အင္းစိန္ၿမိဳ႕နယ္အတြင္း ေနထိုင္သူေတြကို စစ္တမ္းေကာက္ယူရာမွာ သံသယလူနာ (၁၆)ဦးေတြ႕ရွိ

ရန္ကုန္တိုင္းအတြင္း ပိုးေတြ႕လူနာ အမ်ားဆုံးေတြ႕ရွိထားတဲ့အင္းစိန္ၿမိဳ႕နယ္အတြင္း ရပ္ကြက္ (၄)ခုမွာ ေနထိုင္တဲ့ လူဦးေရ (၅)ေသာင္းေက်ာ္ကို က်န္းမာေရးစစ္တမ္းေကာက္ယူရာမွာ သံသယလူနာ (၁၆)ဦးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ က်န္းမာေရးစစ္တမ္းေကာက္ယူမႈကိုေတာ့ မေန႔က ေမလ(၆)ရက္ေန႔က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး က်န္းမာေရးဝန္ထမ္းေတြက တစ္အိမ္တက္၊ တစ္အိမ္ဆင္းနဲ႔ ကိုယ္ပူခ်ိန္တိုင္းတာေတြကို လုပ္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

“ မေန႔က ကြၽန္ေတာ္တို႔ က်န္းမာေရးစစ္တမ္းေကာက္ယူတယ္။ သံသယလူနာ (၁၆)ဦးေတြ႕တယ္။ သံယလူနာဆိုတာက ကြၽန္ေတာ္တို႔ ဒီေရာဂါ လကၡဏာေတြ ျဖစ္တဲ့ ဖ်ားနာ၊ ႏွာေခ်း၊ ေခ်ာင္းဆိုးတဲ့သူေတြပါ။ အခု(၁၆)ဦးကိုေတာ့ Quarantine လုပ္ထားပါတယ္။ ၿပီးရင္ သူတို႔ကိုဓာတ္ခြဲနမူနာစစ္ေဆးၿပီး ေရာဂါပိုးမေတြ႕ရွိရဘူးဆိုရင္ေတာ့ ေနအိမ္ေတြမွာပဲ ျပန္လည္ေနထိုင္ေစမွာပါ” လို႔ အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။ အင္းစိန္ၿမိဳ႕နယ္အတြင္းေနထိုင္သူေတြကို အခုလို က်န္းမာေရးစစ္တမ္းေကာက္ယူရတာက ပိုးေတြ႕လူနာအမ်ားဆုံးေတြ႕ရွိထားတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္လို႔ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းစဥ္တစ္ခု အျဖစ္ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

စစ္တမ္းေကာက္ယူရာမွာ ျပည္သူေတြအေနနဲ႔က ဝမ္းသာအားရႀကိဳဆိုၾကသလို က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔က အခုလိုပူေလာင္တဲ့ ရာသီဥတုအေျခအေနမွာ ဝတ္စုံျပည့္ဝတ္ၿပီး လုပ္ေဆာင္ရာကလြဲလို႔ အခက္အခဲမရွိပါဘူးလို႔ ဦးေဝၿဖိဳးဟန္ကေျပာပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာ COVID 19 အတည္ျပဳလူနာ (၁၆၂)ဦးရွိၿပီး ေသဆုံးသူ(၆) ဦး၊ ျပန္လည္ေကာင္းမြန္လာ(၅၀)ဦးထိရွိပါတယ္။ ပိုးေတြ႕လူနာအမ်ားဆုံးျဖစ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာဆိုရင္လည္း အင္းစိန္ၿမိဳ႕နယ္ကလူနာအမ်ားဆုံးေတြ႕ရွိထားတဲ့ ၿမိဳ႕နယ္တစ္ခုလည္းျဖစ္ပါတယ္။

Credit Duwun

UNICODE

ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံးတွေ့ရှိထားတဲ့အင်းစိန်မြို့နယ်အတွင်း ရပ်ကွက် (၄)ခုမှာ နေထိုင်တဲ့ လူဦးရေ (၅)သောင်းကျော်ကို ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ သံသယလူနာ (၁၆)ဦးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးစစ်တမ်းကောက်ယူမှုကိုတော့ မနေ့က မေလ(၆)ရက်နေ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေက တစ်အိမ်တက်၊ တစ်အိမ်ဆင်းနဲ့ ကိုယ်ပူချိန်တိုင်းတာတွေကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

“ မနေ့က ကျွန်တော်တို့ ကျန်းမာရေးစစ်တမ်းကောက်ယူတယ်။ သံသယလူနာ (၁၆)ဦးတွေ့တယ်။ သံယလူနာဆိုတာက ကျွန်တော်တို့ ဒီရောဂါ လက္ခဏာတွေ ဖြစ်တဲ့ ဖျားနာ၊ နှာချေး၊ ချောင်းဆိုးတဲ့သူတွေပါ။ အခု(၁၆)ဦးကိုတော့ Quarantine လုပ်ထားပါတယ်။ ပြီးရင် သူတို့ကိုဓာတ်ခွဲနမူနာစစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိရဘူးဆိုရင်တော့ နေအိမ်တွေမှာပဲ ပြန်လည်နေထိုင်စေမှာပါ” လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။ အင်းစိန်မြို့နယ်အတွင်းနေထိုင်သူတွေကို အခုလို ကျန်းမာရေးစစ်တမ်းကောက်ယူရတာက ပိုးတွေ့လူနာအများဆုံးတွေ့ရှိထားတဲ့ မြို့နယ်တစ်ခုဖြစ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တစ်ခု အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

စစ်တမ်းကောက်ယူရာမှာ ပြည်သူတွေအနေနဲ့က ဝမ်းသာအားရကြိုဆိုကြသလို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့က အခုလိုပူလောင်တဲ့ ရာသီဥတုအခြေအနေမှာ ဝတ်စုံပြည့်ဝတ်ပြီး လုပ်ဆောင်ရာကလွဲလို့ အခက်အခဲမရှိပါဘူးလို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၆၂)ဦးရှိပြီး သေဆုံးသူ(၆) ဦး၊ ပြန်လည်ကောင်းမွန်လာ(၅၀)ဦးထိရှိပါတယ်။ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင်လည်း အင်းစိန်မြို့နယ်ကလူနာအများဆုံးတွေ့ရှိထားတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

Credit Duwun

Leave a Comment