ခ်စ္ေပမယ့္ ထုတ္မေျပာျဖစ္ခဲ့ၾကဘူးဆိုတဲ့ သီဟေအာင္ နဲ႔ ခ်ယ္ရီသင္း

ပရိသတ္ႀကီးေရ အကယ္ဒမီ ဗန္းကိုင္အျဖစ္ ပါဝင္ခဲ့တဲ့ သီဟေအာင္ေလးကေတာ့ အခုဆိုရင္ ပရိသတ္အားေပးမႈ အခိုင္အမာရရွိေနၿပီပဲ ျဖစ္ပါတယ္ ။ မိန္းကေလးပရိသတ္ေတြ သည္းသည္းလႈတ္ဝန္းရံေနၾကတဲ့ အႏုပညာရွင္တစ္ေယာက္ အျဖစ္ရပ္တည္ေနႏိုင္ၿပီလို႔ဆိုရမွာပါ ။ မၾကာေသးမီကမွ ေတးသံရွင္ ခ်ယ္ရီသင္းရဲ႕ သတိထားဆိုတဲ့ MTV ေလးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္ ။

လတ္တေလာမွာေတာ့ သီဟေအာင္တစ္ေယာက္ မိန္းကေလး ပရိသတ္ေတြကို အသည္းခြဲမယ့္ ပို႔စ္ေလးတစ္ခုကို ေဖ့ဘုတ္စ္ စာမ်က္ႏွာထက္ကေန တင္ခဲ့တာျဖစ္ပါတယ္ ။ ခ်စ္ေတာ့ခ်စ္ခဲ့ပါတယ္ ဒါေပမယ့္ထုတ္မေျပာျဖစ္ခဲ့ၾကဘူး ဆိုတဲ့ စာသားေလးနဲ႔အတူ ေတးသံရွင္ခ်ယ္ရီသင္း နဲ႔ သူ႔ရဲ႕ အ႐ိုတလိုင္းပုံရိပ္ေတြကို ပရိသတ္ေတြကိုမွ်ေဝေပးလာခဲ့တာျဖစ္ပါတယ္ ။ ေတးသံရွင္ ခ်ယ္ရီသင္း ကလည္း ” ေမာင္မဟုတ္တဲ့တျခားတစ္ေယာက္နဲ႔မအိုမင္းခ်င္ဘူးေမာင္နဲ႔လည္းမအိုမင္းခ်င္ဘူး အို အိုကိုမအိုခ်င္တာပါ ” ဆိုတဲ့ မွတ္ခ်က္ေလးကိုေရးသားထားတာေတြ႕ရပါတယ္ ။

ပရိသတ္ေတြကေတာ့ ခ်ယ္ရီသင္းနဲ႔ သီဟေအာင္တို႔ခ်စ္သူရည္းစားေတြျဖစ္ေနၾကၿပီလား ၊ ဘယ္လိုပတ္သက္မႈ ေတြလည္း စသျဖင့္ေမးျမန္းလာၾကေပမယ့္ သီဟေအာင္ကေတာ့ Just Kidding စေနၾကတာပါ လို႔ ျပန္လည္ မွတ္ခ်က္ေပးထားတာလည္းေတြ႕ျမင္ရပါတယ္ ။ အခ်င္းခ်င္းစေနာက္ေနၾကတာမို႔ သီဟေအာင္ရဲ႕ ပရိသတ္ေတြလည္း စိတ္မပူၾကပါနဲ႔ေတာ့ေနာ္ ။

Source : Thiha Aung
Credit Cele Zone

UNICODE

ပရိသတ်ကြီးရေ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်ခဲ့တဲ့ သီဟအောင်လေးကတော့ အခုဆိုရင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုတ်ဝန်းရံနေကြတဲ့ အနုပညာရှင်တစ်ယောက် အဖြစ်ရပ်တည်နေနိုင်ပြီလို့ဆိုရမှာပါ ။ မကြာသေးမီကမှ တေးသံရှင် ချယ်ရီသင်းရဲ့ သတိထားဆိုတဲ့ MTV လေးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။

လတ်တလောမှာတော့ သီဟအောင်တစ်ယောက် မိန်းကလေး ပရိသတ်တွေကို အသည်းခွဲမယ့် ပို့စ်လေးတစ်ခုကို ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ တင်ခဲ့တာဖြစ်ပါတယ် ။ ချစ်တော့ချစ်ခဲ့ပါတယ် ဒါပေမယ့်ထုတ်မပြောဖြစ်ခဲ့ကြဘူး ဆိုတဲ့ စာသားလေးနဲ့အတူ တေးသံရှင်ချယ်ရီသင်း နဲ့ သူ့ရဲ့ အရိုတလိုင်းပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ တေးသံရှင် ချယ်ရီသင်း ကလည်း ” မောင်မဟုတ်တဲ့တခြားတစ်ယောက်နဲ့မအိုမင်းချင်ဘူးမောင်နဲ့လည်းမအိုမင်းချင်ဘူး အို အိုကိုမအိုချင်တာပါ ” ဆိုတဲ့ မှတ်ချက်လေးကိုရေးသားထားတာတွေ့ရပါတယ် ။

ပရိသတ်တွေကတော့ ချယ်ရီသင်းနဲ့ သီဟအောင်တို့ချစ်သူရည်းစားတွေဖြစ်နေကြပြီလား ၊ ဘယ်လိုပတ်သက်မှု တွေလည်း စသဖြင့်မေးမြန်းလာကြပေမယ့် သီဟအောင်ကတော့ Just Kidding စနေကြတာပါ လို့ ပြန်လည် မှတ်ချက်ပေးထားတာလည်းတွေ့မြင်ရပါတယ် ။ အချင်းချင်းစနောက်နေကြတာမို့ သီဟအောင်ရဲ့ ပရိသတ်တွေလည်း စိတ်မပူကြပါနဲ့တော့နော် ။

Source : Thiha Aung
Credit Cele Zone

Leave a Comment