သိန္း ၁၃၀ တန္ဖိုးရွိ အသက္ရႉစက္ကို We Love Yangon အဖြဲ႕မွတဆင့္ လိုအပ္ေနေသာေဆး႐ုံသို႔ လႉဒါန္းေပးသြားမယ့္ စမိုင္းလ္

ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ စမိုင္းလ္ကေတာ့ အႏုပညာအလုပ္ေတြအနည္းအက်ဥ္းသာ လုပ္ေနေပမယ့္အားေပးတဲ့ ပရိသတ္ကေတာ့ အခုခ်ိန္ထိ အခိုင္အမာရွိေနဆဲပါပဲေနာ္။သူမကေတာ့ဂ႐ုစိုက္တတ္လြန္းတဲ့ခင္ပြန္းျဖစ္သူအျပင္ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္နဲ႔ေပ်ာ္႐ႊင္စရာမိသားစုေလးပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြအားက်ေနရသူဆိုလဲမမွားပါဘူးေနာ္။

စမိုင္းလ္ကေတာ့ အလႉေရစက္လက္နဲ႔မကြာဆိုသလို လႉဒါန္းမႈေတြမၾကာခဏျပဳလုပ္ေလ့ရွိၿပီး လတ္တေလာျဖစ္ပြားေနတဲ့ကပ္ေရာဂါနဲ႔ပတ္သက္ၿပီးလည္း လိုအပ္တဲ့ေနရာေတြမွာပါဝင္ကူညီေဆာင္႐ြက္ေပးေနသူတစ္ေယာက္ပါ။ဒီေန႔မွာဆိုရင္ေတာ့ စမိုင္းလ္က သိန္း ၁၃၀ တန္ဖိုးရွိ emergency ventilator စက္ကို အမွန္တကယ္လိုအပ္ေနေသာေဆး႐ုံသို႔လႉဒါန္းေပးသြားမယ့္အေၾကာင္းကို

“အသက္ရႉစက္ ventilator စက္အလႉ အခုျဖစ္ေပၚေနတဲ့ Covid19 ေရာဂါဟာအသက္႐ူလမ္းေၾကာင္းပိတ္ၿပီး ေအာက္စီဂ်င္မရတဲ့အခါမွာအသက္ဆုံးရႈံးမႈေတြျဖစ္လာတာပါ။ အေရးေပၚအသက္ကယ္ႏိုင္ဖို႔အတြက္ $၉၅၀၀ တန္ ( သိန္း ၁၃၀ တန္ဖိုးရွိ ) emergency ventilator စက္ကိုဒီေန႔ We Love Yangon အဖြဲ႕မွတဆင့္ အမွန္တကယ္လိုအပ္ေနေသာေဆး႐ုံသို႔လႉဒါန္းေပးသြားမွာျဖစ္ပါတယ္။ျမန္မာျပည္သူျပည္သားမ်ား ကပ္ေဘးရန္မွအျမန္ဆုံးကင္းလြတ္ၾကပါေစ”ဆိုၿပီး ေရးသားထားပါတယ္။ပရိသတ္ႀကီးကလည္း စမိုင္းလ္ရဲ႕ အလႉေလးအတြက္ သာဓုေခၚဆိုေပးခဲ့ပါအုံးေနာ္။

Source-Smile စမိုင္းလ္
Credit TheMoon

UNICODE

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ စမိုင်းလ်ကတော့ အနုပညာအလုပ်တွေအနည်းအကျဉ်းသာ လုပ်နေပေမယ့်အားပေးတဲ့ ပရိသတ်ကတော့ အခုချိန်ထိ အခိုင်အမာရှိနေဆဲပါပဲနော်။သူမကတော့ဂရုစိုက်တတ်လွန်းတဲ့ခင်ပွန်းဖြစ်သူအပြင်ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်နဲ့ပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျနေရသူဆိုလဲမမှားပါဘူးနော်။

စမိုင်းလ်ကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းမှုတွေမကြာခဏပြုလုပ်လေ့ရှိပြီး လတ်တလောဖြစ်ပွားနေတဲ့ကပ်ရောဂါနဲ့ပတ်သက်ပြီးလည်း လိုအပ်တဲ့နေရာတွေမှာပါဝင်ကူညီဆောင်ရွက်ပေးနေသူတစ်ယောက်ပါ။ဒီနေ့မှာဆိုရင်တော့ စမိုင်းလ်က သိန်း ၁၃၀ တန်ဖိုးရှိ emergency ventilator စက်ကို အမှန်တကယ်လိုအပ်နေသောဆေးရုံသို့လှူဒါန်းပေးသွားမယ့်အကြောင်းကို

“အသက်ရှူစက် ventilator စက်အလှူ အခုဖြစ်ပေါ်နေတဲ့ Covid19 ရောဂါဟာအသက်ရူလမ်းကြောင်းပိတ်ပြီး အောက်စီဂျင်မရတဲ့အခါမှာအသက်ဆုံးရှုံးမှုတွေဖြစ်လာတာပါ။ အရေးပေါ်အသက်ကယ်နိုင်ဖို့အတွက် $၉၅၀၀ တန် ( သိန်း ၁၃၀ တန်ဖိုးရှိ ) emergency ventilator စက်ကိုဒီနေ့ We Love Yangon အဖွဲ့မှတဆင့် အမှန်တကယ်လိုအပ်နေသောဆေးရုံသို့လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။မြန်မာပြည်သူပြည်သားများ ကပ်ဘေးရန်မှအမြန်ဆုံးကင်းလွတ်ကြပါစေ”ဆိုပြီး ရေးသားထားပါတယ်။ပရိသတ်ကြီးကလည်း စမိုင်းလ်ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်။

Source-Smile စမိုင်းလ်
Credit TheMoon

Leave a Comment