွေ လိုချင်တတ်တယ် လိုအပ်တတ်တယ်ဆိုတာကိုလည်း သိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လိုချင်တာ လိုအပ်တာတွေကို အပြန်အလှန်ပေးတတ်ကြသလို တစ်ခါတလေမှာ ပစ္စည်းတွေ ညွှန်းဆိုတာမျိုးလည်း လုပ်တတ်ကြပါသေးတယ်။ သူ ရှာတဲ့ ပစ္စည်းကို ကိုယ်ပါ ကူရှာပေးတာမျိုးကလည်း ဒီလိုလူအချင်းချင်းမှာပဲ ရှိတတ်တာပါ။

(၄) စကားအများကြီး ပြောစရာ မလိုဘူး

တစ်ယောက်နဲ့ တစ်ယောက် အမြဲလိုလို တတွတ်တွတ် စကားပြောမနေတတ်ကြပါဘူး။ သူလည်း သူလုပ်စရာ ရှိတာ လုပ်ရင်း နေ့စဉ် လည်ပတ်နေသလို ကိုယ်လည်း အဲ့လိုပါပဲ။ ဒါပေမယ့်လည်း စကားပြောတဲ့အခါ ရှည်ရှည်ဝေးဝေးတွေ ရှင်းပြစရာ မလိုအပ်ပါဘူး။ တစ်ယောက်က စကား စရင် ဘာကို ပြောချင်တယ်ဆိုတာကို အပြန်အလှန် သိကြပါတယ်။ ဒါက ရင်းနှီးတဲ့သူတွေမှာပဲ ရှိတဲ့ အချက် ဖြစ်ပါတယ်။

(၅) သူစိမ်းတွေလို မခံစားရဘူး

တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကြောင်းကြောင့် မတွေ့ဖြစ်တာ ကြာလည်း ခင်မင်မှုက ပျက်မသွားပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားတွေ မပြောဖြစ်တာ ကြာသွားရင်တောင် စိမ်းသွားပြီလို့ မခံစားရတာ လူရင်းတွေမို့ ဖြစ်ပါတယ်။ရင်ဘတ်ချင်းနီးတဲ့သူတွေကတော့ ဘယ်အချိန်ပဲ ပြန်တွေ့ပါစေ သူစိမ်းတွေလို ဖြစ်မနေပဲ ရင်းနှီးနေကြဆဲပဲ ဖြစ်ပါတယ်။

Credit Aunty may

Leave a Comment