ညတုန္းက ကမ္းကုန္ေအာင္ သရဲေျခာက္ခံလိုက္ရတဲ့အေတြ႕အႀကဳံကို မွ်ေဝလိုက္တဲ့ ေမပန္းခ်ီ

သိပၸံပညာေတြ ဘယ္ေလာက္ထြန္းကားကား သိပၸံနည္းက်အေျဖရွာမရတဲ့ သဘာဝလြန္ျဖစ္ရပ္ေတြကေတာ့ လူေတြႀကဳံေတြေနရစၿမဲပါ။ နာနာဘာဝ ဝိဉာဥ္ေတြ လူေတြေဘးမွာတကယ္ရွိတယ္ဆိုတာ မယုံၾကည္ေသးတဲ့ သူေတြလည္း ပတ္ဝန္းက်င္မွာ ဒုနဲ႔ ေဒးပဲမဟုတ္ပါလား ပရိသတ္ႀကီးေရ… တခ်ိဳ႕သူေတြအတြက္ ဝိဉာဥ္သရဲေတြကို ေသဆုံးသြားတဲ့အထိ မျမင္ဖူးလိုက္ၾကတဲ့သူေတြရွိေပမယ့္ တခ်ိဳ႕ကံနိမ့္ၿပီး လိပ္ျပာလွတဲ့သူေတြအတြက္ေတာ့ ဒီလိုသဘာဝနယ္လြန္ျဖစ္ရပ္ေတြဆိုတာ လက္တစ္ကမ္းမွာပါပဲေနာ္။

ပရိသတ္ရဲ႕အခ်စ္ေတာ္ ေမပန္းခ်ီကေတာ့ မေန႔ညက သူတို႔အိမ္မွာ ဘယ္သူမွအိပ္မရေအာင္ သရဲေျခာက္ခံခဲ့ရတဲ့အေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ သူကေတာ့ ညတိုင္းလိုလို ည(၂)နာရီ(၃)နာရီေလာက္ဆို အသက္(၃၀)(၄၀)ဝန္းက်င္အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕ရေလ့ရွိၿပီး ကိုယ့္ကိုလည္း အႏၲရာယ္မျပဳတာေၾကာင့္ ဘယ္သူ႔ကိုမွလည္း မေျပာျပခဲ့ပါဘူး။ ဒါေပမယ့္ မေန႔ကညေနက ေရတင္ရင္း အုတ္ကန္ထဲမွာေႁမြတစ္ေကာင္ေတြ႕တာေၾကာင့္ အိမ္ကလူေတြနဲ႔ ေမာင္းထုတ္ေနခဲ့ရာက အမွတ္မထင္ ညီမျဖစ္သူက အေမျဖစ္သူပုံကို ဓာတ္ပုံ႐ိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ တစ္အိမ္လုံးနီးပါးဆံပင္အတိုျဖစ္ေပမယ့္(မိခင္ကိုယ္တိုင္လည္း) ဓာတ္ပုံထဲမွာေတာ့ ဆံပင္ေက်ာအလယ္ေလာက္ရွည္ေနတဲ့အျပင္ ေဘာင္းဘီဒူးဖုံးကလည္း ေျခမ်က္စိထိအရွည္ျဖစ္လို႔ေနပါတယ္။

အဲ့ဒီဓာတ္ပုံ႐ိုက္လိုက္တာကေတာ့ Effect မပါတဲ့႐ိုး႐ိုးကင္မရာနဲ႔႐ိုက္လိုက္တာပါ။ ဒါေပမယ့္ တျခားသူတစ္ေယာက္အျဖစ္ ဓာတ္ပုံထဲမွာေပၚလာခဲ့တာပါ။ တိုေနတဲ့ေဘာင္းဘီကို ရွည္ေအာင္ ကင္မရာရႈေထာင့္ေပါင္းစုံက႐ိုက္လည္း အေျဖရွာမရခဲ့ပါဘူးတဲ့။ ထပ္ၿပီးေတာ့လည္း အႏၲရာယ္မျပဳဖို႔ေမတၱာပို႔အမွ်ေဝၿပီးေနာက္ အားသြင္းထားတဲ့ဖုန္းကိုကိုင္လိုက္ရာမွာလည္း ဓာတ္လိုက္ခဲ့တယ္လို႔ဆိုပါတယ္။ တစ္ညလုံးလည္း အပုပ္နံ႔ေတြေပးေနတာေၾကာင့္ တစ္အိမ္လုံးဘယ္သူမွ အိပ္မရခဲ့ပါဘူးတဲ့ ပရိသတ္ႀကီးေရ… ေမပန္းခ်ီကေတာ့ ဒီအိမ္မွာေမြးကတည္းကေနလာတာမဟုတ္ဘဲ အခုလိုလာေရာက္ေနထိုင္တဲ့အခ်ိန္မွာ ဒီလိုေတြျဖစ္ေနတာျဖစ္ေၾကာင္း မွ်ေဝခဲ့ပါတယ္။ သူကိုယ္တိုင္ရိပ္ခနဲ ရိပ္ခနဲျမင္ေနတာေတာ့ ၾကာၿပီျဖစ္ေပမယ့္ ဒီတစ္ေခါက္မွာေတာ့ ကင္မရာထဲပါလာ႐ုံသာမက တစ္ညလုံးအိပ္မရေတာ့တာေၾကာင့္ သူႀကဳံေတြ႕ခဲ့ရတဲ့အေျခအေနကို မွ်ေဝခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ… ပရိသတ္ႀကီးေရာ နာနာဘာဝ ဝိဉာဥ္ေတြနဲ႔ ႀကဳံဆုံခဲ့ဖူးၾကလား မွ်ေဝခဲ့ပါဦးေနာ္။

Source – May Panche
Credit – Cele Gabar

UNICODE

သိပ္ပံပညာတွေ ဘယ်လောက်ထွန်းကားကား သိပ္ပံနည်းကျအဖြေရှာမရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကတော့ လူတွေကြုံတွေနေရစမြဲပါ။ နာနာဘာဝ ဝိဉာဉ်တွေ လူတွေဘေးမှာတကယ်ရှိတယ်ဆိုတာ မယုံကြည်သေးတဲ့ သူတွေလည်း ပတ်ဝန်းကျင်မှာ ဒုနဲ့ ဒေးပဲမဟုတ်ပါလား ပရိသတ်ကြီးရေ… တချို့သူတွေအတွက် ဝိဉာဉ်သရဲတွေကို သေဆုံးသွားတဲ့အထိ မမြင်ဖူးလိုက်ကြတဲ့သူတွေရှိပေမယ့် တချို့ကံနိမ့်ပြီး လိပ်ပြာလှတဲ့သူတွေအတွက်တော့ ဒီလိုသဘာဝနယ်လွန်ဖြစ်ရပ်တွေဆိုတာ လက်တစ်ကမ်းမှာပါပဲနော်။

ပရိသတ်ရဲ့အချစ်တော် မေပန်းချီကတော့ မနေ့ညက သူတို့အိမ်မှာ ဘယ်သူမှအိပ်မရအောင် သရဲခြောက်ခံခဲ့ရတဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ သူကတော့ ညတိုင်းလိုလို ည(၂)နာရီ(၃)နာရီလောက်ဆို အသက်(၃၀)(၄၀)ဝန်းကျင်အမျိုးသမီးတစ်ယောက်ကို တွေ့ရလေ့ရှိပြီး ကိုယ့်ကိုလည်း အန္တရာယ်မပြုတာကြောင့် ဘယ်သူ့ကိုမှလည်း မပြောပြခဲ့ပါဘူး။ ဒါပေမယ့် မနေ့ကညနေက ရေတင်ရင်း အုတ်ကန်ထဲမှာမြွေတစ်ကောင်တွေ့တာကြောင့် အိမ်ကလူတွေနဲ့ မောင်းထုတ်နေခဲ့ရာက အမှတ်မထင် ညီမဖြစ်သူက အမေဖြစ်သူပုံကို ဓာတ်ပုံရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်အိမ်လုံးနီးပါးဆံပင်အတိုဖြစ်ပေမယ့်(မိခင်ကိုယ်တိုင်လည်း) ဓာတ်ပုံထဲမှာတော့ ဆံပင်ကျောအလယ်လောက်ရှည်နေတဲ့အပြင် ဘောင်းဘီဒူးဖုံးကလည်း ခြေမျက်စိထိအရှည်ဖြစ်လို့နေပါတယ်။

အဲ့ဒီဓာတ်ပုံရိုက်လိုက်တာကတော့ Effect မပါတဲ့ရိုးရိုးကင်မရာနဲ့ရိုက်လိုက်တာပါ။ ဒါပေမယ့် တခြားသူတစ်ယောက်အဖြစ် ဓာတ်ပုံထဲမှာပေါ်လာခဲ့တာပါ။ တိုနေတဲ့ဘောင်းဘီကို ရှည်အောင် ကင်မရာရှုထောင့်ပေါင်းစုံကရိုက်လည်း အဖြေရှာမရခဲ့ပါဘူးတဲ့။ ထပ်ပြီးတော့လည်း အန္တရာယ်မပြုဖို့မေတ္တာပို့အမျှဝေပြီးနောက် အားသွင်းထားတဲ့ဖုန်းကိုကိုင်လိုက်ရာမှာလည်း ဓာတ်လိုက်ခဲ့တယ်လို့ဆိုပါတယ်။ တစ်ညလုံးလည်း အပုပ်နံ့တွေပေးနေတာကြောင့် တစ်အိမ်လုံးဘယ်သူမှ အိပ်မရခဲ့ပါဘူးတဲ့ ပရိသတ်ကြီးရေ… မေပန်းချီကတော့ ဒီအိမ်မှာမွေးကတည်းကနေလာတာမဟုတ်ဘဲ အခုလိုလာရောက်နေထိုင်တဲ့အချိန်မှာ ဒီလိုတွေဖြစ်နေတာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ သူကိုယ်တိုင်ရိပ်ခနဲ ရိပ်ခနဲမြင်နေတာတော့ ကြာပြီဖြစ်ပေမယ့် ဒီတစ်ခေါက်မှာတော့ ကင်မရာထဲပါလာရုံသာမက တစ်ညလုံးအိပ်မရတော့တာကြောင့် သူကြုံတွေ့ခဲ့ရတဲ့အခြေအနေကို မျှဝေခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ… ပရိသတ်ကြီးရော နာနာဘာဝ ဝိဉာဉ်တွေနဲ့ ကြုံဆုံခဲ့ဖူးကြလား မျှဝေခဲ့ပါဦးနော်။

Source – May Panche
Credit – Cele Gabar

Leave a Comment