သင့္အခ်စ္ေရးကိုတည္ျမဲေစခ်င္ရင္ ဒီအက်င့္ေတြကို စြန္႔လႊတ္ပါ…

အခ်စ္ေရးတစ္ခု တည္တံ့ခိုင္ျမဲဖို႔ဆိုတာ စံုတြဲေတြအေနနဲ႔ ႏွစ္ဦးႏွစ္ဖက္လံုးမွာ တာဝန္ရွိပါတယ္။ အခ်စ္ေရးတစ္ခု ခိုင္ျမဲေစဖို႔ လိုက္နာသင့္တဲ့အခ်က္ေလးေတြရွိသလို၊ စြန္႔လႊတ္သင့္တဲ့ အရာေလးေတြလည္း ရွိပါတယ္။ ခုေဖာ္ျပေပးမယ့္ အခ်က္ေလးေတြကေတာ့ အခ်စ္ေရးတစ္ခု တည္ျမဲဖို႔အတြက္ စြန္႔လႊတ္သင့္တဲ့ အက်င့္ေလးေတြပါ။ ဒီအရာေလးေတြဟာ ဘာမွမဟုတ္ဘူးလို႔ ထင္ရေပမယ့္ အခ်စ္ေရးတစ္ခုကို ပ်က္စီးေစႏိုင္တဲ့အထိ ျပင္းထန္တဲ့ အရာေတြျဖစ္တာေၾကာင့္ စြန္႔လႊတ္လိုက္ရေအာင္ေနာ္။

(၁) အီစီကလီေတြလုပ္တယ္

သင္ဘယ္လိုပဲရိုးသားတယ္၊ ျဖဴစင္တယ္လို႔ေျပာေျပာ အီစီကလီလုပ္တာဟာ ေဖာက္ျပန္ျခင္းတစ္မ်ိဳးပါ။ သင္ အီစီကလီလုပ္တိုင္း သိထားရမွာတစ္ခုကေတာ့ သင္လုပ္တဲ့အရာဟာ အေပ်ာ္ပဲျဖစ္ျဖစ္၊ စိတ္ထဲက မပါပဲလို႔ ေလွ်ာက္လုပ္တာျဖစ္ျဖစ္ ဘယ္သူ႔အတြက္မွမေကာင္းပါဘူး။ သင္ဟာ ခ်စ္သူရွိတဲ့သူတစ္ေယာက္ဆိုရင္ သင္ခ်စ္တဲ့သူက လြဲျပီး သူမ်ားနဲ႔ အီစီကလီလုပ္တာဟာ ေကာင္းမြန္တဲ့ လုပ္ရပ္မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီအက်င့္ကို စြန္႔လႊတ္လိုက္ပါ။

(၂) ကတိေတြအမ်ားၾကီးေပးျပီးမတည္တာ
အခ်စ္ေရးတစ္ခုတည္ျမဲဖို႔အတြက္ အေရးၾကီးဆံုးအရာကေတာ့ ကတိတည္ဖို႔ပါ။ ကတိေပးတယ္ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားက ယံုၾကည္မႈေတြကို တည္ေဆာက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ကတိတစ္ခုကို လြယ္လြယ္နဲ႔ မေပးသင့္သလို၊ ေပးျပီးသားကတိကိုလညး္ တတ္ႏိုင္သမွ်တည္ပါ။ ဒီလိုမွမဟုတ္ပဲ ခဏခဏကတိပ်က္ေနရင္ေတာ့ သင့္အေပၚယံုၾကည္မႈ ပ်က္စီးသြားမွာပါ။ ဒါေၾကာင့္ ကတိတစ္ခုကို ျပီးျပီးေရာပဲေပးျပီး လြယ္လြယ္ဖ်က္တတ္တဲ့ အက်င့္ကို စြန္႔လႊတ္လိုက္ပါ။

(၃) လိမ္တာ
လိမ္တယ္ဆိုတာ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ပဲလိမ္လိမ္ လံုးဝမေကာင္းပါဘူး။ တစ္ခါတေလ ကိုယ္က သူမၾကိဳက္တာလုပ္မိတယ္၊ ဒါကို ဖြင့္ေျပာလိုက္ရင္ ဒါမွမဟုတ္ အမွန္အတိုင္းေျပာလိုက္ရင္ သူစိတ္မေကာင္းျဖစ္မွာစိုးလို႔၊ နာက်င္ရမွာ စိုးလို႔ အလြယ္ေလးလိမ္လိုက္ေပမယ့္ သူသိသြားတဲ့အခါ နာက်င္ရပါတယ္။ အမွန္အတိုင္းဖြင့္ေျပာလို႔ နာက်င္ရတာထက္ သင္လိမ္လိုက္လို႔နာက်င္သြားတာ ပိုဆိုးပါတယ္။ ဒါေၾကာင့္ အလြယ္လိမ္တတ္တဲ့ အက်င့္ကို စြန္႔လႊတ္ပါ။

(၄) ရန္ျဖစ္ရင္ စိတ္ၾကီးလြန္းတယ္

ရန္ျဖစ္တဲ့အခါ ေဒါသအရမ္းထြက္တာမွန္ေပမယ့္ စကားအကုန္ေျပာတာ၊ သူ႔ကိုမခံႏိုင္တဲ့ စကားလံုးေတြနဲ႔ အႏိုင္ပိုင္းတာ၊ အၾကာၾကီးစိတ္ေကာက္တာ၊ လမ္းခြဲစကား ခဏခဏေျပာတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ၾကာလာတဲ့အခါ သင့္အေပၚမွာ စိတ္ဒဏ္ရာရသြားျပီး သင့္ကို စိတ္ပ်က္သြားႏိုင္ပါတယ္။ ေနာက္ျပီး စကားေတြကၽြံျပီးရင္ ျပန္ရုတ္သိမး္လို႔မရတာေၾကာင့္ ကိုယ့္စကားနဲ႔ကိုယ္ျပန္ပတ္ျပီး ေနာင္တေတြအၾကီးအက်ယ္ရသြားတတ္တာေၾကာင့္ ဒီလိုအက်င့္ေတြကို စြန္႔လႊတ္ပါ။

(၅) သင္စြဲလန္းတဲ့အရာေတြကိုပဲဦးစားေပးတယ္

သင့္ရဲ႕အလုပ္ ဒါမွမဟုတ္ သင္စြဲလန္းတဲ့အရာေတြ ဥပမာ ဖုနး္၊ fb၊ အင္တာနက္လိုမ်ိဳးအရာတစ္ခုခုေၾကာင့္ သင့္ခ်စ္သူကို အခ်ိန္မေပးတာ၊ သူ႔ခံစားခ်က္ကို လ်စ္လွ်ဴရႈထားတာ၊ အေလးမထားတာမ်ိဳးေတြမလုပ္ပါနဲ႔။ အစပိုင္းမွာေတာ့ သင့္ကို တြယ္ကပ္ေနေကာင္းေနမယ္ ဒါေပမယ့္ ေနာက္ပိုင္းက်ရင္ သင္မရွိပဲ အသားက်သြားျပီး ေနတတ္သြားတဲ့အခါ ျပႆနာေတြ အမ်ားၾကီးရွိလာပါလိမ့္မယ္။ သင့္ကိုခ်စ္တဲ့သူတစ္ေယာက္၊ သင္ကခ်စ္ရတဲ့သူတစ္ေယာက္ကို ဘာမဟုတ္တဲ့အရာေတြအတြက္နဲ႔ အဆံုးရႈံးမခံပါနဲ႔။

Credit Aunty May

UNICODE

အချစ်ရေးတစ်ခု တည်တံ့ခိုင်မြဲဖို့ဆိုတာ စုံတွဲတွေအနေနဲ့ နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်။ အချစ်ရေးတစ်ခု ခိုင်မြဲစေဖို့ လိုက်နာသင့်တဲ့အချက်လေးတွေရှိသလို၊ စွန့်လွှတ်သင့်တဲ့ အရာလေးတွေလည်း ရှိပါတယ်။ ခုဖော်ပြပေးမယ့် အချက်လေးတွေကတော့ အချစ်ရေးတစ်ခု တည်မြဲဖို့အတွက် စွန့်လွှတ်သင့်တဲ့ အကျင့်လေးတွေပါ။ ဒီအရာလေးတွေဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် အချစ်ရေးတစ်ခုကို ပျက်စီးစေနိုင်တဲ့အထိ ပြင်းထန်တဲ့ အရာတွေဖြစ်တာကြောင့် စွန့်လွှတ်လိုက်ရအောင်နော်။

(၁) အီစီကလီတွေလုပ်တယ်

သင်ဘယ်လိုပဲရိုးသားတယ်၊ ဖြူစင်တယ်လို့ပြောပြော အီစီကလီလုပ်တာဟာ ဖောက်ပြန်ခြင်းတစ်မျိုးပါ။ သင် အီစီကလီလုပ်တိုင်း သိထားရမှာတစ်ခုကတော့ သင်လုပ်တဲ့အရာဟာ အပျော်ပဲဖြစ်ဖြစ်၊ စိတ်ထဲက မပါပဲလို့ လျှောက်လုပ်တာဖြစ်ဖြစ် ဘယ်သူ့အတွက်မှမကောင်းပါဘူး။ သင်ဟာ ချစ်သူရှိတဲ့သူတစ်ယောက်ဆိုရင် သင်ချစ်တဲ့သူက လွဲပြီး သူများနဲ့ အီစီကလီလုပ်တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဒါကြောင့် ဒီအကျင့်ကို စွန့်လွှတ်လိုက်ပါ။

(၂) ကတိတွေအများကြီးပေးပြီးမတည်တာ
အချစ်ရေးတစ်ခုတည်မြဲဖို့အတွက် အရေးကြီးဆုံးအရာကတော့ ကတိတည်ဖို့ပါ။ ကတိပေးတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြားက ယုံကြည်မှုတွေကို တည်ဆောက်တာဖြစ်ပါတယ်။ ဒါကြောင့်ကတိတစ်ခုကို လွယ်လွယ်နဲ့ မပေးသင့်သလို၊ ပေးပြီးသားကတိကိုလည်း တတ်နိုင်သမျှတည်ပါ။ ဒီလိုမှမဟုတ်ပဲ ခဏခဏကတိပျက်နေရင်တော့ သင့်အပေါ်ယုံကြည်မှု ပျက်စီးသွားမှာပါ။ ဒါကြောင့် ကတိတစ်ခုကို ပြီးပြီးရောပဲပေးပြီး လွယ်လွယ်ဖျက်တတ်တဲ့ အကျင့်ကို စွန့်လွှတ်လိုက်ပါ။

(၃) လိမ်တာ
လိမ်တယ်ဆိုတာ ဘယ်လိုအကြောင်းပြချက်နဲ့ပဲလိမ်လိမ် လုံးဝမကောင်းပါဘူး။ တစ်ခါတလေ ကိုယ်က သူမကြိုက်တာလုပ်မိတယ်၊ ဒါကို ဖွင့်ပြောလိုက်ရင် ဒါမှမဟုတ် အမှန်အတိုင်းပြောလိုက်ရင် သူစိတ်မကောင်းဖြစ်မှာစိုးလို့၊ နာကျင်ရမှာ စိုးလို့ အလွယ်လေးလိမ်လိုက်ပေမယ့် သူသိသွားတဲ့အခါ နာကျင်ရပါတယ်။ အမှန်အတိုင်းဖွင့်ပြောလို့ နာကျင်ရတာထက် သင်လိမ်လိုက်လို့နာကျင်သွားတာ ပိုဆိုးပါတယ်။ ဒါကြောင့် အလွယ်လိမ်တတ်တဲ့ အကျင့်ကို စွန့်လွှတ်ပါ။

(၄) ရန်ဖြစ်ရင် စိတ်ကြီးလွန်းတယ်

ရန်ဖြစ်တဲ့အခါ ဒေါသအရမ်းထွက်တာမှန်ပေမယ့် စကားအကုန်ပြောတာ၊ သူ့ကိုမခံနိုင်တဲ့ စကားလုံးတွေနဲ့ အနိုင်ပိုင်းတာ၊ အကြာကြီးစိတ်ကောက်တာ၊ လမ်းခွဲစကား ခဏခဏပြောတာမျိုးတွေ မလုပ်ပါနဲ့။ ကြာလာတဲ့အခါ သင့်အပေါ်မှာ စိတ်ဒဏ်ရာရသွားပြီး သင့်ကို စိတ်ပျက်သွားနိုင်ပါတယ်။ နောက်ပြီး စကားတွေကျွံပြီးရင် ပြန်ရုတ်သိမ်းလို့မရတာကြောင့် ကိုယ့်စကားနဲ့ကိုယ်ပြန်ပတ်ပြီး နောင်တတွေအကြီးအကျယ်ရသွားတတ်တာကြောင့် ဒီလိုအကျင့်တွေကို စွန့်လွှတ်ပါ။

(၅) သင်စွဲလန်းတဲ့အရာတွေကိုပဲဦးစားပေးတယ်

သင့်ရဲ့အလုပ် ဒါမှမဟုတ် သင်စွဲလန်းတဲ့အရာတွေ ဥပမာ ဖုန်း၊ fb၊ အင်တာနက်လိုမျိုးအရာတစ်ခုခုကြောင့် သင့်ချစ်သူကို အချိန်မပေးတာ၊ သူ့ခံစားချက်ကို လျစ်လျှူရှုထားတာ၊ အလေးမထားတာမျိုးတွေမလုပ်ပါနဲ့။ အစပိုင်းမှာတော့ သင့်ကို တွယ်ကပ်နေကောင်းနေမယ် ဒါပေမယ့် နောက်ပိုင်းကျရင် သင်မရှိပဲ အသားကျသွားပြီး နေတတ်သွားတဲ့အခါ ပြဿနာတွေ အများကြီးရှိလာပါလိမ့်မယ်။ သင့်ကိုချစ်တဲ့သူတစ်ယောက်၊ သင်ကချစ်ရတဲ့သူတစ်ယောက်ကို ဘာမဟုတ်တဲ့အရာတွေအတွက်နဲ့ အဆုံးရှုံးမခံပါနဲ့။

Credit Aunty May

Leave a Comment