ကုသေပ်ာက္ကင္းသူမ်ားတြင္ ပိုးျပန္ေတြ႕ျခင္းမွာ ကိုဗစ္ ထပ္မံကူးစက္ခံရျခင္းေၾကာင့္ မဟုတ္ဟု WHO ေျပာၾကား…

ကို႐ိုနာေရာဂါမွ သက္သာေပ်ာက္ကင္းသြားၿပီဟု ယူဆထားေသာ လူနာမ်ားတြင္ ေရာဂါပိုး ျပန္လည္ေတြ႕ရွိျခင္းမွာ ေရာဂါပိုးထပ္မံကူးစက္ခံရျခင္းမ်ိဳး မဟုတ္ဘဲ အဆုတ္မွ ဆဲလ္ေသမ်ားကို ျပန္လည္စြန္႔ထုတ္ျခင္းေၾကာင့္သာျဖစ္သည္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က ေမလ ၆ ရက္ေန႕တြင္ ေျပာၾကာခဲ့သည္။

ဧၿပီလအတြင္း အလားတူျဖစ္ရပ္မ်ိဳး ၁၀၀ ေက်ာ္နီးပါးေတြ႕ရွိခဲ့သည့္အတြက္ ေရာဂါပိုးသည္ ထပ္မံကူးစက္ႏိုင္စြမ္း ရွိႏိုင္သလား၊ သံသယပြားႏိုင္စရာအခ်က္ရွိလာသည္ ဟု ေတာင္ကိုရီးယားေဆးဘက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ျပန္လည္သက္သာလာတဲ့ လူနာေတြမွာ ေရာဂါပိုးျပန္လည္ေတြ႕ရွိတဲ့ ေဆးစစ္ခ်က္ေတြ ထြက္လာပါတယ္” ဟု WHO မွတာဝန္ရွိသူက ေျပာၾကားခဲ့ေသာ္လည္း ေတာင္ကိုရီးယားမွ ေတြ႕ရွိသုံးသပ္ခ်က္မ်ားအေပၚ ေဝဖန္သုံးသပ္မႈမ်ား မျပဳခဲ့ေပ။

“လတ္တေလာရလာတဲ့ အခ်က္အလက္ေတြအရ ဒီလိုျဖစ္ရျခင္းဟာ ျပန္လည္ေကာင္းမြန္လာျခင္းရဲ႕ ဆင့္ကဲျဖစ္စဥ္ေတြကေန အဆုတ္ထဲကဆဲလ္ေသေတြကို ျပန္လည္စြန္႔ထုတ္ျခင္းေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္” ဟု WHO မွတာဝန္ရွိသူက ဆိုသည္။သုေတသနမ်ားအရ ကို႐ိုနာဗိုင္းရပ္စ္အသစ္ကူးစက္ခံရသူသည္ ကူးစက္ခံရၿပီး တစ္ပတ္ သို႔မဟုတ္ ေရာဂါလကၡဏာျပသည့္ အခ်ိန္တြင္ ေရာဂါခုခံေသာ ပဋိပစၥည္းမ်ား ကိုယ္ခႏၶာအတြင္းမွာ ထြက္ေပၚလာသည္။ သို႔ေသာ္ ထိုပဋိပစၥည္းမ်ားသည္ ကူးစက္ပိုးအသစ္ကို အလုံအေလာက္ကာကြယ္ႏိုင္စြမ္း ရွိ မရွိႏွင့္ မည္မွ်ၾကာေအာင္ ကာကြယ္ႏိုင္စြမ္းရွိသည္ကိုမူ အတိအက်မသိရေသးဟု ပညာရွင္မ်ားက ေျပာၾကားခဲ့သည္။

သက္သာသြားၿပီးေနာက္ ေရာဂါပိုးေပၚလိုက္ ေပ်ာက္လိုက္ျဖစ္ေနသူမ်ားႏွင့္ ပတ္သက္ၿပီး သုေတသနမ်ား လုပ္ေဆာင္ရန္ လိုေသးသည္ဟု WHO ၏ အဆိုအရ သိရသည္။“ေရာဂါပိုးေတြ ဘယ္ေလာက္ၾကာေအာင္ အသက္ရွင္ႏိုင္လဲဆိုတာကိုေတာ့ ေရာဂါသက္သာသြားတဲ့ လူေတြဆီက ေဆးစစ္ခ်က္ေတြကို စနစ္တက်ေကာက္ခံစုေဆာင္းေဖာ္ထုတ္ရမွာပါ။ အသက္ရွင္က်န္ေသးတဲ့ ေရာဂါပိုးေတြက တျခားသူေတြဆီ ကူးစက္မႈရွိႏိုင္ မရွိႏိုင္ဆိုတာကိုလည္း ေဖာ္ထုတ္ရမွာပါ။ ကူးစက္ႏိုင္မႈရွိတယ္လို႔ေတာ့ တရားေသတြက္လို႔ မရပါဘူး” ဟု WHO မွ ကူးစက္မႈေရာဂါေဗဒပညာရွင္ မာရီယာဗန္ကာေဟာ့ဗ္က ဘီဘီစီႏွင့္ အင္တာဗ်ဴးတြင္ ဆဲလ္ေသစြန္႔ထုတ္မႈအေၾကာင္း ရွင္းလင္းျပသြားခဲ့သည္။

“အဆုတ္ျပန္လည္သက္သာေကာင္းမြန္တဲ့ အခ်ိန္မွာ တခ်ိဳ႕အဆုတ္အစိတ္အပိုင္းေတြဟာ ဆဲလ္ေသေတြနဲ႔ ဖုံးေနပါတယ္။ အဲဒီအစိတ္အပိုင္းေတြကို ေဆးစစ္ခ်က္ျပဳလုပ္တဲ့အခ်ိန္မွာ ေရာဂါပိုးေတြ႕ရွိတယ္ဆိုတဲ့ အေျဖထြက္လာတာ ျဖစ္ပါတယ္” ဟု မာရီယာဗန္ကာေဟာ့ဗ္ က ေျပာဆိုခဲ့သည္။“ထပ္ၿပီး ကူးစက္ခံရတာမ်ိဳး ေရာဂါပိုးျပန္ႂကြလာတာမ်ိဳး မဟုတ္ပါဘူး။ ျပန္လည္ေကာင္းမြန္ျခင္းရဲ႕ဆင့္ကဲျဖစ္စဥ္တစ္ခုပါ။ ဒါကို ခံႏိုင္ရည္ရွိ မရွိ ျပန္လည္ကူးစက္မႈကို ကာကြယ္ႏိုင္စြမ္းရွိ မရွိဆိုတဲ့ကိစၥအေပၚမွာေတာ့ အေျဖမရွိေသးပါဘူး”ဟု ၎က ဆိုသည္။ဝက္သက္ကဲ့သို႔ေသာ ေရာဂါပိုးရွိဖူးသူသည္ တစ္ခါျဖစ္ဖူး႐ုံႏွင့္ တစ္သက္တာ ခံႏိုင္စြမ္းရွိသည္။ ဆားစ္ကဲ့သို႔ေသာ ေရာဂါပိုးကူးစက္ခံရသူ၏ ခံႏိုင္ရည္စြမ္းမွာ မူလ သို႔မဟုတ္ ႏွစ္အနည္းငယ္ၾကာသည္အထိသာ ၾကာရွည္သည္။ကို႐ိုနာေရာဂါပိုးေၾကာင့္ ကမာၻတစ္ဝန္းေသဆုံးသူဦးေရ ၂၅၇,၀၀၀ ဦးႏွင့္ ကူးစက္ခံရသူဦးေရ ၃ ဒသမ ၇ သန္းနီးပါးရွိၿပီး ေရာဂါအေျခအေနဆိုး႐ြားသည့္ လူဦးေရ ရာခိုင္ႏႈန္းမွာလည္း ျမင့္မားလ်က္ရွိသည္။

Credit to Original

UNICODE

ကိုရိုနာရောဂါမှ သက်သာပျောက်ကင်းသွားပြီဟု ယူဆထားသော လူနာများတွင် ရောဂါပိုး ပြန်လည်တွေ့ရှိခြင်းမှာ ရောဂါပိုးထပ်မံကူးစက်ခံရခြင်းမျိုး မဟုတ်ဘဲ အဆုတ်မှ ဆဲလ်သေများကို ပြန်လည်စွန့်ထုတ်ခြင်းကြောင့်သာဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မေလ ၆ ရက်နေ့တွင် ပြောကြာခဲ့သည်။

ဧပြီလအတွင်း အလားတူဖြစ်ရပ်မျိုး ၁၀၀ ကျော်နီးပါးတွေ့ရှိခဲ့သည့်အတွက် ရောဂါပိုးသည် ထပ်မံကူးစက်နိုင်စွမ်း ရှိနိုင်သလား၊ သံသယပွားနိုင်စရာအချက်ရှိလာသည် ဟု တောင်ကိုရီးယားဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ပြန်လည်သက်သာလာတဲ့ လူနာတွေမှာ ရောဂါပိုးပြန်လည်တွေ့ရှိတဲ့ ဆေးစစ်ချက်တွေ ထွက်လာပါတယ်” ဟု WHO မှတာဝန်ရှိသူက ပြောကြားခဲ့သော်လည်း တောင်ကိုရီးယားမှ တွေ့ရှိသုံးသပ်ချက်များအပေါ် ဝေဖန်သုံးသပ်မှုများ မပြုခဲ့ပေ။

“လတ်တလောရလာတဲ့ အချက်အလက်တွေအရ ဒီလိုဖြစ်ရခြင်းဟာ ပြန်လည်ကောင်းမွန်လာခြင်းရဲ့ ဆင့်ကဲဖြစ်စဉ်တွေကနေ အဆုတ်ထဲကဆဲလ်သေတွေကို ပြန်လည်စွန့်ထုတ်ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်” ဟု WHO မှတာဝန်ရှိသူက ဆိုသည်။သုတေသနများအရ ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူသည် ကူးစက်ခံရပြီး တစ်ပတ် သို့မဟုတ် ရောဂါလက္ခဏာပြသည့် အချိန်တွင် ရောဂါခုခံသော ပဋိပစ္စည်းများ ကိုယ်ခန္ဓာအတွင်းမှာ ထွက်ပေါ်လာသည်။ သို့သော် ထိုပဋိပစ္စည်းများသည် ကူးစက်ပိုးအသစ်ကို အလုံအလောက်ကာကွယ်နိုင်စွမ်း ရှိ မရှိနှင့် မည်မျှကြာအောင် ကာကွယ်နိုင်စွမ်းရှိသည်ကိုမူ အတိအကျမသိရသေးဟု ပညာရှင်များက ပြောကြားခဲ့သည်။

သက်သာသွားပြီးနောက် ရောဂါပိုးပေါ်လိုက် ပျောက်လိုက်ဖြစ်နေသူများနှင့် ပတ်သက်ပြီး သုတေသနများ လုပ်ဆောင်ရန် လိုသေးသည်ဟု WHO ၏ အဆိုအရ သိရသည်။“ရောဂါပိုးတွေ ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်လဲဆိုတာကိုတော့ ရောဂါသက်သာသွားတဲ့ လူတွေဆီက ဆေးစစ်ချက်တွေကို စနစ်တကျကောက်ခံစုဆောင်းဖော်ထုတ်ရမှာပါ။ အသက်ရှင်ကျန်သေးတဲ့ ရောဂါပိုးတွေက တခြားသူတွေဆီ ကူးစက်မှုရှိနိုင် မရှိနိုင်ဆိုတာကိုလည်း ဖော်ထုတ်ရမှာပါ။ ကူးစက်နိုင်မှုရှိတယ်လို့တော့ တရားသေတွက်လို့ မရပါဘူး” ဟု WHO မှ ကူးစက်မှုရောဂါဗေဒပညာရှင် မာရီယာဗန်ကာဟော့ဗ်က ဘီဘီစီနှင့် အင်တာဗျူးတွင် ဆဲလ်သေစွန့်ထုတ်မှုအကြောင်း ရှင်းလင်းပြသွားခဲ့သည်။

“အဆုတ်ပြန်လည်သက်သာကောင်းမွန်တဲ့ အချိန်မှာ တချို့အဆုတ်အစိတ်အပိုင်းတွေဟာ ဆဲလ်သေတွေနဲ့ ဖုံးနေပါတယ်။ အဲဒီအစိတ်အပိုင်းတွေကို ဆေးစစ်ချက်ပြုလုပ်တဲ့အချိန်မှာ ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်လာတာ ဖြစ်ပါတယ်” ဟု မာရီယာဗန်ကာဟော့ဗ် က ပြောဆိုခဲ့သည်။“ထပ်ပြီး ကူးစက်ခံရတာမျိုး ရောဂါပိုးပြန်ကြွလာတာမျိုး မဟုတ်ပါဘူး။ ပြန်လည်ကောင်းမွန်ခြင်းရဲ့ဆင့်ကဲဖြစ်စဉ်တစ်ခုပါ။ ဒါကို ခံနိုင်ရည်ရှိ မရှိ ပြန်လည်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းရှိ မရှိဆိုတဲ့ကိစ္စအပေါ်မှာတော့ အဖြေမရှိသေးပါဘူး”ဟု ၎င်းက ဆိုသည်။ဝက်သက်ကဲ့သို့သော ရောဂါပိုးရှိဖူးသူသည် တစ်ခါဖြစ်ဖူးရုံနှင့် တစ်သက်တာ ခံနိုင်စွမ်းရှိသည်။ ဆားစ်ကဲ့သို့သော ရောဂါပိုးကူးစက်ခံရသူ၏ ခံနိုင်ရည်စွမ်းမှာ မူလ သို့မဟုတ် နှစ်အနည်းငယ်ကြာသည်အထိသာ ကြာရှည်သည်။ကိုရိုနာရောဂါပိုးကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူဦးရေ ၂၅၇,၀၀၀ ဦးနှင့် ကူးစက်ခံရသူဦးရေ ၃ ဒသမ ၇ သန်းနီးပါးရှိပြီး ရောဂါအခြေအနေဆိုးရွားသည့် လူဦးရေ ရာခိုင်နှုန်းမှာလည်း မြင့်မားလျက်ရှိသည်။

Credit to Original

Leave a Comment