လူကြမ်းသရုပ်ဆောင် ဦးကိုကိုဦးရဲ့ စိတ်ဓာတ်ကို ပြောပြလာတဲ့ ချယ်ရီသင်း




Credit – CeleGabar
Source – Cherry Thin

UNICODE 

အဆိုတော်ချယ်ရီသင်းကတော့ ဒီနေ့မှာ လူကြမ်းသရုပ်ဆောင် ဦးကိုကိုဦးရဲ့ စိတ်ဓာတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ချယ်ရီသင်းကတော့ ဦးကိုကိုဦးရဲ့ သားဖြစ်သူ သီဟအောင်နဲ့ သီချင်းတစ်ပုဒ်ကို အတူတူရိုက်ကူးခဲ့ရင်းကနေ အမှတ်တရတွေကို ပြောပြရင်းနဲ့ ဦးကိုကိုဦးရဲ့ စိတ်ဓာတ်လေးကို သဘေကျမိတာကြောင့် အခုလိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

“ချယ်ရီသီချင်းလေးရိုက်တော့ဦးတို့မိသားစုလိုက်လာကြတယ်ပေါ့။သဘောကောင်းလိုက်ပုံကပြောမနေနဲ့တစ်မိသားစုလုံးမျက်နှာလေးတွေပြုံးပြီးစကားပြောရင်လည်းတအားRespect ရှိတာပဲ။ချယ်ရီကအသစ်တစ်ယောက်ဆိုပေမဲ့ချယ်ရီကိုအလေးထားဆက်ဆံပေးတယ်။သမီးသမီးမောင်လေးကိုသမီးလိုချင်သလိုပြောခိုင်းနော်သမီးတို့စိတ်ကြိုက်မကြိုက်မခြင်းရိုက်တဲ့ ပြီးတော့အများတွေပြောကြတဲ့ကြက်သွန်နီဓါးနဲ့ထိုးတဲ့အခန်းဆို ချယ်ချယ်ကမထိုးရဲလို့ဦးကိုဦးကသင်ပေးခဲ့တာအတွေ့အကြုံမရှိတော့တကယ်ထိုးမိမှာစိုးလို့ ဓါးကလည်းအသစ်ဆိုတော့ကြောက်ကြောက်နဲ့လုပ်နေတာဦးသင်ပေးခဲ့လို့အဲ့အခန်းကအဆင်ပြေသွားတာ မောင်လေးသီဟအောင်ကလည်းယဉ်ကျေးပြီးသရုပ်ဆောင်တာလည်းအရမ်းတော်။ တစ်ကဒ်ကိုတစ်ခါပဲရိုက်ရတယ်။မိသားစု၃ယောက်လုံးတကယ်ချစ်စရာကောင်းတယ်။ ချေမိုးမနေဘူးကိုယ့်ထက်စီနီယာကိုတွေ့ရပေမဲ့တကယ်တစ်ရင်းတစ်နီးနဲ့မိသားစုလိုပဲ အဲ့နေ့ရိုက်ကူးရေးကပျော်ပျော်ရွှင်ရွှင်ပြီးခဲ့တယ်။ အလုပ်လုပ်ရတာအရမ်းစိတ်ချမ်းသာတယ်။ ချယ်ချယ့်အနေနဲ့လည်းဦးရောမောင်လေးဆီကပါကောင်းမွန်တဲ့စိတ်ဓါတ်လေးတွေကိုအတုယူရပါတယ်။

ဦးရောမောင်လေးသီဟအောင်ရောတစ်မိသားစုလုံးကျန်းမာချမ်းသာပြီး ပို၍အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ပြီးတော့အကောင်းဆုံးရိုက်ပေးခဲ့တဲ့ဒါရိုက်တာHtoo Aung Htoo Aungနဲ့ UG ENTERTAINMENT မှအဖွဲ့သားတွေလည်းကျေးဇူးပါကွယ်။ ပြီးတော့ငါ့ရဲ့Bff တေးရေးတေးဆို Htet Hlyam Hmue ကိုလည်းကျေးဇူးပါ။ ပြီးတော့မောင်လေးသီဟအောင်နဲ့မိတ်ဆက်ပေးခဲ့တဲ့ ချစ်သောမပိုကိုလည်းကျေးဇူးပါ။ အားလုံးချစ်တယ်နော်ဆက်ကြိုးစားကြမယ်။”လို့ “သတိထား” သီချင်းလေးရိုက်ကူးတုန်းက အမှတ်တရလေးတွေကို မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

Credit – CeleGabar
Source – Cherry Thin

Leave a Comment