FA ဆိုတာ ဒီလိုအခ်က္ေတြနဲ႔ ကိုက္ညီေနတဲ့ သူေတြပါ

အခုေခတ္မွာ မၾကာခဏ တစ္ေယာက္ကို တစ္္ေယာက္ FA ဆိုၿပီး ေခၚၾကတာ စၾက ေနာက္ၾကတာမ်ိဳး ျပဳလုပ္ၾကပါတယ္။ FA ရဲ႕ အရွည္က Forever Alone ကို ေျပာတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး FA ဆိုၿပီး ႏွိမ္ၾကတာ စၾကတဲ့အခါ ရည္းစား မရွိတဲ့သူေတြကို ရည္းစား ရွိတဲ့သူေတြက အဓိက ေျပာဆိုတတ္ၾကပါတယ္။ တကယ္ေတာ့ FA ဆိုတဲ့ အရာက ရည္းစား မရွိရံုကို ေျပာတာ မဟုတ္ပဲနဲ႔ ဒီလို အခ်က္ေတြနဲ႔ ရွိတဲ့သူေတြကို ေျပာတာ ျဖစ္ပါတယ္။

(၁) ရည္းစား မထားသူ

ရည္းစား မထားရဘူးလို႔ မိဘေတြက ငယ္စဥ္က သတ္မွတ္သလိုပါပဲ။ သူတို႔က ရည္းစားကို မထားၾကတာပါ။ ရည္းစား ျဖစ္ဖို႔ ႀကိဳးစားတာေတြလည္း မလုပ္ၾကပါဘူး။ ရည္းစားျဖစ္ခ်င္လို႔ ခ်ဥ္းကပ္လာသူေတြကိုလည္း ျငင္းပစ္တတ္ၾကပါတယ္။ တကယ္က သူတို႔က ရည္းစား မထားခ်င္ၾကတာ ျဖစ္ပါတယ္။

(၂) အခ်စ္ေရးထက္ အေရးႀကီးတာေတြကို ျပဳလုပ္ေနသူ

အခ်စ္ေရးအတြက္ လုပ္ရမွာ ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္း စကားေတြက ဘယ္အခ်ိန္ခ်ုိန္ လုပ္လုပ္ လုပ္လို႔ ရတယ္။ ဘဝအတြက္ အိပ္မက္ေတြကေတာ့ ေနာက္က်လို႔ မျဖစ္ဘူးဆိုၿပီး ခံယူထားတ့ဲသူေတြပါ။ သူတို႔ကေတာ့ ခ်စ္တာေတြ ရည္းစားထားတာေတြ ျပဳလုပ္ရင္ အိပ္မက္အတြက္ ႀကိဳးစားတာေတြကို လာထိခိုက္မွာစိုးလို႔ ဒီလို အခ်စ္ေရး ကိစၥေတြကို ေမ့ထားသူေတြ ျဖစ္ပါတယ္။

(၃) တစ္ကိုယ္တည္း ေပ်ာ္ရႊင္ေနတတ္သူ

သူတို႔ကေတာ့ ခ်စ္သူ ရည္းစားဆိုတာကို မႀကိဳက္ႏွစ္သက္ၾကသူေတြပါ။ အတြဲေတြ ျမင္ရံုနဲ႔လည္း စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတြလို႔ ျမင္ၿပီး တစ္ကိုယ္တည္းေနတာကမွ ပိုၿပီး လြတ္လြတ္္လပ္လပ္ ရွိတယ္လို႔ လက္ခံၾကတာပါ။ ေဘးက သူငယ္ခ်င္း မွန္သမွ်ကိုလည္း Single ဘဝက ဘယ္ေလာက္ေကာင္းေၾကာင္းလည္း ခ်ီးမြမ္းခန္း ဖြင့္တတ္္ၾကပါေသးတယ္။

(၄) ရည္းစား မရွိတာ ႏွစ္ၾကာေနသူ

သူတို႔ကေတာ့ ရည္းစား မထားတာေတာ့ မဟုတ္္ပါဘူး။ မထားျဖစ္တာေရာ မထားခ်င္တာေရာ အခြင့္မတိုက္ဆိုင္တာေရာ တဖက္သတ္ ခ်စ္ရတာေရာ အေၾကာင္းေတြ မ်ိဳးစံုနဲ႔ ရည္းစား မရွိေတာ့တာ သံုးႏွစ္နဲ႔ အထက္ ရွိေနတဲ့သူေတြပဲ ျဖစ္ပါတယ္္။ တကယ့္ FA စစ္စစ္ဆိုတာ သူတို႔ပါပဲေနာ္။

(၅) ရည္းစား မရသူ

သူတို႔ေတြကေတာ့ ရည္းစား မရႏိုင္ေသးတဲ့သူေတြပါ။ သူတို႔က ခ်စ္တဲ့သူက သူတို႔ကို မႀကိဳက္ၾကသလို သူတို႔ကို ႀကိဳက္တဲ့သူေတြကိုလည္း သူတို႔က မႀကိဳက္ၾကတဲ့သူေတြပါ။ ဒီလိုနဲ႔ ရည္းစား မထားတာ မဟုတ္ပဲနဲ႔ကို ရည္းစား မရႏိုင္ေသးတာကလည္း သူတို႔အတြက္ စိတ္မေကာင္းစရာလိုလိုနဲ႔ FA ျဖစ္ေနျခင္းပဲ ျဖစ္ပါတယ္။

(၆) အခ်စ္ကို ေတြ႔ဖို႔ ေစာင့္ေနတဲ့သူ

သူတို႔ေတြကေတာ့ ရည္းစားေတြလည္း ထားဖူးသလို အသဲလည္း ကြဲဖူးၾကပါတယ္္။ ဒီလိုေတြကို မၾကာခဏလည္း ၾကံဳတတ္ၾကပါတယ္။ ရည္းစားျဖစ္္လိုက္ ျပတ္သြားလိုက္နဲ႔ အခ်စ္စစ္ကို ငါ မေတြ႔ဘူးလို႔ လက္ခံလိုက္ၾကၿပီး ခ်စ္တဲ့သူဆိုတာ ေပၚကို ေပၚလာမွာပါ ဆိုတဲ့ စိတ္နဲ႔ အခ်စ္စစ္ကို ေစာင့္ေနၾကတဲ့သူေတြလည္း ရွိပါတယ္။ သူတို႔ကလည္း FA ပါပဲ။သင္ေရာ ဘယ္ႏွစ္ခ်က္ေလာက္ ကိုက္ညီသြားၿပီလဲ။

Credit Aunty May

UNICODE

အခုခေတ်မှာ မကြာခဏ တစ်ယောက်ကို တစ်ယောက် FA ဆိုပြီး ခေါ်ကြတာ စကြ နောက်ကြတာမျိုး ပြုလုပ်ကြပါတယ်။ FA ရဲ့ အရှည်က Forever Alone ကို ပြောတာ ဖြစ်ပါတယ်။ ဒီလိုမျိုး FA ဆိုပြီး နှိမ်ကြတာ စကြတဲ့အခါ ရည်းစား မရှိတဲ့သူတွေကို ရည်းစား ရှိတဲ့သူတွေက အဓိက ပြောဆိုတတ်ကြပါတယ်။ တကယ်တော့ FA ဆိုတဲ့ အရာက ရည်းစား မရှိရုံကို ပြောတာ မဟုတ်ပဲနဲ့ ဒီလို အချက်တွေနဲ့ ရှိတဲ့သူတွေကို ပြောတာ ဖြစ်ပါတယ်။

(၁) ရည်းစား မထားသူ

ရည်းစား မထားရဘူးလို့ မိဘတွေက ငယ်စဉ်က သတ်မှတ်သလိုပါပဲ။ သူတို့က ရည်းစားကို မထားကြတာပါ။ ရည်းစား ဖြစ်ဖို့ ကြိုးစားတာတွေလည်း မလုပ်ကြပါဘူး။ ရည်းစားဖြစ်ချင်လို့ ချဉ်းကပ်လာသူတွေကိုလည်း ငြင်းပစ်တတ်ကြပါတယ်။ တကယ်က သူတို့က ရည်းစား မထားချင်ကြတာ ဖြစ်ပါတယ်။

(၂) အချစ်ရေးထက် အရေးကြီးတာတွေကို ပြုလုပ်နေသူ

အချစ်ရေးအတွက် လုပ်ရမှာ ချစ်ကြောင်း ကြိုက်ကြောင်း စကားတွေက ဘယ်အချိန်ချိုန် လုပ်လုပ် လုပ်လို့ ရတယ်။ ဘဝအတွက် အိပ်မက်တွေကတော့ နောက်ကျလို့ မဖြစ်ဘူးဆိုပြီး ခံယူထားတဲ့သူတွေပါ။ သူတို့ကတော့ ချစ်တာတွေ ရည်းစားထားတာတွေ ပြုလုပ်ရင် အိပ်မက်အတွက် ကြိုးစားတာတွေကို လာထိခိုက်မှာစိုးလို့ ဒီလို အချစ်ရေး ကိစ္စတွေကို မေ့ထားသူတွေ ဖြစ်ပါတယ်။

(၃) တစ်ကိုယ်တည်း ပျော်ရွှင်နေတတ်သူ

သူတို့ကတော့ ချစ်သူ ရည်းစားဆိုတာကို မကြိုက်နှစ်သက်ကြသူတွေပါ။ အတွဲတွေ မြင်ရုံနဲ့လည်း စိတ်အနှောင့်အယှက် ဖြစ်စရာတွေလို့ မြင်ပြီး တစ်ကိုယ်တည်းနေတာကမှ ပိုပြီး လွတ်လွတ်လပ်လပ် ရှိတယ်လို့ လက်ခံကြတာပါ။ ဘေးက သူငယ်ချင်း မှန်သမျှကိုလည်း Single ဘဝက ဘယ်လောက်ကောင်းကြောင်းလည်း ချီးမွမ်းခန်း ဖွင့်တတ်ကြပါသေးတယ်။

(၄) ရည်းစား မရှိတာ နှစ်ကြာနေသူ

သူတို့ကတော့ ရည်းစား မထားတာတော့ မဟုတ်ပါဘူး။ မထားဖြစ်တာရော မထားချင်တာရော အခွင့်မတိုက်ဆိုင်တာရော တဖက်သတ် ချစ်ရတာရော အကြောင်းတွေ မျိုးစုံနဲ့ ရည်းစား မရှိတော့တာ သုံးနှစ်နဲ့ အထက် ရှိနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ တကယ့် FA စစ်စစ်ဆိုတာ သူတို့ပါပဲနော်။

(၅) ရည်းစား မရသူ

သူတို့တွေကတော့ ရည်းစား မရနိုင်သေးတဲ့သူတွေပါ။ သူတို့က ချစ်တဲ့သူက သူတို့ကို မကြိုက်ကြသလို သူတို့ကို ကြိုက်တဲ့သူတွေကိုလည်း သူတို့က မကြိုက်ကြတဲ့သူတွေပါ။ ဒီလိုနဲ့ ရည်းစား မထားတာ မဟုတ်ပဲနဲ့ကို ရည်းစား မရနိုင်သေးတာကလည်း သူတို့အတွက် စိတ်မကောင်းစရာလိုလိုနဲ့ FA ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။

(၆) အချစ်ကို တွေ့ဖို့ စောင့်နေတဲ့သူ

သူတို့တွေကတော့ ရည်းစားတွေလည်း ထားဖူးသလို အသဲလည်း ကွဲဖူးကြပါတယ်။ ဒီလိုတွေကို မကြာခဏလည်း ကြုံတတ်ကြပါတယ်။ ရည်းစားဖြစ်လိုက် ပြတ်သွားလိုက်နဲ့ အချစ်စစ်ကို ငါ မတွေ့ဘူးလို့ လက်ခံလိုက်ကြပြီး ချစ်တဲ့သူဆိုတာ ပေါ်ကို ပေါ်လာမှာပါ ဆိုတဲ့ စိတ်နဲ့ အချစ်စစ်ကို စောင့်နေကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကလည်း FA ပါပဲ။သင်ရော ဘယ်နှစ်ချက်လောက် ကိုက်ညီသွားပြီလဲ။

Credit Aunty May

Leave a Comment