ဇာတ္ပို့သရုပ္ေဆာင္ ဘိုမကို ပီတိမ်က္ရည္ေတြက်ေလာက္တဲ့အထိ ျပံဳးေပ်ာ္ေစခဲ့တဲ့ ျဖဴျဖဴေထြးရဲ့ အလွဴ

ျဖူျဖဴေထြးကေတာ့ တကၠသိုလ္ေက်ာင္းကပြဲကတဆင့္ လူမႈကြန္ယက္မွာ နာမည္ၾကီးလာသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းျပီး သြက္သြက္လက္လက္ရိွတဲ့ သူမရဲ့ ပံုစံေၾကာင့္ လုပ္ငန္းရွင္ေတြ ေတာ္ေတ္ာမ်ားမ်ားက သေဘာက်ၾကျပီး ေၾကာ္ျငာေတြကို လက္မလည္ေအာင္ ရိုက္ကူးေနရတာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ျဖဴျဖဴေထြးက ေၾကာ္ျငာေတြအျပင္ ရုပ္ရွင္ဇာတ္ကားေတြကိုလည္း လက္ခံရိုက္ကူးလာတာကို ေတြ့ရပါတယ္။

ေအာင္ျမင္လာတာနဲ့အမွ် ခ်ိဳ့တဲ့နြမ္းပါးသူေတြကို ကူညီေထာက္ပံ့ေပးခ်င္စိတ္အျပည့္ရိွတဲ့ ျဖဴျဖဴေထြးက ဒီကေန့ ကဆုန္လျပည့္ေန့မွာ အလွဴအတန္းေတြ ျပဳလုပ္ခဲ့ပါတယ္။ ျဖဴျဖဴေထြးက ဇာတ္ရုပ္ဇာတ္ပို့သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဘုိမကိုလည္း စားေသာက္ရိကၡာေတြနဲ့ ေငြသားတခ်ိဳ့ ကူညီလွဴဒါန္းေပးခဲ့တာေၾကာင့္ ဘုိမခမ်ာ ဝမ္းသာလြန္းလို့ မ်က္ရည္ေတြေတာင္ က်ရတာကို ေတြ့ရပါတယ္။

ျဖဴျဖဴေထြးကေတာ့ “အၿပဳံးေလးတစ္ခ်က္နဲ႔တင္ ျဖဴျဖဴေထြးလုံေလာက္ပါၿပီး ဒီေန႔ ကဆုန္လျပည့္ ဗုဒၶေန႔ေလးမွာ စိတ္ႏွလုံး႐ႊင္ၿပဳံးႏိုင္ၾကပါေစ” ဆိုျပီး ဆုေတာင္းေပးထားပါတယ္။ ပရိသတ္ၾကီးအတြက္ ျဖဴျဖဴေထြးရဲ့ ကုသိုလ္ေလးကို ထပ္တူသာဓုေခၚနိုင္ဖို့ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source: Phyu Phyu Htwe’s fb
Credit – Cele Connections

UNICODE

ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းကပွဲကတဆင့် လူမှုကွန်ယက်မှာ နာမည်ကြီးလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး သွက်သွက်လက်လက်ရှိတဲ့ သူမရဲ့ ပုံစံကြောင့် လုပ်ငန်းရှင်တွေ တော်တေ်ာများများက သဘောကျကြပြီး ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးလာတာကို တွေ့ရပါတယ်။

အောင်မြင်လာတာနဲ့အမျှ ချို့တဲ့နွမ်းပါးသူတွေကို ကူညီထောက်ပံ့ပေးချင်စိတ်အပြည့်ရှိတဲ့ ဖြူဖြူထွေးက ဒီကနေ့ ကဆုန်လပြည့်နေ့မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြူဖြူထွေးက ဇာတ်ရုပ်ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘိုမကိုလည်း စားသောက်ရိက္ခာတွေနဲ့ ငွေသားတချို့ ကူညီလှူဒါန်းပေးခဲ့တာကြောင့် ဘိုမခမျာ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရတာကို တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ “အပြုံးလေးတစ်ချက်နဲ့တင် ဖြူဖြူထွေးလုံလောက်ပါပြီး ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့လေးမှာ စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ” ဆိုပြီး ဆုတောင်းပေးထားပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကို ထပ်တူသာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe’s fb
Credit – Cele Connections

Leave a Comment