သာသနာ့ေဘာင္ထဲမွာ (၁၁) ရက္တိတိ တရားအားထုတ္သြားမယ္ဆိုတဲ့ ဘုန္းလွ်ံ

ဆံခ်တဲ့အခ်ိန္မွာ အေမ့ကို သတိရတယ္။အကုသိုလ္ေတြ ေက်ေအာင္ဆပ္ၿပီး ျပန္လႊတ္လာတဲ့အခ်ိန္ ကုသိုလ္ေတြ လုပ္ေနခ်ိန္မွာ အေမ့ကို ရွိေစခ်င္တယ္လို႔ သူက ဆိုပါတယ္။သ႐ုပ္ေဆာင္ ဘုန္းလွ်ံဟာ ေထာင္ကေန ျပန္လႊတ္လာၿပီးေနာက္ပိုင္း သ႐ုပ္ေဆာင္ ခန႔္စည္သူနဲ႔အတူ အလႉအတန္းေတြ မ်ားစြာ ျပဳလုပ္ခဲ့ၿပီး ဒီေန႔(ေမလ၆ရက္ ကဆုန္လျပည္)မွာလည္း သာသနာ့ေဘာင္ထဲသို႔ ဝင္ေရာက္ကာ အရွင္ေတေဇာသာရ ဆိုတဲ့ ဘြဲ႕နာမည္ကို ခံယူခဲ့ပါၿပီ။ဘုန္းလွ်ံက သာသနာ့ေဘာင္ထဲမွာ (၁၁) ရက္တိတိ တရားအားထုတ္မွာျဖစ္ၿပီး ျပဳလုပ္သမွ်ကုသိုလ္ေကာင္းမႈ ေတြကို မိခင္ျဖစ္သူအတြက္မွ်ေဝသြားမယ္လို႔ ဆိုပါတယ္။

“ရဟန္းခံတဲ့အခ်ိန္မွာ ရဟန္းျဖစ္ၿပီဆိုတဲ့အခ်ိန္မွာ ပီတိျဖစ္ရတယ္။ ဆံခ်တဲ့အခ်ိန္မွာလည္း အေတြးေတြအမ်ားႀကီး ဝင္ခဲ့တယ္။ အေမ့ကို သတိရတယ္။ ကြၽန္ေတာ္ အကုသိုလ္ေတြ ေက်ေအာင္ဆပ္ၿပီး ျပန္ထြက္လာတဲ့အခ်ိန္ ကုသိုလ္ျပဳတဲ့အခ်ိန္မွာ အေမ့ကို ရွိေစေခ်င္တယ္။ ဒါေပမယ့္လည္း ကံၾကမၼာက ဒီလိုျဖစ္သြားတဲ့အတြက္ ကိုယ့္အျပစ္နဲ႔ကိုယ္လို႔ပဲ ေျပာရမွာေပ့ါ။အတိတ္ကိုေတြးၿပီး လြမ္းမေနခ်င္ေတာ့ဘူး လက္ရွိမွာ မိခင္အတြက္ အမွ်အတန္းေတြ ေပးေဝသြားမယ္။ကုသိုလ္ေတြ လုပ္ေပးသြားမယ္” လို႔ ဘုန္းလွ်ံက ေျပာ ပါတယ္။ဖခင္ျဖစ္သူကေတာ့ ဘုန္းလွ်ံရဟန္းခံတဲ့အခ်ိန္မွာ အရမ္းကို ဝမ္းသာပီတိျဖစ္မိသလို သားျဖစ္သူရဲ႕ ေျပာင္းလဲမႈေတြကို ၾကည့္ၿပီး ေက်နပ္မိတယ္လို႔ ေျပာ ပါတယ္။

ဘုန္းလွ်ံဟာ မူးယစ္ေဆးဝါးမႈနဲ႔ ေထာင္ဒဏ္ (၁၂) ႏွစ္က်ခံရမွာ ျဖစ္ေပမယ့္ အျပစ္ဒဏ္(၇)ႏွစ္ ေပးဆပ္ၿပီးေနာက္ ၂၀၂၀ခုႏွစ္၊ႏွစ္ဆန္းတစ္ရက္ ေန႔မွာ ႏိုင္ငံေတာ္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ ေထာင္ထဲမွာ ႏွစ္အၾကာႀကီးေနခဲ့ရတဲ့ သူအတြက္ ဘဝသင္ခန္းစာေတြ အမ်ားႀကီးရခဲ့သလို အေတြ႕အႀကဳံေတြလည္းအမ်ားႀကီးရခဲ့တယ္လို႔ သူက ဆိုပါတယ္။ ဘုန္းလွ်ံကိုေတာ့ ဗီဒီယိုဇာတ္ကားမ်ားစြာထဲမွာ ဒုတိယမင္းသားတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။

Credit Cele Yatkwat

UNICODE

ဆံချတဲ့အချိန်မှာ အမေ့ကို သတိရတယ်။အကုသိုလ်တွေ ကျေအောင်ဆပ်ပြီး ပြန်လွှတ်လာတဲ့အချိန် ကုသိုလ်တွေ လုပ်နေချိန်မှာ အမေ့ကို ရှိစေချင်တယ်လို့ သူက ဆိုပါတယ်။သရုပ်ဆောင် ဘုန်းလျှံဟာ ထောင်ကနေ ပြန်လွှတ်လာပြီးနောက်ပိုင်း သရုပ်ဆောင် ခန့်စည်သူနဲ့အတူ အလှူအတန်းတွေ များစွာ ပြုလုပ်ခဲ့ပြီး ဒီနေ့(မေလ၆ရက် ကဆုန်လပြည်)မှာလည်း သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ကာ အရှင်တေဇောသာရ ဆိုတဲ့ ဘွဲ့နာမည်ကို ခံယူခဲ့ပါပြီ။ဘုန်းလျှံက သာသနာ့ဘောင်ထဲမှာ (၁၁) ရက်တိတိ တရားအားထုတ်မှာဖြစ်ပြီး ပြုလုပ်သမျှကုသိုလ်ကောင်းမှု တွေကို မိခင်ဖြစ်သူအတွက်မျှဝေသွားမယ်လို့ ဆိုပါတယ်။

“ရဟန်းခံတဲ့အချိန်မှာ ရဟန်းဖြစ်ပြီဆိုတဲ့အချိန်မှာ ပီတိဖြစ်ရတယ်။ ဆံချတဲ့အချိန်မှာလည်း အတွေးတွေအများကြီး ဝင်ခဲ့တယ်။ အမေ့ကို သတိရတယ်။ ကျွန်တော် အကုသိုလ်တွေ ကျေအောင်ဆပ်ပြီး ပြန်ထွက်လာတဲ့အချိန် ကုသိုလ်ပြုတဲ့အချိန်မှာ အမေ့ကို ရှိစေချေင်တယ်။ ဒါပေမယ့်လည်း ကံကြမ္မာက ဒီလိုဖြစ်သွားတဲ့အတွက် ကိုယ့်အပြစ်နဲ့ကိုယ်လို့ပဲ ပြောရမှာပေ့ါ။အတိတ်ကိုတွေးပြီး လွမ်းမနေချင်တော့ဘူး လက်ရှိမှာ မိခင်အတွက် အမျှအတန်းတွေ ပေးဝေသွားမယ်။ကုသိုလ်တွေ လုပ်ပေးသွားမယ်” လို့ ဘုန်းလျှံက ပြော ပါတယ်။ဖခင်ဖြစ်သူကတော့ ဘုန်းလျှံရဟန်းခံတဲ့အချိန်မှာ အရမ်းကို ဝမ်းသာပီတိဖြစ်မိသလို သားဖြစ်သူရဲ့ ပြောင်းလဲမှုတွေကို ကြည့်ပြီး ကျေနပ်မိတယ်လို့ ပြော ပါတယ်။

ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Credit Cele Yatkwat

Leave a Comment