စစ္မွန္တဲ့ သူငယ္ခ်င္းေကာင္းေတြဆီမွာသာ ေတြ႔ျမင္ခံစားႏိုင္မယ့္ အခ်က္မ်ား

သူငယ္ခ်င္းလု႔ိေျပာလုိက္႐ံုနဲ႔ တကယ့္သူငယ္ခ်င္းစစ္ ဟုတ္မဟုတ္ဆိုတာ ဘယ္သူမွ မသိႏုိင္ပါဘူး။ တစ္ခ်ိဳ႕သူငယ္ခ်င္းေတြက ေပါင္းသာေပါင္းေနေပမယ့္ သူတုိ႔ဆီမွာ မ်က္ႏွာဖံုးအတုအေယာင္ေတြ တပ္ဆင္ထားတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြက်ျပန္ေတာ့လည္း ငယ္ငယ္ကတည္းက ေပါင္းလာေပမယ့္ သူတုိ႔ေတြရဲ႕ စိတ္မွာ ကိုယ့္ကိုယ္သိပ္အေလးအနက္မထားတာေတြလည္း ေတြ႔ဖူးပါတယ္။ ဒါဆို စစ္မွန္တဲ့ သူငယ္ခ်င္းဆိုတာဘာလဲ။ တကယ္တမ္း စစ္မွန္တဲ့ သူငယ္ခ်င္းေတြဆီမွာသာ ေတြ႔ျမင္ခံစားႏိုင္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

ပြင့္လင္းတယ္

သူငယ္ခ်င္းဆုိတာ အဓိကက ပြင့္လင္းမႈ႐ွိဖုိ႔က အဓိက လုိအပ္တယ္လုိ႔ ထင္ပါတယ္္။ သူငယ္ခ်င္းဆိုတာ ဒုတိယမိသားစုေတြျဖစ္သလုိ တစ္ေယာက္ရဲ႕ အေၾကာင္းကို တစ္ေယာက္ ေျပာစရာမလုိပဲကို သူ႔ရဲ႕ အားသာခ်က္၊ အားနည္းခ်က္တိုင္းကို သိေနတာက သူငယ္ခ်င္းေတြပါ။ ကိုယ့္ရဲ႕အားနည္းခ်က္ႀကီးကိုလည္း ဖံုးကြယ္မထားတတ္သလုိ၊ အဲဒီ႔အားနည္းခ်က္ကို အသံုးမခ်တတ္တာလည္း သူငယ္ခ်င္းပါပဲ။ ဒီလုိ ပြင့္လင္းမႈက စစ္မွန္တဲ့ သူငယ္ခ်င္းေတြမွာသာ ႐ွိေနတတ္တာ ျဖစ္ပါတယ္။

ေဝမွ်ခံစားတတ္တယ္
သူငယ္ခ်င္းဆုိတာ ေပ်ာ္စရာ႐ွိရင္ အတူတူရယ္ေမာရင္း ဝမ္းနည္းစရာေတြကို အတူတူ ေဝမွ်ခံစားေပးတတ္သူေတြပါ။ ကိုယ့္သူငယ္ခ်င္း ေကာင္းစားရယ္ လိုက္ေပ်ာ္႐ႊင္ဂုဏ္ယူေနတတ္သလုိ အခက္အခဲႀကံဳေနတဲ့အခ်ိန္ဆုိလည္း ျပသနာကို အတူတူေျဖ႐ွင္းေပးတတ္တဲ့ သူေတြပါ။ ဒါဟာ ပါးစပ္က သူငယ္ခ်င္းလုိ႔ ေျပာေန႐ံုနဲ႔ လုိက္လုပ္လု႔ိမရတဲ့ စစ္မွန္တဲ့ ခင္မင္မႈကို ေဖာ္ျပေနတဲ့ အခ်က္ေတြပဲ ျဖစ္္ပါတယ္။

မနာလုိဝန္တိုမႈ ကင္းတယ္

စစ္မွန္တဲ့ သူငယ္ခ်င္းဆိုတာ ကိုယ့္သူငယ္ခ်င္း ကိုယ့္ထက္သာသြြားမွာကို ေၾကာက္ေနတတ္တဲ့ ႀကိတ္မနာလုိ ျဖစ္ေနတတ္တဲ ့သူမ်ိဳးမဟုတ္္ပါဘူး။ ကိုယ္က ေနာက္မွာက်န္္ေနရင္ေတာင္ ကိုယ့္သူငယ္ခ်င္း ေအာင္ျမင္ဖို႔ဆိုရင္ ေထာက္တုိင္အျဖစ္ ႐ွိေနေပးမယ့္ သူမ်ိဳးပါ။ သူငယ္ခ်င္္းရဲ႕ ေအာင္ျမင္မႈအတြက္္ အျမဲတမ္း လက္ခုပ္တီးေပးမယ့္ တစ္စံုတစ္္ေယာက္ေသာသူမ်ိဳးကို စစ္မွန္တဲ့ သူငယ္ခ်င္းလုိ႔ ေခၚပါတယ္။

ဟန္ေဆာင္မ်က္ႏွာဖံုးေတြ မ႐ွိဘူး
တစ္ခ်ိဳ႕သူငယ္ခ်င္းေတြက လက္႐ွိမွာ ေပါင္းသင္းေနၾကေပမယ့္ သူတုိ႔ဆီမွာ မ်က္ႏွာဖံုးေတြ ခ်ိတ္ဆြြဲထားတတ္ၾကပါတယ္။ တကယ့္စိတ္္ရင္းအမွန္နဲ႔ ခင္္မင္တာမ်ိဳးမဟုတ္္ပဲ အေပၚယံေလာက္သာ ခင္မင္တတ္ၾကသူေတြပါ။ တကယ့္ စစ္မွန္တဲ့ သူငယ္ခ်င္းေတြဆီမွာေတာ့ ဒီလုိစိတ္ထားမ်ိဳးေတြ မ႐ွိပဲ ပြင့္ပြင့္လင္းလင္း စိတ္ရင္းအမွန္နဲ႔သာ ခင္မင္တတ္ၾကပါတယ္။ သူတုိ႔ေတြက သူငယ္ခ်င္းနဲ႔ပတ္သက္လာရင္ ဘာဟန္ေဆာင္ဖံုးကြယ္မႈမွ မလုပ္တတ္ၾကပါဘူး။

Credit Aunty May

UNICODE

သူငယ်ချင်းလု့ိပြောလိုက်ရုံနဲ့ တကယ့်သူငယ်ချင်းစစ် ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ တစ်ချို့သူငယ်ချင်းတွေက ပေါင်းသာပေါင်းနေပေမယ့် သူတို့ဆီမှာ မျက်နှာဖုံးအတုအယောင်တွေ တပ်ဆင်ထားတတ်ကြပါတယ်။ တစ်ချို့တွေကျပြန်တော့လည်း ငယ်ငယ်ကတည်းက ပေါင်းလာပေမယ့် သူတို့တွေရဲ့ စိတ်မှာ ကိုယ့်ကိုယ်သိပ်အလေးအနက်မထားတာတွေလည်း တွေ့ဖူးပါတယ်။ ဒါဆို စစ်မှန်တဲ့ သူငယ်ချင်းဆိုတာဘာလဲ။ တကယ်တမ်း စစ်မှန်တဲ့ သူငယ်ချင်းတွေဆီမှာသာ တွေ့မြင်ခံစားနိုင်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပွင့်လင်းတယ်

သူငယ်ချင်းဆိုတာ အဓိကက ပွင့်လင်းမှုရှိဖို့က အဓိက လိုအပ်တယ်လို့ ထင်ပါတယ်။ သူငယ်ချင်းဆိုတာ ဒုတိယမိသားစုတွေဖြစ်သလို တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက် ပြောစရာမလိုပဲကို သူ့ရဲ့ အားသာချက်၊ အားနည်းချက်တိုင်းကို သိနေတာက သူငယ်ချင်းတွေပါ။ ကိုယ့်ရဲ့အားနည်းချက်ကြီးကိုလည်း ဖုံးကွယ်မထားတတ်သလို၊ အဲဒီ့အားနည်းချက်ကို အသုံးမချတတ်တာလည်း သူငယ်ချင်းပါပဲ။ ဒီလို ပွင့်လင်းမှုက စစ်မှန်တဲ့ သူငယ်ချင်းတွေမှာသာ ရှိနေတတ်တာ ဖြစ်ပါတယ်။

ဝေမျှခံစားတတ်တယ်
သူငယ်ချင်းဆိုတာ ပျော်စရာရှိရင် အတူတူရယ်မောရင်း ဝမ်းနည်းစရာတွေကို အတူတူ ဝေမျှခံစားပေးတတ်သူတွေပါ။ ကိုယ့်သူငယ်ချင်း ကောင်းစားရယ် လိုက်ပျော်ရွှင်ဂုဏ်ယူနေတတ်သလို အခက်အခဲကြုံနေတဲ့အချိန်ဆိုလည်း ပြသနာကို အတူတူဖြေရှင်းပေးတတ်တဲ့ သူတွေပါ။ ဒါဟာ ပါးစပ်က သူငယ်ချင်းလို့ ပြောနေရုံနဲ့ လိုက်လုပ်လု့ိမရတဲ့ စစ်မှန်တဲ့ ခင်မင်မှုကို ဖော်ပြနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

မနာလိုဝန်တိုမှု ကင်းတယ်

စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ ကိုယ့်သူငယ်ချင်း ကိုယ့်ထက်သာသွားမှာကို ကြောက်နေတတ်တဲ့ ကြိတ်မနာလို ဖြစ်နေတတ်တဲ့သူမျိုးမဟုတ်ပါဘူး။ ကိုယ်က နောက်မှာကျန်နေရင်တောင် ကိုယ့်သူငယ်ချင်း အောင်မြင်ဖို့ဆိုရင် ထောက်တိုင်အဖြစ် ရှိနေပေးမယ့် သူမျိုးပါ။ သူငယ်ချင်းရဲ့ အောင်မြင်မှုအတွက် အမြဲတမ်း လက်ခုပ်တီးပေးမယ့် တစ်စုံတစ်ယောက်သောသူမျိုးကို စစ်မှန်တဲ့ သူငယ်ချင်းလို့ ခေါ်ပါတယ်။

ဟန်ဆောင်မျက်နှာဖုံးတွေ မရှိဘူး
တစ်ချို့သူငယ်ချင်းတွေက လက်ရှိမှာ ပေါင်းသင်းနေကြပေမယ့် သူတို့ဆီမှာ မျက်နှာဖုံးတွေ ချိတ်ဆွဲထားတတ်ကြပါတယ်။ တကယ့်စိတ်ရင်းအမှန်နဲ့ ခင်မင်တာမျိုးမဟုတ်ပဲ အပေါ်ယံလောက်သာ ခင်မင်တတ်ကြသူတွေပါ။ တကယ့် စစ်မှန်တဲ့ သူငယ်ချင်းတွေဆီမှာတော့ ဒီလိုစိတ်ထားမျိုးတွေ မရှိပဲ ပွင့်ပွင့်လင်းလင်း စိတ်ရင်းအမှန်နဲ့သာ ခင်မင်တတ်ကြပါတယ်။ သူတို့တွေက သူငယ်ချင်းနဲ့ပတ်သက်လာရင် ဘာဟန်ဆောင်ဖုံးကွယ်မှုမှ မလုပ်တတ်ကြပါဘူး။

Credit Aunty May

Leave a Comment