ဂ်ာမနီမွာ COVID-19 ေၾကာင့္ ေရာင္းမရတဲ့ ဘီယာေတြကို အခမဲ့ေပးေဝ

COVID-19 ထိန္းခ်ဳပ္ေရး lockdown အစီအမံ ပိတ္ပင္ကန႔္သတ္မႈေတြေၾကာင့္ ဘီယာေတြ မေရာင္းခ်ႏိုင္ခဲ့ပါဘူး။ဂ်ာမနီႏိုင္ငံမွာ COVID-19 ထိန္းခ်ဳပ္ေရး lockdown အစီအမံ ပိတ္ပင္ကန႔္သတ္မႈေတြေၾကာင့္ စားေသာက္ဆိုင္ေတြနဲ႔ ဟိုတယ္ေတြကို ပို႔ေဆာင္ႏိုင္ျခင္းမရွိဘဲ ေရာင္းမရခဲ့တဲ့ ဘီယာေတြကို ဘီယာခ်က္စက္႐ုံတစ္႐ုံက ယမန္ေန႔ (ေမ ၇ ရက္ေန႔) မွာ အခမဲ့ ေပးေဝခဲ့တယ္လို႔ ဆိုပါတယ္။Willinger ဘီယာစက္႐ုံက ဘီယာ လီတာေပါင္း ၂,၆၀၀ ကို အခမဲ့ ေပးေဝခဲ့တာ ျဖစ္ပါတယ္။ ဂ်ာမနီအေနာက္ပိုင္း Hesse ျပည္နယ္ရွိ Willinger ဘီယာစက္႐ုံရဲ႕ ပိုင္ရွင္ေတြက မေရာင္းခ်ႏိုင္ခဲ့တဲ့ ဘီယာေတြကို လႊင့္ပစ္ျခင္းထက္ အခမဲ့ ေပးေဝလိုက္ရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဘားဆိုင္ေတြ ျပန္ဖြင့္ခြင့္ျပဳခ်ိန္မွာ ဘီယာသိုေလွာင္ကန္ေတြထဲသို႔ ေနာက္ထပ္ ခ်က္လုပ္ထားတဲ့ ဘီယားမ်ားထည့္ႏိုင္ရန္အတြက္ သိုေလွာင္ကန္ေတြကို အလြတ္ျဖစ္ေနရန္ လိုအပ္ခဲ့ေၾကာင္း စက္႐ုံပိုင္ရွင္ Franz Mast က ေျပာပါတယ္။

Willinger ဘီယာမ်ား အခမဲ့ ေပးေဝတဲ့အစီအစဥ္ဟာ အဆင္ေျပခဲ့တယ္လို႔ ဆိုပါတယ္။ လူဦးေရ ဒါဇင္အမ်ားအျပားက ဘီယာစက္႐ုံအျပင္ဘက္မွာ ေဘးကင္ေစတဲ့ အကြာအေဝး သတ္မွတ္ခ်က္အတိုင္း တန္းစီေစာင့္ဆိုင္းၿပီး ဘီယာမ်ားကို ရယူခဲ့ၾကပါတယ္။ အမ်ားအျပားက အိတ္မ်ားနဲ႔ ဘူးမ်ားနဲ႔အျပည့္ ဘီယာေတြထည့္ကာ အိမ္ကိုယူသြားခဲ့ၾကတယ္လို႔ သိရပါတယ္။”ကြၽန္ေတာ္ ဒီလူေတြကို ေက်းဇူးတင္ပါတယ္၊ ကြၽန္ေတာ္တို႔ ျပန္ဖြင့္ရင္လည္း သူတို႔က အားေပးၾကမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္၊ သူတို႔ ဒီကိုလာၿပီး ကြၽန္ေတာ္တို႔ ဘီယာကို ၫႊန္းဖို႔ေပါ့” လို႔ Franz Mast က Reuters Television ကို ေျပာပါတယ္။ Willinger ဘီယာစက္႐ုံရဲ႕ ကနဦး အစီအစဥ္အရ ဘီယာ လီတာ ၅၄၀ ကို အခမဲ့ ေပးေဝရန္ျဖစ္ေပမဲ့ ထိုအေရအတြက္ဟာ နာရီပိုင္းအတြင္း ကုန္သြားခဲ့တယ္လို႔ သိရပါတယ္။

“ဘီယာေတြ လာယူတာက ဘီယာစက္႐ုံကို အကူအညီျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ ဒါေၾကာင့္ ဒီမွာေရာက္ေနၾကတာပါ၊ ဒီနည္းနဲ႔ ဒီေန႔ ညေနပိုင္းက်ရင္ ပန္းၿခံထဲမွာထိုင္ႏိုင္ၾကမယ္၊ ေနပူစာလႈံႏိုင္ၾကမယ္၊ ၿပီးေတာ့ အရသာရွိတဲ့ Willinger ဘီယာေလးနဲ႔ေပါ့” လို႔ ဘီယာေသာက္သုံးသူ နာတာလီဂ်ဴလီယက္စ္က ေျပာပါတယ္။ဂ်ာမန္ဘီယာေတြကို အထူးသျဖင့္ တ႐ုတ္နဲ႔ အီတလီ အပါအဝင္ ျပည္ပသို႔ တင္ပို႔ေရာင္းခ်ရမႈ ထိုးက်သြားခဲ့ရာ ဘီယာစက္႐ုံမ်ား စီးပြားေရးၿပိဳလဲမႈ ရင္ဆိုင္ေနရေၾကာင္း ဘာလင္ၿမိဳ႕အေျခစိုက္ ဂ်ာမန္ဘီယာခ်က္စက္႐ုံမ်ားအသင္း Deutsche Brauer Bund က သတိေပးထားခဲ့ပါတယ္။ထို႔အတူ ဂ်ာမနီမွာလည္း COVID-19 ထိန္းခ်ဳပ္ေရး lockdown အစီအမံမ်ားေၾကာင့္ စားေသာက္ဆိုင္မ်ားနဲ႔ ဘားဆိုင္မ်ား ပိတ္ထားၿပီး ေဘာလုံးကြင္းမ်ားလည္း လူမရွိဘဲျဖစ္ေနခဲ့ရာ ျပည္တြင္းေဈးကြက္ ဘီယာေရာင္းအားလည္း သိသာစြာ က်ဆင္းခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ာမနီမွာ ႏွစ္စဥ္ က်င္းပျပဳလုပ္ေလ့ရွိတဲ့ ကမာၻ႔အႀကီးဆုံး Bavaria’s Oktoberfest ဘီယာပြဲေတာ္ႀကီးကိုလည္း ဖ်က္သိမ္းထားခဲ့ရ‌ေၾကာင္း Reuters သတင္းမွာ ေဖာ္ျပပါတယ္။

Credit Duwun

UNICODE

COVID-19 ထိန်းချုပ်ရေး lockdown အစီအမံ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် ဘီယာတွေ မရောင်းချနိုင်ခဲ့ပါဘူး။ဂျာမနီနိုင်ငံမှာ COVID-19 ထိန်းချုပ်ရေး lockdown အစီအမံ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေကို ပို့ဆောင်နိုင်ခြင်းမရှိဘဲ ရောင်းမရခဲ့တဲ့ ဘီယာတွေကို ဘီယာချက်စက်ရုံတစ်ရုံက ယမန်နေ့ (မေ ၇ ရက်နေ့) မှာ အခမဲ့ ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။Willinger ဘီယာစက်ရုံက ဘီယာ လီတာပေါင်း ၂,၆၀၀ ကို အခမဲ့ ပေးဝေခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီအနောက်ပိုင်း Hesse ပြည်နယ်ရှိ Willinger ဘီယာစက်ရုံရဲ့ ပိုင်ရှင်တွေက မရောင်းချနိုင်ခဲ့တဲ့ ဘီယာတွေကို လွှင့်ပစ်ခြင်းထက် အခမဲ့ ပေးဝေလိုက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘားဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုချိန်မှာ ဘီယာသိုလှောင်ကန်တွေထဲသို့ နောက်ထပ် ချက်လုပ်ထားတဲ့ ဘီယားများထည့်နိုင်ရန်အတွက် သိုလှောင်ကန်တွေကို အလွတ်ဖြစ်နေရန် လိုအပ်ခဲ့ကြောင်း စက်ရုံပိုင်ရှင် Franz Mast က ပြောပါတယ်။

Willinger ဘီယာများ အခမဲ့ ပေးဝေတဲ့အစီအစဉ်ဟာ အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။ လူဦးရေ ဒါဇင်အများအပြားက ဘီယာစက်ရုံအပြင်ဘက်မှာ ဘေးကင်စေတဲ့ အကွာအဝေး သတ်မှတ်ချက်အတိုင်း တန်းစီစောင့်ဆိုင်းပြီး ဘီယာများကို ရယူခဲ့ကြပါတယ်။ အများအပြားက အိတ်များနဲ့ ဘူးများနဲ့အပြည့် ဘီယာတွေထည့်ကာ အိမ်ကိုယူသွားခဲ့ကြတယ်လို့ သိရပါတယ်။”ကျွန်တော် ဒီလူတွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ပြန်ဖွင့်ရင်လည်း သူတို့က အားပေးကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ သူတို့ ဒီကိုလာပြီး ကျွန်တော်တို့ ဘီယာကို ညွှန်းဖို့ပေါ့” လို့ Franz Mast က Reuters Television ကို ပြောပါတယ်။ Willinger ဘီယာစက်ရုံရဲ့ ကနဦး အစီအစဉ်အရ ဘီယာ လီတာ ၅၄၀ ကို အခမဲ့ ပေးဝေရန်ဖြစ်ပေမဲ့ ထိုအရေအတွက်ဟာ နာရီပိုင်းအတွင်း ကုန်သွားခဲ့တယ်လို့ သိရပါတယ်။

“ဘီယာတွေ လာယူတာက ဘီယာစက်ရုံကို အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ဒီမှာရောက်နေကြတာပါ၊ ဒီနည်းနဲ့ ဒီနေ့ ညနေပိုင်းကျရင် ပန်းခြံထဲမှာထိုင်နိုင်ကြမယ်၊ နေပူစာလှုံနိုင်ကြမယ်၊ ပြီးတော့ အရသာရှိတဲ့ Willinger ဘီယာလေးနဲ့ပေါ့” လို့ ဘီယာသောက်သုံးသူ နာတာလီဂျူလီယက်စ်က ပြောပါတယ်။ဂျာမန်ဘီယာတွေကို အထူးသဖြင့် တရုတ်နဲ့ အီတလီ အပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချရမှု ထိုးကျသွားခဲ့ရာ ဘီယာစက်ရုံများ စီးပွားရေးပြိုလဲမှု ရင်ဆိုင်နေရကြောင်း ဘာလင်မြို့အခြေစိုက် ဂျာမန်ဘီယာချက်စက်ရုံများအသင်း Deutsche Brauer Bund က သတိပေးထားခဲ့ပါတယ်။ထို့အတူ ဂျာမနီမှာလည်း COVID-19 ထိန်းချုပ်ရေး lockdown အစီအမံများကြောင့် စားသောက်ဆိုင်များနဲ့ ဘားဆိုင်များ ပိတ်ထားပြီး ဘောလုံးကွင်းများလည်း လူမရှိဘဲဖြစ်နေခဲ့ရာ ပြည်တွင်းဈေးကွက် ဘီယာရောင်းအားလည်း သိသာစွာ ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီမှာ နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ကမ္ဘာ့အကြီးဆုံး Bavaria’s Oktoberfest ဘီယာပွဲတော်ကြီးကိုလည်း ဖျက်သိမ်းထားခဲ့ရ‌ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

Credit Duwun

Leave a Comment