Covid 19 ေျကာင့္ထိုင္းေလယာဥ္မႉးတစ္ဦး အစားအေသာက္ပို႔ေဆာင္သည့္ အလုပ္လုပ္ေနရ

အသက္ ၄၉ ႏွစ္အ႐ြယ္ရွိ ထိုင္းေလယာဥ္မႉး ကပၺတိန္ Thanun Khantatatbumroong သည္ ယခုအခ်ိန္တြင္ အစားအေသာက္မ်ားကို ဆိုင္ကယ္ျဖင့္ အိမ္တိုင္ရာေရာက္ လိုက္လံပို႔ေဆာင္ေပးသည့္ အလုပ္ကို လုပ္ေနေၾကာင္း သူကိုယ္တိုင္က ဖြင့္ဟေျပာၾကားသည္။

သူသည္ ယခင္က ႏိုင္ငံတကာေလေၾကာင္းလိုင္းတစ္ခုတြင္ ေလယာဥ္မႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး၊ ယခုအခါ COVID-19 ကူးစက္ျပန႔္ႏွံ႔မႈေၾကာင့္ ေလေၾကာင္းလိုင္းမ်ား ရပ္တန႔္ထားခ်ိန္တြင္ အစားအေသာက္မ်ား အိမ္တိုင္ရာေရာက္ လိုက္လံပို႔ေဆာင္ေပးသည့္ အလုပ္ကို လုပ္ကိုင္ေနရျခင္းျဖစ္သည္။

ၿပီးခဲ့တဲ့လက ကြၽန္ေတာ့္ေလေၾကာင္းလိုင္းက ကြၽန္ေတာ့္ကို ၇၅% လစာျဖတ္ပါတယ္။ ကြၽန္ေတာ္ လစာ ၂၅% ပဲရပါတယ္။ ေနာက္ ၆လအထိ အဲဒီအတိုင္းပဲ ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအလုပ္ကို ယာယီလုပ္ဖို႔ ဆုံးျဖတ္လိုက္ရေတာ့တာပါပဲ”ဟု Thanun က Efe သတင္းဌာနကိုေျပာသည္။ သူသည္ လုပ္သက္ ၁၈ႏွစ္ေက်ာ္ရွိၿပီး၊ ပ်ံသန္းခ်ိန္ နာရီ ၁၈၀၀၀ ခန႔္ရွိေသာ ၀ါရင့္ ေလယာဥ္မႉးတစ္ဦးျဖစ္ေၾကာင္းကိုလည္း Efe သတင္းဌာကိုေျပာပါေသးသည္။မီဒီယာသတင္းမ်ားအရ COVID-19 ကပ္ေရာဂါေၾကာင့္ ထိုင္းႏိုင္ငံတြင္ လူဦးေရ ၁ဝသန္းခန႔္ အလုပ္လက္မဲ့ ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း သိရသည္။

Source: Efe
Ref: Back down to earth: pilot turns to food deliveries
Photo: EFE/EPA/RUNGROJ YONGRIT

UNICODE

အသက် ၄၉ နှစ်အရွယ်ရှိ ထိုင်းလေယာဉ်မှူး ကပ္ဗတိန် Thanun Khantatatbumroong သည် ယခုအချိန်တွင် အစားအသောက်များကို ဆိုင်ကယ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်နေကြောင်း သူကိုယ်တိုင်က ဖွင့်ဟပြောကြားသည်။

သူသည် ယခင်က နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုတွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခုအခါ COVID-19 ကူးစက်ပြန့်နှံ့မှုကြောင့် လေကြောင်းလိုင်းများ ရပ်တန့်ထားချိန်တွင် အစားအသောက်များ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်ကိုင်နေရခြင်းဖြစ်သည်။

ပြီးခဲ့တဲ့လက ကျွန်တော့်လေကြောင်းလိုင်းက ကျွန်တော့်ကို ၇၅% လစာဖြတ်ပါတယ်။ ကျွန်တော် လစာ ၂၅% ပဲရပါတယ်။ နောက် ၆လအထိ အဲဒီအတိုင်းပဲ ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုအလုပ်ကို ယာယီလုပ်ဖို့ ဆုံးဖြတ်လိုက်ရတော့တာပါပဲ”ဟု Thanun က Efe သတင်းဌာနကိုပြောသည်။ သူသည် လုပ်သက် ၁၈နှစ်ကျော်ရှိပြီး၊ ပျံသန်းချိန် နာရီ ၁၈၀၀၀ ခန့်ရှိသော ဝါရင့် လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်းကိုလည်း Efe သတင်းဌာကိုပြောပါသေးသည်။မီဒီယာသတင်းများအရ COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံတွင် လူဦးရေ ၁ဝသန်းခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

Source: Efe
Ref: Back down to earth: pilot turns to food deliveries
Photo: EFE/EPA/RUNGROJ YONGRIT

Leave a Comment