ကိုယ့္ခ်စ္သူကို တကယ္တန္ဖိုးထားတတ္တဲ့ ေယာက္်ားတို႔ရဲ႕ လကၡဏာ (၅) မ်ိဳး

ေယာက်္ားေလးတစ္ေယာက္ဟာ ခ်စ္သူကို အခ်စ္စစ္နဲ႔ ခ်စ္မိသြားတဲ့ အခါမွာ အရမး္ကိုု တန္ဖိုးထားတတ္ၾကပါတယ္။ ေယာက်္ားေလးတိုငး္က တန္ဖိုးမထားတတ္ပါဘူး။ တကယ္လို႔သင့္ခ်စ္သူက သင့္ကို အခုေဖာ္ျပေပးတဲ့အတိုင္း ျပဳမူဆက္ဆံတယ္ဆိုရင္ေတာ့ သင့္ခ်စ္သူဟာ ေယာက်ာ္းေကာင္းတစ္ေယာက္ ျဖစ္တဲ့အျပင္ သင္ဟာ တကယ့္ကုိကံေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ပါ။

(၁) ကတိတည္တယ္
သင့္ကို တန္ဖိုးထားတဲ့ ေယာက်္ားအဖို႔ သူ႔ႏႈတ္ကထြက္တဲ့စကားဟာ သူ႔အတြက္ ကတိပါပဲ။ သင့္ကို ေျပာဖူးတဲ့စကားေတြ၊ ေပးခဲ့ဖူးတဲ့ ကတိေတြကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္တဲ့အျပင္ သူ႔ကတိေတြကိုလည္း အျမဲတည္မယ့္ သူမ်ိဳးပါ။ ကတိေတြအထပ္ထပ္ေပးျပီး မတည္တဲ့ ေယာက်္ားေတြနဲ႔ေတာ့ တကယ္ကို တျခားစီပါပဲ။ ဒါေၾကာင့္ သင့္ခ်စ္သူဟာ ဒီလိုလူမ်ိဳးဆုိရင္ေတာ့ သင့္ကိုတန္ဖိုးထားျပီး အရမး္လည္း ခ်စ္တဲ့သူပါ။

(၂) ၾကင္နာတယ္

ေယာက်္ားေလးေတာ္ေတာ္မ်ားမ်ားက ခ်စ္ေတာ့ခ်စ္တယ္ ဒါေပမယ့္ မၾကင္နာၾကပါဘူး။ တစ္ခ်ိဳ႕က မၾကင္နာတတ္လို႔၊ တစ္ခ်ိဳ႕က်ေတာ့လညး္ မၾကင္နာခ်င္လို႔ပါ။ ၾကင္နာရတာ တကယ္ကို မလြယ္တဲ့အရာျဖစ္ျပီး အားစိုက္ထုတ္ရတဲ့ အလုပ္ျဖစ္တာေၾကာင့္ လူတိုင္းမလုပ္ႏုိင္ၾကသလို လုပ္လည္း မလုပ္ခ်င္ၾကပါဘူး။ သင့္ခ်စ္သူဟာ သင့္ကို အရမး္ၾကင္နာတယ္၊ သင့္ကို အျမဲေႏြးေထြးေစတယ္ဆိုရင္ေတာ့ သင့္ကို အရမး္တန္ဖိုးထားျပီး တကယ္ခ်စ္လို႔ပါ။

(၃) မရိုင္းဘူး
ဘယ္ေလာက္ခ်စ္တဲ့ သူေတြပဲျဖစ္ျဖစ္ ရန္ျဖစ္တဲ့အခ်ိန္ေတြေတာ့ ရွိၾကပါတယ္။ တကယ္လို႔ သင့္ခ်စ္သူဟာ သင္နဲ႔ စကားမ်ား၊ ရန္ျဖစ္တဲ့ အခ်ိန္ေတြက်ရင္ ဘယ္ေတာ့မွ မိုက္ရိုင္းတဲ့ စကားေတြ မသံုးဘူး၊ လက္မပါဘူး၊ ေအာ္ဟစ္ဆဲဆိုတာေတြ မလုပ္ဘူး၊ သင္ထိခိုက္နစ္နာမယ့္ စကားေတြကုိ မေျပာဘူးဆိုရင္ေတာ့ သင့္ကို သူအရမး္တန္ဖိုးထားျပီး အခ်စ္စစ္နဲ႔ ခ်စ္လုိ႔ပါ။

(၄) သူ႔အသိုင္းအဝိုင္းနဲ႔မိတ္ဆက္ေပးတယ္

သင့္ခ်စ္သူဟာ သင့္ကို သူ႔ရဲ႕ မိဘ၊ ေဆြမ်ိဳး၊ သူငယ္ခ်င္းမိတ္ေတြနဲ႔ မိတ္ဆက္ေပးတယ္ဆိုရင္ သင့္ကုိ တကယ္တန္ဖိုးထားျပီး တကယ္ခ်စ္လုိ႔ပါ။ သူ႔ရဲ႕ အသိုင္းအဝုိင္းထဲကုိ သင့္ကို တံခါးမရွိ၊ ဓားမရွိ ဝင္လာေစခ်င္လို႔ပါ။ ျပီးေတာ့ သင္ဟာ သူခ်စ္ရတဲ့သူျဖစ္တယ္ဆိုတာကုိ ပြင့္ပြင့္လင္းလင္း ဖြင့္ခ်လိုက္တာ ျဖစ္တာေၾကာင့္ သင့္ကုိ တန္ဖိုးထားတယ္ဆိုတာ ေပၚလြင္ပါတယ္။

(၅) သင့္အားနညး္ခ်က္ေတြကိုလက္ခံေပးတယ္
သင့္မွာ အားနည္းခ်က္ေတြ၊ မလွပတဲ့အတိတ္ေတြ၊ ဒါမွမဟုတ္ ရုပ္ပိုငး္ဆိုင္ရာ အားနည္းခ်က္တစ္ခုခု ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ခ်စ္သူဟာ သင့္ရဲ႕ အားနည္းခ်က္အားလံုးကုိ လက္ခံေပးျပီး အဲဒီ့အားနည္းခ်က္ေတြကို အခြင့္ေကာင္းယူျပီး ဘယ္ေတာ့မွ သင့္ကုိ အႏိုင္မယူတဲ့ သူမ်ိဳးဆိုရင္ေတာ့ သင့္ကို တကယ္တန္ဖိုးထားျပီး အခ်စ္စစ္နဲ႔ ခ်စ္တဲ့ ေယာက်္ားေကာင္းတစ္ေယာက္ပါ။

Credit Aunty May

UNICODE

ယောကျ်ားလေးတစ်ယောက်ဟာ ချစ်သူကို အချစ်စစ်နဲ့ ချစ်မိသွားတဲ့ အခါမှာ အရမ်းကို တန်ဖိုးထားတတ်ကြပါတယ်။ ယောကျ်ားလေးတိုင်းက တန်ဖိုးမထားတတ်ပါဘူး။ တကယ်လို့သင့်ချစ်သူက သင့်ကို အခုဖော်ပြပေးတဲ့အတိုင်း ပြုမူဆက်ဆံတယ်ဆိုရင်တော့ သင့်ချစ်သူဟာ ယောကျာ်းကောင်းတစ်ယောက် ဖြစ်တဲ့အပြင် သင်ဟာ တကယ့်ကိုကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။

(၁) ကတိတည်တယ်
သင့်ကို တန်ဖိုးထားတဲ့ ယောကျ်ားအဖို့ သူ့နှုတ်ကထွက်တဲ့စကားဟာ သူ့အတွက် ကတိပါပဲ။ သင့်ကို ပြောဖူးတဲ့စကားတွေ၊ ပေးခဲ့ဖူးတဲ့ ကတိတွေကို ဘယ်တော့မှ မေ့မှာမဟုတ်တဲ့အပြင် သူ့ကတိတွေကိုလည်း အမြဲတည်မယ့် သူမျိုးပါ။ ကတိတွေအထပ်ထပ်ပေးပြီး မတည်တဲ့ ယောကျ်ားတွေနဲ့တော့ တကယ်ကို တခြားစီပါပဲ။ ဒါကြောင့် သင့်ချစ်သူဟာ ဒီလိုလူမျိုးဆိုရင်တော့ သင့်ကိုတန်ဖိုးထားပြီး အရမ်းလည်း ချစ်တဲ့သူပါ။

(၂) ကြင်နာတယ်

ယောကျ်ားလေးတော်တော်များများက ချစ်တော့ချစ်တယ် ဒါပေမယ့် မကြင်နာကြပါဘူး။ တစ်ချို့က မကြင်နာတတ်လို့၊ တစ်ချို့ကျတော့လည်း မကြင်နာချင်လို့ပါ။ ကြင်နာရတာ တကယ်ကို မလွယ်တဲ့အရာဖြစ်ပြီး အားစိုက်ထုတ်ရတဲ့ အလုပ်ဖြစ်တာကြောင့် လူတိုင်းမလုပ်နိုင်ကြသလို လုပ်လည်း မလုပ်ချင်ကြပါဘူး။ သင့်ချစ်သူဟာ သင့်ကို အရမ်းကြင်နာတယ်၊ သင့်ကို အမြဲနွေးထွေးစေတယ်ဆိုရင်တော့ သင့်ကို အရမ်းတန်ဖိုးထားပြီး တကယ်ချစ်လို့ပါ။

(၃) မရိုင်းဘူး
ဘယ်လောက်ချစ်တဲ့ သူတွေပဲဖြစ်ဖြစ် ရန်ဖြစ်တဲ့အချိန်တွေတော့ ရှိကြပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ သင်နဲ့ စကားများ၊ ရန်ဖြစ်တဲ့ အချိန်တွေကျရင် ဘယ်တော့မှ မိုက်ရိုင်းတဲ့ စကားတွေ မသုံးဘူး၊ လက်မပါဘူး၊ အော်ဟစ်ဆဲဆိုတာတွေ မလုပ်ဘူး၊ သင်ထိခိုက်နစ်နာမယ့် စကားတွေကို မပြောဘူးဆိုရင်တော့ သင့်ကို သူအရမ်းတန်ဖိုးထားပြီး အချစ်စစ်နဲ့ ချစ်လို့ပါ။

(၄) သူ့အသိုင်းအဝိုင်းနဲ့မိတ်ဆက်ပေးတယ်

သင့်ချစ်သူဟာ သင့်ကို သူ့ရဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းမိတ်တွေနဲ့ မိတ်ဆက်ပေးတယ်ဆိုရင် သင့်ကို တကယ်တန်ဖိုးထားပြီး တကယ်ချစ်လို့ပါ။ သူ့ရဲ့ အသိုင်းအဝိုင်းထဲကို သင့်ကို တံခါးမရှိ၊ ဓားမရှိ ဝင်လာစေချင်လို့ပါ။ ပြီးတော့ သင်ဟာ သူချစ်ရတဲ့သူဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်တာ ဖြစ်တာကြောင့် သင့်ကို တန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။

(၅) သင့်အားနည်းချက်တွေကိုလက်ခံပေးတယ်
သင့်မှာ အားနည်းချက်တွေ၊ မလှပတဲ့အတိတ်တွေ၊ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုခု ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူဟာ သင့်ရဲ့ အားနည်းချက်အားလုံးကို လက်ခံပေးပြီး အဲဒီ့အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး ဘယ်တော့မှ သင့်ကို အနိုင်မယူတဲ့ သူမျိုးဆိုရင်တော့ သင့်ကို တကယ်တန်ဖိုးထားပြီး အချစ်စစ်နဲ့ ချစ်တဲ့ ယောကျ်ားကောင်းတစ်ယောက်ပါ။

Credit Aunty May

Leave a Comment