Covid-19 ေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားသည့္ အမ်ိဳးသား စားစရာမရွိ၍ ရဲစခန္းသြား အဖမ္းခံ

ထိုင္းႏိုင္ငံ အပန္းေျဖကြၽန္းတစ္ခုျဖစ္တဲ့ ဖူးခက္မွာ အမ်ိဳးသားတစ္ေယာက္ဟာ မသာဖီတမင္းေဆးျပား တစ္ျပားတည္းကို ကိုင္ေဆာင္ၿပီး ရဲစခန္းထဲကို ေလွ်ာက္လွမ္းဝင္လာကာ သူ႔ကို ဖမ္းပါ၊ ဖမ္းမွသာ စားစရာရမွာပါလို႔ ေျပာလာတယ္လို႔ ဆိုပါတယ္။ မူအန္းခ႐ိုင္၊ ဝီခ်စ္ရဲစခန္းက လက္ေထာက္စခန္းမႉး သမာဆန႔္ ဘြန္းေဆာင္းကေတာ့ အသက္၂၀အ႐ြယ္ ခ်ာယာဖိုး အက္ဒင္းဟာ ရဲစခန္းကိုေရာက္လာၿပီး ယာဘေဆးျပားတစ္ျပား အပ္ႏွံကာ သူ႔ကို ဖမ္းဖို႔ ေတာင္းဆိုလာတဲ့အတြက္ သူနဲ႔ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြ အံ့ၾသခဲ့ၾကရတယ္လို႔ ဆိုပါတယ္။

မစၥတာခ်ာယာဖိုးဟာ Covid-19က ကြၽန္းကို ႐ိုက္ခတ္လာလို႔မို႔ သူ႔ရဲ႕ မီးျပင္ဆရာအလုပ္ကို ဆုံးရႈံးလိုက္ရသလို ကြၽန္းကို အဝင္အထြက္ပိတ္ထားတဲ့အတြက္လည္း ဖတ္တလန္းက သူ႔အေမဆီကို မျပန္ႏိုင္ျဖစ္ေနရွာတယ္လို႔ ဆိုပါတယ္။ ခ်ာယာဖိုးက တကယ္လို႔ သူ႔ကို ေထာင္ခ်လိုက္မယ္ဆိုရင္ ထမင္းေတာ့ နပ္မွန္ေအာင္စားရမယ္လို႔ ေျပာၾကားေၾကာင္း လက္ေထာက္စခန္းမႉးက ဆိုပါတယ္။

ရဲဌာနကေတာ့ ခ်ာယာဖိုးကို တရားမဝင္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ တရားစြဲထားၿပီး ကိုယ့္ကိုယ္ကိုယ္ အႏၲရာယ္ျပဳႏိုင္တဲ့ စိတ္ေဝဒနာမ်ား ခံစားေနရသလားဆိုၿပီး အနီးကပ္ ေစာင့္ၾကည့္ေနၾကတယ္လို႔ ဆိုပါတယ္။

Credit XYZ

UNICODE

ထိုင်းနိုင်ငံ အပန်းဖြေကျွန်းတစ်ခုဖြစ်တဲ့ ဖူးခက်မှာ အမျိုးသားတစ်ယောက်ဟာ မသာဖီတမင်းဆေးပြား တစ်ပြားတည်းကို ကိုင်ဆောင်ပြီး ရဲစခန်းထဲကို လျှောက်လှမ်းဝင်လာကာ သူ့ကို ဖမ်းပါ၊ ဖမ်းမှသာ စားစရာရမှာပါလို့ ပြောလာတယ်လို့ ဆိုပါတယ်။ မူအန်းခရိုင်၊ ဝီချစ်ရဲစခန်းက လက်ထောက်စခန်းမှူး သမာဆန့် ဘွန်းဆောင်းကတော့ အသက်၂၀အရွယ် ချာယာဖိုး အက်ဒင်းဟာ ရဲစခန်းကိုရောက်လာပြီး ယာဘဆေးပြားတစ်ပြား အပ်နှံကာ သူ့ကို ဖမ်းဖို့ တောင်းဆိုလာတဲ့အတွက် သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ အံ့သြခဲ့ကြရတယ်လို့ ဆိုပါတယ်။

မစ္စတာချာယာဖိုးဟာ Covid-19က ကျွန်းကို ရိုက်ခတ်လာလို့မို့ သူ့ရဲ့ မီးပြင်ဆရာအလုပ်ကို ဆုံးရှုံးလိုက်ရသလို ကျွန်းကို အဝင်အထွက်ပိတ်ထားတဲ့အတွက်လည်း ဖတ်တလန်းက သူ့အမေဆီကို မပြန်နိုင်ဖြစ်နေရှာတယ်လို့ ဆိုပါတယ်။ ချာယာဖိုးက တကယ်လို့ သူ့ကို ထောင်ချလိုက်မယ်ဆိုရင် ထမင်းတော့ နပ်မှန်အောင်စားရမယ်လို့ ပြောကြားကြောင်း လက်ထောက်စခန်းမှူးက ဆိုပါတယ်။

ရဲဌာနကတော့ ချာယာဖိုးကို တရားမဝင်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ တရားစွဲထားပြီး ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုနိုင်တဲ့ စိတ်ဝေဒနာများ ခံစားနေရသလားဆိုပြီး အနီးကပ် စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

Credit XYZ

 

Leave a Comment