ကင္ဂ်ဳံအန္ႏွစ္ဦး စကားေျပာေနသည့္ လွ်ိဳ႕ဝွက္ဗြီဒီယိုဖုိင္ ထြက္ေပၚလာ၊ ပညာရွင္မ်ား ေဝခြဲရခက္ေန

ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ေမလ(၁)ရက္ေန႔က ဓာတ္ေျမၾသဇာစက္႐ုံဖြင့္ပြဲကို တက္ေရာက္ခဲ့ၿပီးေနာက္၊ သူ ေသၿပီ ဒါမွမဟုတ္ သူ အလြန္ေနမေကာင္းဖ်ားနာျဖစ္ေနတယ္ဆုိတဲ့ ေကာလာဟလသတင္းေတြကို တစ္စခန္းရပ္ေစခဲ့ပါတယ္။ ကင္ဂ်ဳံအန္ဟာ စက္ရုံအတြင္းမွာ လွည့္လည္သြားလာေနတဲ့ ႐ုပ္သံဗြီဒီယုိ္ဖုိင္ေတြလည္း ထြက္ေပၚခဲ့ပါတယ္။ဒါေပမယ့္ သီအုိရီသမားေတြ၊ ကြန္ပ်ဴတာအုိင္တီသမားေတြကေတာ့ အဲဒီကင္ဂ်ဳံအန္ဟာ ကင္ဂ်ဳံအန္အစစ္မဟုတ္ေၾကာင္း၊ ကင္ဂ်ဳံအန္နဲ႔ ႐ုပ္ခ်င္းအလြန္ဆင္တူတဲ့ အစားထုိးအေယာင္ေဆာင္တစ္ဦး ျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ ဒီသတင္းဟာ မွန္တယ္ မမွန္ဘူးဆုိတာထက္၊ ေခါင္းေဆာင္ကင္ဟုတ္မဟုတ္ တုိက္ဆုိင္စစ္ေဆးမႈေတြ ရွိလာခဲ့ၿပီး-

ပုံစံအားျဖင့္ တူညီသေယာင္ရွိေသာ္လည္း ေသခ်ာၾကည့္ရင္ ကြဲျပားတဲ့ဓာတ္ပုံေတြကုိ ယွဥ္တြဲ ေဖာ္ျပလာခဲ့ပါတယ္။ အဲဒီဓာတ္ပုံေတြမွာ အဓိကအားျဖင့္ သြားပုံစံ မတူညီျခင္း၊ ေမး႐ုိးအက်၊ လက္မွာ ပါတဲ့အမွတ္အသား စသည့္ျခားနားခ်က္ေတြ မ်ားစြာ ေထာက္ျပထားပါတယ္။ ဒီလုိပဲ ဘိလပ္ေျမစက္႐ုံဖြင့္ပြဲမွာ ညီမျဖစ္သူ ကင္ယုိေဂ်ာင္သည္ပင္ အစစ္မဟုတ္ဘဲ လူတူတစ္ဦးသာျဖစ္တယ္လုိ႔ ေထာက္ျပသူေတြ ရွိခဲ့ပါတယ္။အခု လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗြီဒီယုိဖုိင္မွာေတာ့ ကင္ဂ်ဳံအန္ဟာ သူနဲ႔ အလြန္႐ုပ္ခ်င္းဆင္တူတဲ့ လူတစ္ေယာက္နဲ႔ စကားေျပာေနတာလုိ႔ The Sun က ဆုိထားပါတယ္။ အဲဒီအျဖစ္အပ်က္ဟာ ဒုံးက်ည္စမ္းသပ္ ပစ္ခတ္မႈမတုိင္ခင္မွာ ႐ိုက္ကူးထားတာပါ။ အဲဒီအနီးအနားက လူေတြဟာ သာမန္စစ္ယူနီေဖာင္းေတြနဲ႔ ဆုိေသာ္လည္း ကင္နဲ႔ အဲဒီလူကေတာ့ အရပ္ေမာင္းတူ၊ အဝတ္စားတူ ျဖစ္ပါတယ္။ (တျခား အဝတ္အစားပုံစံတူ (၃)(၄)ဦးကိုလည္း ေတြ႕ရပါတယ္။)ဒါေပမယ့္ တစ္ခ်က္ ေျပာစရာရွိတာကေတာ့ အဲဒီလူရဲ႕မ်က္ႏွာကို ကင္မရာဆရာက တိတိက်က် ႐ုိက္ကူးထားတာမ်ိဳးေတာ့ မေတြ႕ရပါဘူး။ အဆုိပါ ဗြီဒီယုိဖုိင္ဟာ (၂၀၁၇)ခုႏွစ္ ဇူလုိင္ (၂၈)ရက္က Hwasong-14 missile ဒုံးက်ည္စမ္းသပ္ပစ္ခတ္မႈ မတုိင္ခင္မွာ ႐ိုက္ကူးထားတာလုိ႔ ဆုိပါတယ္။ Hwasong-14 missile ဒုံးက်ည္ကို အဲဒီႏွစ္ဇူလုိင္(၄)ရက္မွာ ေအာင္ျမင္စြာ ထုတ္လုပ္ႏုိင္ခဲ့တာပါ။

ဒီဗြီဒီယုိနဲ႔ပတ္သက္လုိ႔ အျမင္ကြဲလြဲသူေတြလည္း ရွိေနပါတယ္။ ကမာၻ႕သမုိင္းမွာေတာ့ တခ်ိဳ႕ေခါင္းေဆာင္ေတြဟာ လုပ္ႀကံခံရမွာစုိးလုိ႔ ပုံစံတူလူသားေတြကို အစားထုိးသေဘာနဲ႔ လႈပ္ရွားေစတာမ်ိဳးေတြ ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ဒါကို Body Double လုိ႔ ေခၚၿပီး၊ နာဇီေခါင္းေဆာင္ ဟစ္တလာ၊ ႐ုရွားေခါင္းေဆာင္ စတာလင္နဲ႔၊ အီရက္အာဏာရွင္ စတာလင္တုိ႔ဟာ ပုံတူလူသားေတြကို ၎တုိ႔ကိုယ္စား အစားထုိးသုံးခဲ့တယ္လုိ႔ ဆုိပါတယ္။႐ုရွားသမၼတပူတင္ကိုလည္း အေနာက္မီဒီယာေတြက Body Double သုံးတယ္လုိ႔ စြပ္စြဲခဲ့ေသာ္လည္း၊ ႏုိင္ငံပုိင္႐ုပ္သံနဲ႔ အင္တာဗ်ဴးအစီအစဥ္မွာ သမၼတပူတင္က တရားဝင္ ျငင္းဆုိခဲ့ဖူးပါတယ္။ အခု ဗြီဒီယုိဖုိင္ကလည္း ေခါင္းေဆာင္ကင္ လူျမင္ကြင္းမွာ ေပၚထြက္လာၿပီးမွ ေခတ္စားလာတာ ျဖစ္ျခင္းေၾကာင့္၊ တကယ္ပဲ ကင္ရဲ႕ Body Double ရွိေနတာလား၊ ဒါမွမဟုတ္ ပေဟဠိ္ေတြကို ဖန္တီးဖုိ႔ တမင္ သတင္းျဖန္႔သူေတြ ရွိေနတာလား စဥ္းစားစရာပါ။

Credit CeleCrazyNews
Ref The Sun

UNICODE
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ မေလ(၁)ရက်နေ့က ဓာတ်မြေသြဇာစက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့ပြီးနောက်၊ သူ သေပြီ ဒါမှမဟုတ် သူ အလွန်နေမကောင်းဖျားနာဖြစ်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို တစ်စခန်းရပ်စေခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ စက်ရုံအတွင်းမှာ လှည့်လည်သွားလာနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် သီအိုရီသမားတွေ၊ ကွန်ပျူတာအိုင်တီသမားတွေကတော့ အဲဒီကင်ဂျုံအန်ဟာ ကင်ဂျုံအန်အစစ်မဟုတ်ကြောင်း၊ ကင်ဂျုံအန်နဲ့ ရုပ်ချင်းအလွန်ဆင်တူတဲ့ အစားထိုးအယောင်ဆောင်တစ်ဦး ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒီသတင်းဟာ မှန်တယ် မမှန်ဘူးဆိုတာထက်၊ ခေါင်းဆောင်ကင်ဟုတ်မဟုတ် တိုက်ဆိုင်စစ်ဆေးမှုတွေ ရှိလာခဲ့ပြီး-

ပုံစံအားဖြင့် တူညီသယောင်ရှိသော်လည်း သေချာကြည့်ရင် ကွဲပြားတဲ့ဓာတ်ပုံတွေကို ယှဉ်တွဲ ဖော်ပြလာခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေမှာ အဓိကအားဖြင့် သွားပုံစံ မတူညီခြင်း၊ မေးရိုးအကျ၊ လက်မှာ ပါတဲ့အမှတ်အသား စသည့်ခြားနားချက်တွေ များစွာ ထောက်ပြထားပါတယ်။ ဒီလိုပဲ ဘိလပ်မြေစက်ရုံဖွင့်ပွဲမှာ ညီမဖြစ်သူ ကင်ယိုဂျောင်သည်ပင် အစစ်မဟုတ်ဘဲ လူတူတစ်ဦးသာဖြစ်တယ်လို့ ထောက်ပြသူတွေ ရှိခဲ့ပါတယ်။အခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်မှာတော့ ကင်ဂျုံအန်ဟာ သူနဲ့ အလွန်ရုပ်ချင်းဆင်တူတဲ့ လူတစ်ယောက်နဲ့ စကားပြောနေတာလို့ The Sun က ဆိုထားပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုမတိုင်ခင်မှာ ရိုက်ကူးထားတာပါ။ အဲဒီအနီးအနားက လူတွေဟာ သာမန်စစ်ယူနီဖောင်းတွေနဲ့ ဆိုသော်လည်း ကင်နဲ့ အဲဒီလူကတော့ အရပ်မောင်းတူ၊ အဝတ်စားတူ ဖြစ်ပါတယ်။ (တခြား အဝတ်အစားပုံစံတူ (၃)(၄)ဦးကိုလည်း တွေ့ရပါတယ်။)ဒါပေမယ့် တစ်ချက် ပြောစရာရှိတာကတော့ အဲဒီလူရဲ့မျက်နှာကို ကင်မရာဆရာက တိတိကျကျ ရိုက်ကူးထားတာမျိုးတော့ မတွေ့ရပါဘူး။ အဆိုပါ ဗွီဒီယိုဖိုင်ဟာ (၂၀၁၇)ခုနှစ် ဇူလိုင် (၂၈)ရက်က Hwasong-14 missile ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု မတိုင်ခင်မှာ ရိုက်ကူးထားတာလို့ ဆိုပါတယ်။ Hwasong-14 missile ဒုံးကျည်ကို အဲဒီနှစ်ဇူလိုင်(၄)ရက်မှာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာပါ။

ဒီဗွီဒီယိုနဲ့ပတ်သက်လို့ အမြင်ကွဲလွဲသူတွေလည်း ရှိနေပါတယ်။ ကမ္ဘာ့သမိုင်းမှာတော့ တချို့ခေါင်းဆောင်တွေဟာ လုပ်ကြံခံရမှာစိုးလို့ ပုံစံတူလူသားတွေကို အစားထိုးသဘောနဲ့ လှုပ်ရှားစေတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကို Body Double လို့ ခေါ်ပြီး၊ နာဇီခေါင်းဆောင် ဟစ်တလာ၊ ရုရှားခေါင်းဆောင် စတာလင်နဲ့၊ အီရက်အာဏာရှင် စတာလင်တို့ဟာ ပုံတူလူသားတွေကို ၎င်းတို့ကိုယ်စား အစားထိုးသုံးခဲ့တယ်လို့ ဆိုပါတယ်။ရုရှားသမ္မတပူတင်ကိုလည်း အနောက်မီဒီယာတွေက Body Double သုံးတယ်လို့ စွပ်စွဲခဲ့သော်လည်း၊ နိုင်ငံပိုင်ရုပ်သံနဲ့ အင်တာဗျူးအစီအစဉ်မှာ သမ္မတပူတင်က တရားဝင် ငြင်းဆိုခဲ့ဖူးပါတယ်။ အခု ဗွီဒီယိုဖိုင်ကလည်း ခေါင်းဆောင်ကင် လူမြင်ကွင်းမှာ ပေါ်ထွက်လာပြီးမှ ခေတ်စားလာတာ ဖြစ်ခြင်းကြောင့်၊ တကယ်ပဲ ကင်ရဲ့ Body Double ရှိနေတာလား၊ ဒါမှမဟုတ် ပဟေဠိတွေကို ဖန်တီးဖို့ တမင် သတင်းဖြန့်သူတွေ ရှိနေတာလား စဉ်းစားစရာပါ။

Credit CeleCrazyNews
Ref The Sun

Leave a Comment