မႏၲေလးကန္ေတာ္နဒီေဆး႐ုံ မွလူနာအမွတ္ ၁၃၂ ေရာဂါေပ်ာက္ကင္းၿပီး မိသားစုမွာလည္းေရာဂါပိုးမေတြ႕ရွိ

မႏၲေလးကန္ေတာ္နဒီေဆး႐ုံမွာ တက္ေရာက္ကုသေနတဲ့ အသက္ ၈၀ အ႐ြယ္ နာတာရွည္ေရာဂါသည္ လူနာအမွတ္ ၁၃၂ မွာ ေရာဂါပိုးမေတြ႕ရွိေတာ့သလို သူနဲ႔ အနီးကပ္ေနခဲ့တဲ့ မိသားစုဝင္ေတြမွာလည္း ေရာဂါပိုးမေတြ႕ဘူးလို႔ မတၱရာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းလြင္က ေျပာပါတယ္။

လူနာဟာ ေလျဖတ္ေဝဒနာခံစားေနရသူတစ္ဦးျဖစ္ၿပီး ဧၿပီလ ၂၁ ရက္က ေနထိုင္မေကာင္းျဖစ္တဲ့အတြက္ ေဆး႐ုံသြားျပရာကေန သံသယလူနာအျဖစ္ ေစာင့္ၾကည့္ထားရာက ဧၿပီလ ၂၃ ရက္မွာေတာ့ COVID-19 ေရာဂါပိုးရွိေၾကာင္းစစ္ေဆးေတြ႕ရွိခဲ့တာပါ။အခုေတာ့ လူနာကို ဒုတိယအႀကိမ္နဲ႔ တတိယအႀကိမ္ စစ္ေဆးရာမွာ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႕ရွိေတာ့တာျဖစ္တယ္လို႔ လူနာရဲ႕ သမီးျဖစ္သူဆီက တစ္ဆင့္ သိခဲ့ရတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းလြင္က ဆိုပါတယ္။

ဒီေန႔မနက္မွာ လူနာရဲ႕သမီးက ကြၽန္ေတာ့္ကို ဖုန္းဆက္သြယ္လာပါတယ္။ႏွစ္ႀကိမ္ဆက္တိုက္ စစ္တဲ့အခါမွာ Negative ထြက္တယ္လို႔ေျပာပါတယ္။ သူ႔ကိုေတာ့ကိုဗစ္လူနာေတြကုသေပးတဲ့အခန္းကေန ေ႐ႊ႕ေပးေတာ့မွာပါလို႔ ေျပာပါတယ္” လို႔ဆိုပါတယ္။ဒါ့အျပင္ လူနာကို အနီးကပ္ျပဳစုေပးခဲ့သူ သမီးအပါအဝင္ ၊ ဇနီးနဲ႔ အျခားထိေတြ႕ခဲ့သူ စုစုေပါင္း ၉ ဦးကို ဓာတ္ခြဲစစ္ေဆးရာမွာလည္း ေရာဂါပိုးမေတြ႕ရွိဘူးလို႔ သိရပါတယ္။လူနာအမွတ္ ၁၃၂ ဟာ ျပည္ပခရီးသြားရာဇဝင္လည္းမရွိ၊ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့ဖူးသူမဟုတ္ဘူးလို႔သိရၿပီး သူဘယ္လို ေရာဂါကူးစက္ခံမွန္းကိုေတာ့ အခုခ်ိန္ထိတိတိက်က် မသိရေသးဘူးလို႔လည္း မတၱရာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းက ေျပာျပပါတယ္။

လက္ရွိမွာ သူေနထိုင္ခဲ့တဲ့ မတၱရာၿမိဳ႕နယ္ အမွတ္ ၂ နယ္ေျမကံသာရပ္ကြက္မွာ ဧၿပီလ ၂၃ ရက္ေန႔ကတည္းက ေလာ့ေဒါင္းခ်ထားၿပီး အိမ္ပတ္ဝန္းက်င္တစ္ဝိုက္ ပိုးသတ္ေဆးျဖန္းတာေတြ၊ ေရာဂါထပ္မံမျပန႔္ပြားေရးအတြက္ ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ထားတယ္လို႔လည္း ဆိုပါတယ္။မႏၲေလးမွာ ယေန႔ ေမလ ၆ ရက္အထိ အတည္ျပဳလူနာ ၃ ဦးရွိခဲ့ရာ လူနာအမွတ္ ၄ ကေတာ့ ေဆး႐ုံကဆင္းခြင့္ရထားၿပီး ေနအိမ္မွာပဲ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားဆဲျဖစ္ပါတယ္။လက္ရွိ ျမန္မာႏိုင္ငံမွာ ေမလ ၆ ရက္ မနက္ပိုင္းအထိ တစ္ႏိုင္ငံလုံးမွာ အတည္ျပဳလူနာ ၁၆၁ ဦးရွိၿပီး ယင္းထဲမွ ေရာဂါေပ်ာက္ကင္းသူ ၄၉ ဦးရွိကာ ေသဆုံးသူ ၆ ဦး ရွိေနတယ္လို႔လည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Credit Duwun

UNICODE

မန္တလေးကန်တော်နဒီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၈၀ အရွယ် နာတာရှည်ရောဂါသည် လူနာအမှတ် ၁၃၂ မှာ ရောဂါပိုးမတွေ့ရှိတော့သလို သူနဲ့ အနီးကပ်နေခဲ့တဲ့ မိသားစုဝင်တွေမှာလည်း ရောဂါပိုးမတွေ့ဘူးလို့ မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်က ပြောပါတယ်။

လူနာဟာ လေဖြတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်ပြီး ဧပြီလ ၂၁ ရက်က နေထိုင်မကောင်းဖြစ်တဲ့အတွက် ဆေးရုံသွားပြရာကနေ သံသယလူနာအဖြစ် စောင့်ကြည့်ထားရာက ဧပြီလ ၂၃ ရက်မှာတော့ COVID-19 ရောဂါပိုးရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့တာပါ။အခုတော့ လူနာကို ဒုတိယအကြိမ်နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိတော့တာဖြစ်တယ်လို့ လူနာရဲ့ သမီးဖြစ်သူဆီက တစ်ဆင့် သိခဲ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်က ဆိုပါတယ်။

ဒီနေ့မနက်မှာ လူနာရဲ့သမီးက ကျွန်တော့်ကို ဖုန်းဆက်သွယ်လာပါတယ်။နှစ်ကြိမ်ဆက်တိုက် စစ်တဲ့အခါမှာ Negative ထွက်တယ်လို့ပြောပါတယ်။ သူ့ကိုတော့ကိုဗစ်လူနာတွေကုသပေးတဲ့အခန်းကနေ ရွှေ့ပေးတော့မှာပါလို့ ပြောပါတယ်” လို့ဆိုပါတယ်။ဒါ့အပြင် လူနာကို အနီးကပ်ပြုစုပေးခဲ့သူ သမီးအပါအဝင် ၊ ဇနီးနဲ့ အခြားထိတွေ့ခဲ့သူ စုစုပေါင်း ၉ ဦးကို ဓာတ်ခွဲစစ်ဆေးရာမှာလည်း ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။လူနာအမှတ် ၁၃၂ ဟာ ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ဖူးသူမဟုတ်ဘူးလို့သိရပြီး သူဘယ်လို ရောဂါကူးစက်ခံမှန်းကိုတော့ အခုချိန်ထိတိတိကျကျ မသိရသေးဘူးလို့လည်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပြပါတယ်။

လက်ရှိမှာ သူနေထိုင်ခဲ့တဲ့ မတ္တရာမြို့နယ် အမှတ် ၂ နယ်မြေကံသာရပ်ကွက်မှာ ဧပြီလ ၂၃ ရက်နေ့ကတည်းက လော့ဒေါင်းချထားပြီး အိမ်ပတ်ဝန်းကျင်တစ်ဝိုက် ပိုးသတ်ဆေးဖြန်းတာတွေ၊ ရောဂါထပ်မံမပြန့်ပွားရေးအတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။မန္တလေးမှာ ယနေ့ မေလ ၆ ရက်အထိ အတည်ပြုလူနာ ၃ ဦးရှိခဲ့ရာ လူနာအမှတ် ၄ ကတော့ ဆေးရုံကဆင်းခွင့်ရထားပြီး နေအိမ်မှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ထားဆဲဖြစ်ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ မေလ ၆ ရက် မနက်ပိုင်းအထိ တစ်နိုင်ငံလုံးမှာ အတည်ပြုလူနာ ၁၆၁ ဦးရှိပြီး ယင်းထဲမှ ရောဂါပျောက်ကင်းသူ ၄၉ ဦးရှိကာ သေဆုံးသူ ၆ ဦး ရှိနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Credit Duwun

Leave a Comment