အထည္ခ်ဳပ္စက္ရံုမွ အလုပ္သမားမ်ားကို လစာအျပည့္မေပးပဲ သေဘာမတူလ်ွင္ ေမာင္းထုတ္မႈ ျဖစ္ပြား

ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္ စက္မႈဇုန္(၁)ရွိ ေပ်ာ္႐ႊင္လင္းလက္ အထည္ခ်ဳပ္စက္႐ုံ၌ အလုပ္သမားမ်ားကို ဧၿပီလလုပ္ခလစာ အျပည့္အဝမေပးဘဲ လစာေလွ်ာ့ေပးျခင္းကို သေဘာမတူပါက စက္႐ုံအတြင္း ေပးမဝင္ဘဲ စက္႐ုံ အျပင္သို႔ ေမာင္းထုတ္မႈျဖစ္ပြားခဲ့ေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည္။

‘ေမ ၅ရက္က စျဖစ္တာပါ။ အလုပ္သမားေတြအတြက္ ရက္၂၀ စာ ရွင္းေပးၿပီးေတာ့ အလုပ္သမားေတြက လက္မခံၾကဘူး။ ေလးလပိုင္းလစာကို ေလွ်ာ့ၿပီးေပးတယ္။ အလုပ္သမားေတြအတြက္ ေန႔စဥ္ ေၾကးတို႔၊ ကြၽမ္းက်င္ေၾကးတို႔ တျခားဟာ ေတြအကုန္မေပးေတာ့ အလုပ္သမားေတြက နစ္နာေနရတယ္။ ဒီေန႔သူတို႔ေတြက စက္႐ုံကိုသြားေတာ့ လုပ္ငန္းရွင္က စက္႐ုံတံခါးကို ပိတ္ထားတယ္။ သူတို႔ေပးတဲ့ လစာကိုယူမွ စက္႐ုံထဲ ဝင္ခြင့္ရွိမယ္။ လက္မခံတဲ့သူကို လုံး၀ ဝင္ခြင့္မေပးဘူး။ ဒီစက္႐ုံကိုလည္း ပိတ္မယ္ေျပာတယ္။ လက္မခံတဲ့သူေတြကေတာ့ မဝင္ဘဲ အျပင္မွာပဲ ေနေနရတာပါ’ဟု ေရာင္ျခည္ဦး အလုပ္သမားေရးရာအဖြဲ႕ ဥပေဒေရးရာ အေထာက္အကူျပဳဌာနမွ ကိုႏိုင္ေဌးလြင္က ေျပာသည္။

ထို႔ျပင္ အလုပ္သမား ၈၀ ေက်ာ္သည္ လုပ္ခလစာ ေလွ်ာ့ေပးျခင္းကို သေဘာမတူသည့္အတြက္ စက္႐ုံအျပင္ထြက္ေနရာ နယ္ေျမရဲတပ္ဖြဲ႕ႏွင့္ ဌာနဆိုင္ရာမ်ား ေရာက္လာၿပီး ၁၅မိနစ္အတြင္း လူစုမခြဲပါက ဖမ္းဆီးမည္ဟု ေၾကညာ၍ အလုပ္သမားမ်ားလူစုခြဲ၍ အိမ္ျပန္သြားရေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။လက္ရွိတြင္ အလုပ္ရွင္ႏွင့္ အလုပ္သမားၾကား ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ေနၿပီး အလုပ္သမားမ်ား၏ လုပ္ခလစာႏွင့္ အလုပ္သမားမ်ား၏ရပိုင္ခြင့္ကို ျပန္လည္ေပးသြားမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ အလုပ္သမားမ်ား၏ လူမႈဖူလုံခြင့္ကိုလည္း အျပည့္အဝရရွိမည္ျဖစ္ေၾကာင္း အလုပ္သမားအေရးေဆာင္႐ြက္သူ ေရာင္ျခည္ဦးအလုပ္သမားေရးရာအဖြဲ႕မွ ကိုေအာင္သူက ေျပာသည္။အဆိုပါ ေပ်ာ္႐ႊင္လင္းလက္ အထည္ခ်ဳပ္စက္႐ုံကို ျမန္မာႏိုင္ငံဖြား တ႐ုတ္ႏိုင္ငံသား ပိုင္ဆိုင္ျခင္းျဖစ္ၿပီး ထိုစက္႐ုံတြင္ အလုပ္သမား ၁၀၀ ေက်ာ္ အလုပ္လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။

Credit The Standard Time Daily

UNICODE

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၁)ရှိ ပျော်ရွှင်လင်းလက် အထည်ချုပ်စက်ရုံ၌ အလုပ်သမားများကို ဧပြီလလုပ်ခလစာ အပြည့်အဝမပေးဘဲ လစာလျှော့ပေးခြင်းကို သဘောမတူပါက စက်ရုံအတွင်း ပေးမဝင်ဘဲ စက်ရုံ အပြင်သို့ မောင်းထုတ်မှုဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

‘မေ ၅ရက်က စဖြစ်တာပါ။ အလုပ်သမားတွေအတွက် ရက်၂၀ စာ ရှင်းပေးပြီးတော့ အလုပ်သမားတွေက လက်မခံကြဘူး။ လေးလပိုင်းလစာကို လျှော့ပြီးပေးတယ်။ အလုပ်သမားတွေအတွက် နေ့စဉ် ကြေးတို့၊ ကျွမ်းကျင်ကြေးတို့ တခြားဟာ တွေအကုန်မပေးတော့ အလုပ်သမားတွေက နစ်နာနေရတယ်။ ဒီနေ့သူတို့တွေက စက်ရုံကိုသွားတော့ လုပ်ငန်းရှင်က စက်ရုံတံခါးကို ပိတ်ထားတယ်။ သူတို့ပေးတဲ့ လစာကိုယူမှ စက်ရုံထဲ ဝင်ခွင့်ရှိမယ်။ လက်မခံတဲ့သူကို လုံး၀ ဝင်ခွင့်မပေးဘူး။ ဒီစက်ရုံကိုလည်း ပိတ်မယ်ပြောတယ်။ လက်မခံတဲ့သူတွေကတော့ မဝင်ဘဲ အပြင်မှာပဲ နေနေရတာပါ’ဟု ရောင်ခြည်ဦး အလုပ်သမားရေးရာအဖွဲ့ ဥပဒေရေးရာ အထောက်အကူပြုဌာနမှ ကိုနိုင်ဌေးလွင်က ပြောသည်။

ထို့ပြင် အလုပ်သမား ၈၀ ကျော်သည် လုပ်ခလစာ လျှော့ပေးခြင်းကို သဘောမတူသည့်အတွက် စက်ရုံအပြင်ထွက်နေရာ နယ်မြေရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ရောက်လာပြီး ၁၅မိနစ်အတွင်း လူစုမခွဲပါက ဖမ်းဆီးမည်ဟု ကြေညာ၍ အလုပ်သမားများလူစုခွဲ၍ အိမ်ပြန်သွားရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။လက်ရှိတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းမှုများ ပြုလုပ်နေပြီး အလုပ်သမားများ၏ လုပ်ခလစာနှင့် အလုပ်သမားများ၏ရပိုင်ခွင့်ကို ပြန်လည်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်သမားများ၏ လူမှုဖူလုံခွင့်ကိုလည်း အပြည့်အဝရရှိမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့မှ ကိုအောင်သူက ပြောသည်။အဆိုပါ ပျော်ရွှင်လင်းလက် အထည်ချုပ်စက်ရုံကို မြန်မာနိုင်ငံဖွား တရုတ်နိုင်ငံသား ပိုင်ဆိုင်ခြင်းဖြစ်ပြီး ထိုစက်ရုံတွင် အလုပ်သမား ၁၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Credit The Standard Time Daily

Leave a Comment