သတင္းစာေၾကာ္ျငာမ်ားျဖင့္ လူသိမ်ားသည့္ ဦးအိုက္စန္ ကြယ္လြန္

သတင္းစာမ်ားတြင္ ထည့္သြင္းသည့္ ေၾကာ္ျငာမ်ားျဖင့္ လူသိမ်ားသည့္ ျမန္မာျပည္မွာဆန္းရႈိင္း သားေရပစၥည္းအေရာင္းဆိုင္လုပ္ငန္းရွင္ ဦးအိုက္စန္သည္ ယေန႔နံနက္ ၁၀ နာရီခြဲက ကြယ္လြန္ခဲ့ေၾကာင္း မိသားစု၀င္မ်ားထံမွ သိရွိရသည္။သူက ေသြးတိုးလည္း ရွိတယ္။ ႐ုတ္တရက္ ႏွလုံးရပ္ၿပီး ကြယ္လြန္သြားတာပါ ” ဟု မိသားစု၀င္တစ္ဦးက ေျပာၾကားသည္။

ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ေၾကာင့္ ျမန္မာျပည္တြင္ သၾကၤန္ပြဲေတာ္ရပ္ဆိုင္းေပးရန္ႏွင့္ အကယ္ဒမီပြဲ ရက္ေ႐ႊ႕ဆိုင္းေပးရန္ ဦးအိုက္စန္က ေဖေဖာ္ဝါရီလအတြင္းက ေမတၱာရပ္ခံခဲ့ၿပီး ယင္းေၾကာ္ျငာေၾကာင့္ လူမႈကြန္ရက္တြင္ ႏွစ္သက္သေဘာက်ၿပီး ျပန္လည္မွ်ေဝသူ မ်ားျပားခဲ့သည္။

ကြယ္လြန္ခ်ိန္၌ အသက္ ၆၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည့္ ဦးအိုက္စန္သည္ ၎တြင္ AIDS ေရာဂါျဖစ္ေနၿပီဟူ၍ လည္းေကာင္း၊ က်ဳံးေဘး လမ္းေလွ်ာက္မည့္အခ်ိန္ ေျပာင္းလဲမည့္အေၾကာင္း၊ လမ္းအတူေလွ်ာက္ရန္ အမ်ိဳးသမီး၀န္ထမ္း အလိုရွိသည့္အေၾကာင္း၊ ဦးအိုက္စန္ မြဲသြားၿပီ၊ ႐ူးသြားၿပီ၊ က်ဆုံးေတာ့မည္ ဟူသည့္ အေၾကာင္းမ်ားကို သတင္းစာမ်ားတြင္ ေၾကာ္ျငာခဲ့မႈမ်ားေၾကာင့္ လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားအတြင္း၌ပင္ လူသိမ်ားခဲ့သူ ျဖစ္သည္။ဦးအိုက္စန္၏ ေနာက္ဆုံးခရီးကို ေမလ ၇ ရက္ေန႔ မြန္းလြဲ၁ နာရီ၌ ေအးရိပ္ၿငိမ္ ဖုခ်င့္႐ုံက်င့္သုႆန္၌ ျပဳလုပ္မည္ျဖစ္ေၾကာင္း နာေရးဖိတ္စာတြင္ ေဖာ္ျပထားသည္။

Credit The Voice

UNICODE

သတင်းစာများတွင် ထည့်သွင်းသည့် ကြော်ငြာများဖြင့် လူသိများသည့် မြန်မာပြည်မှာဆန်းရှိုင်း သားရေပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင် ဦးအိုက်စန်သည် ယနေ့နံနက် ၁၀ နာရီခွဲက ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။သူက သွေးတိုးလည်း ရှိတယ်။ ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်သွားတာပါ ” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် မြန်မာပြည်တွင် သင်္ကြန်ပွဲတော်ရပ်ဆိုင်းပေးရန်နှင့် အကယ်ဒမီပွဲ ရက်ရွှေ့ဆိုင်းပေးရန် ဦးအိုက်စန်က ဖေဖော်ဝါရီလအတွင်းက မေတ္တာရပ်ခံခဲ့ပြီး ယင်းကြော်ငြာကြောင့် လူမှုကွန်ရက်တွင် နှစ်သက်သဘောကျပြီး ပြန်လည်မျှဝေသူ များပြားခဲ့သည်။

ကွယ်လွန်ချိန်၌ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးအိုက်စန်သည် ၎င်းတွင် AIDS ရောဂါဖြစ်နေပြီဟူ၍ လည်းကောင်း၊ ကျုံးဘေး လမ်းလျှောက်မည့်အချိန် ပြောင်းလဲမည့်အကြောင်း၊ လမ်းအတူလျှောက်ရန် အမျိုးသမီးဝန်ထမ်း အလိုရှိသည့်အကြောင်း၊ ဦးအိုက်စန် မွဲသွားပြီ၊ ရူးသွားပြီ၊ ကျဆုံးတော့မည် ဟူသည့် အကြောင်းများကို သတင်းစာများတွင် ကြော်ငြာခဲ့မှုများကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း၌ပင် လူသိများခဲ့သူ ဖြစ်သည်။ဦးအိုက်စန်၏ နောက်ဆုံးခရီးကို မေလ ၇ ရက်နေ့ မွန်းလွဲ၁ နာရီ၌ အေးရိပ်ငြိမ် ဖုချင့်ရုံကျင့်သုဿန်၌ ပြုလုပ်မည်ဖြစ်ကြောင်း နာရေးဖိတ်စာတွင် ဖော်ပြထားသည်။

Credit The Voice

Leave a Comment