Covid – 19 ရောဂါပိုးနဲ့ ပတ်သက်ပြီး အားလုံးမျှော်လင့်နေတဲ့ ဆေးစစ်ချက်အဖြေလေးရပြီဆိုတဲ့အကြောင်းပြောလာတဲ့ အဆိုတော်နီတာ




Source-Ni Tar Vocalist
Credit The Moon

UNICODE

ပရိသတ်ကြီးရေ အဆိုတော် နီတာကတော့ ဘာသာရေးပွဲတစ်ခုကို တက်ရောက်ခဲ့ရာမှ Covid – 19 ရောဂါပိုးကူးစက်ခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ရောဂါပိုးကူးစက်ခံရမှုကြောင့် ဆေးကုသမှုခံယူနေတာ အတော်ကြာပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ နီတာ Covid – 19 ရောဂါပိုးနဲ့ ပတ်သက်ပြီး အားလုံးမျှော်လင့်နေတဲ့ ဆေးစစ်ချက်အဖြေလေးရပြီဆိုတဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။“အားလုံးမျှော်လင့်နေတဲ့ အဖြေလေးရပါပြီခင်ဗျာ။Double Negative ပါ ခင်ဗျာ”ဆိုပြီး ဝမ်းသာစရာသတင်းလေးကို သူ့ရဲ့ လူမှုကွန်ရက်ကနေမျှဝေထားတာပဲဖြစ်ပါတယ်။

Covid – 19 လူနာအဖြစ် ဆေးကုသမှုခံယူနေရတဲ့ နီတာကတော့ သူရဲ့ဆေးစစ်ချက်အဖြေကတော့နှစ်ကြိမ်တိတိ Negative ဖြစ်သွားပါပြီတဲ့နော်။ Negative ဆိုတဲ့သတင်းလေးကြားရတဲ့အတွက် အနုပညာရှင်တော်တော်များများကလည်း ဝမ်းသာနေကြပြီး အားပေးစကား ပြောထားတာတွေ့ပါတယ်။ပရိသတ်ကြီးကလည်း နှစ်ကြိမ်တိတိ Negative ဖြစ်သွားပြီဖြစ်တဲ့ နီတာအတွက် ဝမ်းသာနေလိမ့်မယ့်လို့ မျှော်လင့်ပါတယ်နော်။

Source-Ni Tar Vocalist
Credit The Moon

Leave a Comment