ေျခေထာက္ႏွစ္ဖက္လုံး မိုင္းထိထားတဲ့ စစ္မႈထမ္းေဟာင္းႀကီးကို Wheel Chair သြားလႉခဲ့တဲ့ ယုန္ေလး

ဟစ္ေဟာ့ေလာကမွာ လူငယ္ေတြရဲ႕အားေပးမႈအျပည့္အဝရရွိထားၿပီး အက္ရွင္ကားေတြကို ႐ိုက္ကူးေနတဲ့မင္းသားတစ္လက္ျဖစ္တဲ့ ယုန္ေလးကေတာ့ တကယ့္ကို ပရဟိတ စိတ္အျပည့္ရွိတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ ေနာက္တက္လူငယ္ေလးေတြကို အၿမဲလက္တြဲေခၚတတ္သလို အမွန္တကယ္ လိုအပ္ေနတဲ့ ေနရာ ေတြမွာလည္း အၿမဲလိုလို တက္အားသမွ်ပါဝင္လႉဒါန္းေနတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္ ။ ဒီေန႔မွာေတာ့ ကိုယုန္ေလးတစ္ေယာက္ ၾကည္ႏူးစရာေကာင္းတဲ့ အလႉေလးတစ္ခုကို မြန္ျမတ္စြာျပဳလုပ္ခဲ့ပါတယ္ ပရိသတ္ႀကီးေရ ..။

ေျခေထာက္ႏွစ္ဖက္လုံး မိုင္းထိထားတဲ့ စစ္မႈထမ္းေဟာင္း တစ္ေယာက္ရဲ႕ သမီးေလးက ယုန္ေလးနဲ႔ Facebook မွာ Friend ျဖစ္ေနၿပီး အကူညီေတာင္းၿပီး သူတို႔ တကယ္အဆင္မေျပတဲ့ အေၾကာင္းေျပာလာတဲ့အတြက္ ဓာတ္ပုံၾကည့္လိုက္ေတာ့ စိတ္မေကာင္းျဖစ္မိရာကေန ကူညီဖို႔ Power Wheel Chair Myanmar ကိုဖုန္းဆက္ၿပီး ေဈးေမးခဲ့တယ္လို႔သိရပါတယ္ ။ ” ကြၽန္ေတာ္ ယုန္ေလးပါ လႉဖို႔လို႔ေျပာၿပီး ေနာက္ေန႔ျပန္ဆက္မယ္ ေျပာခဲ့တယ္ ေနာက္ေန႔ မနက္ Power Wheel Chair Myanmar ကဖုန္းဆက္လာတယ္ ကိုယုန္ေလး လိုက္ကူေနတာေတြ ေတြ႕ပါတယ္ အဲ့အတြက္ အလႉထဲ ပါဝင္ခ်င္တယ္ဆိုၿပီး Power Wheel Chair လႉဒါန္းသြားတယ္လို႔ ယုန္ေလးက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပခဲ့ပါတယ္ ။

ဒါ့အျပင္ အလႉေငြ အေနနဲ႔ Alisa Maneenok Boss Koy က တစ္သိန္းက်ပ္ ၊ Love Rose က တစ္သိန္းက်ပ္ စုစုေပါင္း ၂သိန္း ကူခဲ့ပါတယ္လို႔လည္းသိရပါတယ္ ။ ကိုယုန္ေလးရဲ႕ မြန္ျမတ္တဲ့ အလႉေလးေၾကာင့္ စစ္မႈထမ္းေဟာင္းႀကီး အခုလို အဆင္ေျပသြားတဲ့အတြက္ ပရိသတ္ေတြအားလုံးက ၾကည္ႏူးစြာ သာဓုေခၚဆိုေပးခဲ့ၾကပါတယ္ ။ ကိုယုန္ေလးတစ္ေယာက္ ဒီထက္မက လႉႏိုင္ တန္းႏိုင္တဲ့ သူတစ္ေယာက္ျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Source : Yone Lay
Credit Cele Gabar

UNICODE

ဟစ်ဟော့လောကမှာ လူငယ်တွေရဲ့အားပေးမှုအပြည့်အဝရရှိထားပြီး အက်ရှင်ကားတွေကို ရိုက်ကူးနေတဲ့မင်းသားတစ်လက်ဖြစ်တဲ့ ယုန်လေးကတော့ တကယ့်ကို ပရဟိတ စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ နောက်တက်လူငယ်လေးတွေကို အမြဲလက်တွဲခေါ်တတ်သလို အမှန်တကယ် လိုအပ်နေတဲ့ နေရာ တွေမှာလည်း အမြဲလိုလို တက်အားသမျှပါဝင်လှူဒါန်းနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ကိုယုန်လေးတစ်ယောက် ကြည်နူးစရာကောင်းတဲ့ အလှူလေးတစ်ခုကို မွန်မြတ်စွာပြုလုပ်ခဲ့ပါတယ် ပရိသတ်ကြီးရေ ..။

ခြေထောက်နှစ်ဖက်လုံး မိုင်းထိထားတဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ရဲ့ သမီးလေးက ယုန်လေးနဲ့ Facebook မှာ Friend ဖြစ်နေပြီး အကူညီတောင်းပြီး သူတို့ တကယ်အဆင်မပြေတဲ့ အကြောင်းပြောလာတဲ့အတွက် ဓာတ်ပုံကြည့်လိုက်တော့ စိတ်မကောင်းဖြစ်မိရာကနေ ကူညီဖို့ Power Wheel Chair Myanmar ကိုဖုန်းဆက်ပြီး ဈေးမေးခဲ့တယ်လို့သိရပါတယ် ။ ” ကျွန်တော် ယုန်လေးပါ လှူဖို့လို့ပြောပြီး နောက်နေ့ပြန်ဆက်မယ် ပြောခဲ့တယ် နောက်နေ့ မနက် Power Wheel Chair Myanmar ကဖုန်းဆက်လာတယ် ကိုယုန်လေး လိုက်ကူနေတာတွေ တွေ့ပါတယ် အဲ့အတွက် အလှူထဲ ပါဝင်ချင်တယ်ဆိုပြီး Power Wheel Chair လှူဒါန်းသွားတယ်လို့ ယုန်လေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

ဒါ့အပြင် အလှူငွေ အနေနဲ့ Alisa Maneenok Boss Koy က တစ်သိန်းကျပ် ၊ Love Rose က တစ်သိန်းကျပ် စုစုပေါင်း ၂သိန်း ကူခဲ့ပါတယ်လို့လည်းသိရပါတယ် ။ ကိုယုန်လေးရဲ့ မွန်မြတ်တဲ့ အလှူလေးကြောင့် စစ်မှုထမ်းဟောင်းကြီး အခုလို အဆင်ပြေသွားတဲ့အတွက် ပရိသတ်တွေအားလုံးက ကြည်နူးစွာ သာဓုခေါ်ဆိုပေးခဲ့ကြပါတယ် ။ ကိုယုန်လေးတစ်ယောက် ဒီထက်မက လှူနိုင် တန်းနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ Cele Gabar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Yone Lay
Credit Cele Gabar

Leave a Comment