မႏူးည့ံတဲ့ မိန္းကေလးေတြမွာ ျမင္ေတြ႔ရမယ့္ ခ်စ္စဖြယ္ အက်င့္ေလးမ်ား

မိန္းကေလးဆိုတဲ့ ျဖစ္တည္မႈက တစ္ေယာက္နဲ႔ တစ္ေယာက္ တူၾကတာေတာ့ မဟုတ္ပါဘူး။ မိန္းကေလးေတြမွာ ပံုစံအမ်ိဳးမ်ိဳး ရွိပါတယ္။ အလွအပကိုပဲ ဦးစားေပးတဲ့ အမ်ိဳးသမီးေတြ ရွိသလို ပညာကို ဦးစားေပးတဲ့ အမ်ိဳးသမီးေတြလည္း ရွိပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဘာလို အျပဳအမူပဲျဖစ္ေစ ႏူးႏူးည့ံညံ့ ျပဳမူေျပာဆိုတတ္္သူေတြ ရွိသလို မႏူးညံံ့တဲ့ မိန္းကေလးေတြလည္း ရွိလို႔ ေနပါတယ္။ မႏူးညံ့တဲ့ မိန္းကေလးေတြကို ျပစ္တင္ေျပာဆိုမႈေတြ ရွိၾကေပမယ့္ တကယ္တမ္းမွာ သူတို႔ရဲ႕ အက်င့္ေလးေတြက အခုလိုပဲ ခ်စ္စရာေကာင္းေနလ်က္ ရွိပါတယ္။

(၁) ပြင့္ပြင့္လင္းလင္း ရွိျခင္း

ဒီလုို မိန္းကေလး အမ်ားစုက ပြင့္ပြင့္လင္းလင္း ရွိၾကပါတယ္။ သူတို႔က မူယာမာယာေတြနဲ႔ ေျပာဆိုမႈမ်ိဳးကို မျပဳလုပ္ၾကပါဘူး။ ေျပာစရာ ရွိတာ ေျပာခ်င္တာကို ပြင့္ပြင့္လင္းလင္းပဲ ယဥ္ေက်းမႈ ရွိိစြာ ေျပာတတ္ၾကပါတယ္။ စကား အလိမၼာေတြ သံုးၿပီး လိုရင္း မေရာက္တဲ့ ေျပာဆိုမႈေတြကိုလည္း မႏွစ္သက္ၾကတဲ့သူေတြလည္း ျဖစ္ပါတယ္။ သူတို႔ေၾကာင့္ သင္က ဘယ္ေတာ့မွ သံသယ ပြားစရာ မလို အဓိပၸာယ္ ဖြင့္ဆိုမႈေတြ ျပဳလုပ္စရာမလိုပဲ အရွိ အရွိအတိုင္း နားလည္လိုက္လို႔ ရပါတယ္။

(၂) ဟန္မေဆာင္တတ္ျခင္း

သူတုိ႔ကေတာ့ ဟန္ေဆာင္ရတာမ်ိဳးကို လံုးဝ မႏွစ္သက္ၾကပါဘူး။ ဒါေၾကာင့္ ဟန္ေဆာင္မႈေတြ လုပ္ေလ့ မရွိသလို အေၾကာင္းေၾကာင္းေၾကာင့္ ဟန္ေဆာင္ရရင္ေတာင္မွ သူတို႔ ဟန္ေဆာင္ေနမွန္ သိသာ ေပၚလြင္ေနတတ္ပါတယ္။ သူတို႔ရဲ႕ ေကာင္းကြက္လို႔ေတာင္ ဒီအခ်က္ကို ဆိုႏုိင္ပါတယ္။ ပကတိအတိုင္း ေျပာဆို ေပါင္းသင္းတတ္တာက သူတို႔ရဲ႕ ခ်စ္စရာ အခ်က္ပဲ ျဖစ္ပါတယ္။

(၃) ရိုးသားျခင္း

သူတို႔ေတြကေတာ့ တစ္စံုတစ္ေယာက္အေပၚ မရိုးမသား အၾကံအစည္နဲ႔ ေျပာဆိုမႈမ်ိဳးေတာင္ မျပဳလုပ္တတ္ၾကပါဘူး။ လူဆိုတာ ရိုးရိုးသားသား ေနသင့္တယ္လို႔ ယူဆထားတတ္သလို မရိုးသားလို႔ ရလာတာက အစစ္အမွန္ မဟုတ္ဘူးလုိ႔ လက္ခံထားၾကပါတယ္။ သူတို႔အတြက္ကေတာ့ ငါတို႔က အေျပာသာ မႏူးည့ံတာ မရိုးမသားေတာ့ ဘယ္ေတာ့မွ မလုပ္ဘူးဆိုတာမ်ိဳးကို လက္ကိုင္ထားတတ္ပါတယ္။

(၄) စိတ္ပုတ္စိတ္ယုတ္ မရွိျခင္း

သူတို႔ကေတာ့ မႏူးညံ့ျခင္းကို အျပစ္လို႔ မယူဆၾကပါဘူး။ မိန္းကေလးတိုင္း ႏူးည့ံရမယ္ဆိုတာ သဘာဝ မဟုတ္ဘူးလို႔ ေတြးသလို ႏူးည့ံသိမ္ေမြ႔ျခင္းထက္ စိတ္ထား မေကာက္က်စ္တတ္ဖို႔က ပိုအေရးႀကီးတယ္လို႔ လက္ခံထားတတ္ၾကပါတယ္္။ သူတို႔ကို ၾကည့္လိုက္ရင္လည္း အျမဲ ရိုးရိုးရွင္းရွင္းနဲ႔ ေနထိုင္တတ္သလို သူ႔အနားမွာ ေနရင္ စိတ္ခ်မ္းသာရတတ္္ပါတယ္။

(၅) စိတ္အလွကို အေလးထားတတ္ျခင္း

လူဆိုတာ လွဖို႔ထက္ စိတ္ေကာင္းရွိဖို႔က အေရးႀကီးတယ္လို႔ လက္ခံၾကသူေတြပါ။ လွလွေလး ေနထိုင္တာက မ်က္စိအျမင္ပဲ ၾကည့္ေကာင္းရံု ရွိေပမယ့္ စိတ္ထားလွတာက လူေတြအတြက္ စိတ္ခ်မ္းသာမႈနဲ႔ ေကာင္းက်ိဳးေတြ ယူေဆာင္ေပးႏိုင္တယ္လို႔ သေဘာထားၾကပါတယ္။ အရမ္းလွပ ႏူးညံ့သိမ္ေမြ႔ဖို႔ထက္ ပံုမွန္ေလး သပ္သပ္ရပ္ရပ္ စတိုင္က် လွပလည္း ရတာမို႔ စိတ္ထားအလွကိုသာ ဦးစားေပးၿပီး လူေတြကို တန္ဖိုးထားတတ္္သူေတြလည္း ျဖစ္ပါတယ္။ ရုပ္ရည္ကို ၾကည့္ၿပီး ခြဲျခားတတ္တဲ့သူေတြ မဟုတ္တာကိုလည္း ေတြ႔ရမွာပါ။

Credit Aunty May

UNICODE

မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုက တစ်ယောက်နဲ့ တစ်ယောက် တူကြတာတော့ မဟုတ်ပါဘူး။ မိန်းကလေးတွေမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ အလှအပကိုပဲ ဦးစားပေးတဲ့ အမျိုးသမီးတွေ ရှိသလို ပညာကို ဦးစားပေးတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ ဘာလို အပြုအမူပဲဖြစ်စေ နူးနူးညံ့ညံ့ ပြုမူပြောဆိုတတ်သူတွေ ရှိသလို မနူးညံံ့တဲ့ မိန်းကလေးတွေလည်း ရှိလို့ နေပါတယ်။ မနူးညံ့တဲ့ မိန်းကလေးတွေကို ပြစ်တင်ပြောဆိုမှုတွေ ရှိကြပေမယ့် တကယ်တမ်းမှာ သူတို့ရဲ့ အကျင့်လေးတွေက အခုလိုပဲ ချစ်စရာကောင်းနေလျက် ရှိပါတယ်။

(၁) ပွင့်ပွင့်လင်းလင်း ရှိခြင်း

ဒီလို မိန်းကလေး အများစုက ပွင့်ပွင့်လင်းလင်း ရှိကြပါတယ်။ သူတို့က မူယာမာယာတွေနဲ့ ပြောဆိုမှုမျိုးကို မပြုလုပ်ကြပါဘူး။ ပြောစရာ ရှိတာ ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပဲ ယဉ်ကျေးမှု ရှိစွာ ပြောတတ်ကြပါတယ်။ စကား အလိမ္မာတွေ သုံးပြီး လိုရင်း မရောက်တဲ့ ပြောဆိုမှုတွေကိုလည်း မနှစ်သက်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ကြောင့် သင်က ဘယ်တော့မှ သံသယ ပွားစရာ မလို အဓိပ္ပာယ် ဖွင့်ဆိုမှုတွေ ပြုလုပ်စရာမလိုပဲ အရှိ အရှိအတိုင်း နားလည်လိုက်လို့ ရပါတယ်။

(၂) ဟန်မဆောင်တတ်ခြင်း

သူတို့ကတော့ ဟန်ဆောင်ရတာမျိုးကို လုံးဝ မနှစ်သက်ကြပါဘူး။ ဒါကြောင့် ဟန်ဆောင်မှုတွေ လုပ်လေ့ မရှိသလို အကြောင်းကြောင်းကြောင့် ဟန်ဆောင်ရရင်တောင်မှ သူတို့ ဟန်ဆောင်နေမှန် သိသာ ပေါ်လွင်နေတတ်ပါတယ်။ သူတို့ရဲ့ ကောင်းကွက်လို့တောင် ဒီအချက်ကို ဆိုနိုင်ပါတယ်။ ပကတိအတိုင်း ပြောဆို ပေါင်းသင်းတတ်တာက သူတို့ရဲ့ ချစ်စရာ အချက်ပဲ ဖြစ်ပါတယ်။

(၃) ရိုးသားခြင်း

သူတို့တွေကတော့ တစ်စုံတစ်ယောက်အပေါ် မရိုးမသား အကြံအစည်နဲ့ ပြောဆိုမှုမျိုးတောင် မပြုလုပ်တတ်ကြပါဘူး။ လူဆိုတာ ရိုးရိုးသားသား နေသင့်တယ်လို့ ယူဆထားတတ်သလို မရိုးသားလို့ ရလာတာက အစစ်အမှန် မဟုတ်ဘူးလို့ လက်ခံထားကြပါတယ်။ သူတို့အတွက်ကတော့ ငါတို့က အပြောသာ မနူးညံ့တာ မရိုးမသားတော့ ဘယ်တော့မှ မလုပ်ဘူးဆိုတာမျိုးကို လက်ကိုင်ထားတတ်ပါတယ်။

(၄) စိတ်ပုတ်စိတ်ယုတ် မရှိခြင်း

သူတို့ကတော့ မနူးညံ့ခြင်းကို အပြစ်လို့ မယူဆကြပါဘူး။ မိန်းကလေးတိုင်း နူးညံ့ရမယ်ဆိုတာ သဘာဝ မဟုတ်ဘူးလို့ တွေးသလို နူးညံ့သိမ်မွေ့ခြင်းထက် စိတ်ထား မကောက်ကျစ်တတ်ဖို့က ပိုအရေးကြီးတယ်လို့ လက်ခံထားတတ်ကြပါတယ်။ သူတို့ကို ကြည့်လိုက်ရင်လည်း အမြဲ ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်တတ်သလို သူ့အနားမှာ နေရင် စိတ်ချမ်းသာရတတ်ပါတယ်။

(၅) စိတ်အလှကို အလေးထားတတ်ခြင်း

လူဆိုတာ လှဖို့ထက် စိတ်ကောင်းရှိဖို့က အရေးကြီးတယ်လို့ လက်ခံကြသူတွေပါ။ လှလှလေး နေထိုင်တာက မျက်စိအမြင်ပဲ ကြည့်ကောင်းရုံ ရှိပေမယ့် စိတ်ထားလှတာက လူတွေအတွက် စိတ်ချမ်းသာမှုနဲ့ ကောင်းကျိုးတွေ ယူဆောင်ပေးနိုင်တယ်လို့ သဘောထားကြပါတယ်။ အရမ်းလှပ နူးညံ့သိမ်မွေ့ဖို့ထက် ပုံမှန်လေး သပ်သပ်ရပ်ရပ် စတိုင်ကျ လှပလည်း ရတာမို့ စိတ်ထားအလှကိုသာ ဦးစားပေးပြီး လူတွေကို တန်ဖိုးထားတတ်သူတွေလည်း ဖြစ်ပါတယ်။ ရုပ်ရည်ကို ကြည့်ပြီး ခွဲခြားတတ်တဲ့သူတွေ မဟုတ်တာကိုလည်း တွေ့ရမှာပါ။

Credit Aunty May

Leave a Comment