ဝေဘာဂီဆေးရုံကြီးမှာ Face Mask အခုရေ (၁၀၀၀)နဲ့ Hand Gel 500 ml (၁၅)ဘူးလှူဒါန်းခဲ့တဲ့ မိုးစက်ဝိုင်




Credit CeleGabar
Source – Moeset Wine

UNICODE

ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး မိုးစက်ဝိုင်ကတော့ ဒီနေကမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်မှာတည်ရှိတဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ Covid-19 ကာကွယ်ကုသရေးလုပ်ငန်းမှာ အဓိကအသုံးပြုတဲ့ Face Mask တွေနဲ့ Hand Gel တွေကို သွားရောက်ကာလှူဒါန်းခဲ့ပါတယ်။

မိုးစက်ဝိုင်ကတော့ ဒီနေ့ မေလ (၈)ရက်နေ့ ဝေဘာဂီဆေးရုံကြီးမှာ Face Mask အခုရေ (၁၀၀၀)နဲ့ Hand Gel 500 ml (၁၅)ဘူး စုစုပေါင်း တန်ဖိုးငွေ (၅)သိန်းဖိုးတိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။အခုလို သွားရောက်လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းကိုတော့ ဝေဘာဂီဆေးရုံက ပေးအပ်တဲ့ ကျေးဇူးတင်ဂုဏ်ပြုလွှာနဲ့အတူ သူ့ရဲ့ My Story ကနေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

အခုလို လိုအပ်နေတဲ့ အချိန်မှာ လိုအပ်တာတွေကို လှူဒါန်းပေးခဲ့တဲ့ မိုးစက်ဝိုင်ရဲ့ မွန်မြတ်လှတဲ့ စိတ်ထားလေးကတော့ ချီးကျူးထိုက်ပါပေတယ်။ မိုးစက်ဝိုင်တစ်ယောက် အနုပညာလောကမှာ ဒီထက်မကအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ပြီး နောက်နောင်များမှာလည်း ပိုမိုလှူဒါန်းနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Credit CeleGabar
Source – Moeset Wine

Leave a Comment