ဂျုံအိတ်နဲ့ Surprise လုပ်တယ်ဆိုတာ သတင်းမှားကြီးပါလို့ Aamir Khan ထုတ်ပြော
Credit Shwemom
UNICODE
Aamir Khan ကတော့ စွယ်စုံရတဲ့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား တစ်ယောက်ပါ။နာမည် အပြည့် အစုံ ကေ တာ့ Mohammed Aamir Hussain Khan ပါ။အသက်က တော့ (၅၅)နှစ်ပါ။လက်ရှိမှာတော့ မင်းသား၊ဒါရိုက် တာ၊ရုပ်ရှင်ထုတ်လုပ်သူ၊TV Host အဖြစ် ရပ်တည်နေပါတယ်။ရုပ်ရှင် လောကထဲမှာ ကျင်လည် နေတာ နှစ် (၃၀)ရှိေ နပါပြီ။ဟောလိဝုဒ် အနုပညာနယ်ပယ်မှာ အ အောင်မြင်ဆုံးအနုပညာရှင် တွေ ထဲက တစ်ယောက်ပါ။အွန်လိုင်းမှာ နာမည်ကြီး နေတဲ့ ဂျုံအိတ်နဲ့ Surprise လုပ်တယ်ဆိုတာ မဟုတ်မှန် ကြောင်း Aamir Khan ကိုယ်တိုင်တွစ်တာ စာမျက်နှာ ပေါ် က နေ ငြင်းလိုက်ကြောင်းကိုတော့ Times of India မှာအခုလို ဖော်ပြခဲ့ပါတယ်။
Aamir Khan တစ်ယောက် ဂျုံ အိတ်ထဲမှာ ပိုက်ဆံ တွေ ထည့်လှူ တယ်ဆိုတဲ့ သတင်းတစ်ခု အွန် လိုင်းပေါ် မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ် ခဲ့ပါတယ်။ Aamir Khan က လိုအပ်သူ တွေ ရ အေ င် ဆိုပြီး ဂျုံအိတ် တွေကို လှူတယ်လို့ သတင်းလွှင့်ကာ တကယ်တမ်းမှာတော့ အိတ်ထဲမှာ ပိုက်ဆံ (Rs 15,000 ) ကို Surprise လုပ်ပြီး ထည့်ေ ပးလိုက်တယ်ဆိုပြီး လူမှုကွန်ရက်စာ မျက်နှာ ပေါ်မှာ သတင်း တွေ ထွက်ပေါ် ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီ အကြောင်း အရာဟာ တကယ် မဟုတ်ဘူးလို့ Aamir Khan က ငြင်းဆိုခဲ့ပါတယ်။
Aamir က တော့ မေလ (၄)ရက်နေ့က သူ့ရဲ့ တွစ်တာ စာမျက်နှာ ပေါ်မှာ မဟုတ်ကြောင်း ပြန်ရှင်းပြ ခဲ့ပါတယ်။ ဂျုံအိတ် ထဲ ပိုက်ဆံ ထည့်ပေးသူဟာ သူ မဟုတ်ပါဘူး၊သူက “Robin Hood”( သူရဲကောင်းဇာတ်ကောင်) မဟုတ်ပါ ဘူးဆိုပြီး အရွှန်း ဖောက်ငြင်းခဲ့ပါတယ်။” ဂျုံ အိတ် ထဲ ပိုက်ဆံ တွေ ထည့် ပေးတာ ကျ တေ်ာ မဟုတ်ပါဘူး။ဒီ အ ကြောင်းအ ရာက သတင်းမှားကြီး ဟုတ်ရင် ဟုတ် မဟုတ်ရင်တော့ Robin Hood က များ သူ့ကိုယ်သူ မ ဖော်ပြ ချင် တာဖြစ် မယ်။ဘေးကင်းစွာနဲ့ နေ ကြပါ။ချစ်ပါတယ်..” ဆိုပြီး တွစ်တာ ပေါ်မှာ ပြောခဲ့ပါတယ်။အွန်လိုင်းပေါ် မှာ လူတွေ ပြောနေ ကြတဲ့ Aamir Khan က ဂျုံအိတ်တွေ ထဲ ပိုက်ဆံ တွေ ထည့်ပေးတယ်ဆိုတာ က မဟုတ် ဘူးလို့ ပြတ်ပြတ်သား သား ငြင်းခဲ့ပါတယ်။
Aamir Khan ဟာ ပြီးခဲ့တဲ့ လတုန်းက ဝန်ကြီးချုပ် Narendra Modi ရဲ့ COVID-19 ရန်ပုံ ငွေ နဲ့ Chief Mini ster Relief Fund Maharashtra တို့မှာ ပါဝင် လှူ ဒါန်း ခဲ့ပါတယ်။ရုပ်ရှင် အဖွဲ့ အစည်းနဲ့ NGO တွေ ကိုလည်း သူတက်နိုင်သမျှ လှူခဲ့ပါတယ်။Mr Khan နဲ့ သူ့ရဲ့ ဇနီးတို့ဟာ NGO Paani Foundation ကို ထူ ထောင်ထားပါ တယ်။ဖောင်ဒေးရှင်း ကလည်း တက်နိုင်သမျှ ကူညီ လှူဒါန်းမှုတွေ လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့် သူဘာတွေ ဘယ် လောက် လှူတယ်ဆိုတဲ့ အကြောင်းကို တော့ Public မှာ ထုတ် ပြော လေ့မရှိသူပါ။
Credit Shwemom
Leave a Comment