အိမ္ေထာင္သက္ (၁၂) ႏွစ္လုံးမွာ စိတ္ခ်မ္းသာစရာေတြခ်ည္းပဲ ႀကဳံေတြ႕ခဲ့ရတဲ့အေၾကာင္း ေျပာျပလာတဲ့ နႏၵာလႈိင္

ဒီေန႔ဟာ နႏၵာလႈိင္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ မဂၤလာသက္တမ္း (၁၂) ႏွစ္ ျပည့္ေျမာက္တဲ့ ေန႔ေလးျဖစ္ပါတယ္။ လက္တြဲလာခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္လုံးမွာ သမီးေလးသုံးေယာက္ ထြန္းကားခဲ့ၿပီး ေပ်ာ္စရာမိသားစုေလးျဖစ္ေအာင္ အိမ္ေထာင္မႈႏိုင္နင္းတဲ့ နႏၵာ့ကို ခင္ပြန္းျဖစ္သူ ကလည္း အရမ္းဂ႐ုစိုက္ၿပီးခ်စ္တတ္တာေၾကာင့္ အိမ္ေထာင္သက္တစ္ေလွ်ာက္လုံး ေပ်ာ္စရာ ေတြခ်ည္းပဲ ႀကဳံခဲ့ရတဲ့ အေၾကာင္းကို နႏၵာက ေျပာျပခဲ့ပါတယ္။

က်မကံေကာင္းပါတယ္ ေငြလုံးဝ‌မကိုင္တဲ့ေယာက်ာ္းရထားလို႔ပါ ေငြေတြအားလုံးက်မ account ထဲပဲဝင္ပါတယ္ (ခ်မ္းသာတဲ့သူကို ယူထားတယ္လို႔မေျပာပါနဲ႔ အေမြဆိုတာ ထိုက္မွရ တာပါ လင္ေရာမယားေရာအလုပ္လုပ္ပါတယ္) သူသုံးစရာရွိရင္ျပန္ေတာင္းပါတယ္ အရမ္းမ်ား ရင္ေတာ့ ပြစိပြစိနည္းနည္း႐ြတ္ပါတယ္ (WLC) တစ္ခုပါပဲ ဘယ္ေတာ့မွ စပ႐ိုက္ အတိုက္မခံရပါ ဘူး စပ႐ိုက္မတိုက္ဘူး လားေမးရင္သူ႔မွာပိုက္ဆံမရွိဘူးပိုက္ဆံေပးဆိုလို႔ပါ က်မကလဲမလိုအပ္ တာလုံးဝမဝယ္ပါဘူး ” ” က်မကံေကာင္းပါတယ္ လင္နဲ႔မယား လွ်ာနဲ႔သြားလို႔တင္စားၾကသလို ဒီလွ်ာနဲ႔ဒီသြားခလုတ္မတိုက္မိၾကေသးဘူး (ဒီေန႔အထိေပါ့ေနာ္) ေဖေဖနဲ႔ေမေမရန္ျဖစ္ၾကလို႔ ေၾကာက္႐ြံ႕ေနၾကရတဲ့ဒုကၡသမီးေတြမခံစားခဲ့ရဘူး ”

က်မကံေကာင္းပါတယ္ က်မရဲ႕မိဘေမာင္ႏွမေတြကိုက်မလိုလိုက္ခ်စ္ေပးတဲ့ေယာက်ာ္းကို ရထားလို႔ အိမ္ခြဲေနရာကေနဒုတိယသမီးကို ေမြးၿပီးေတာ့ေ မေမတို႔နဲ႔ျပန္ေနခ်င္ပါတယ္ဆိုတာ ခ်က္ျခင္းလက္ခံ သူ႔မိဘလက္ဖြဲ႕ထားတဲ့အိမ္ကိုပိတ္ ေမေမတို႔အိမ္ ကိုယ္အပ်ိဳတုန္း ကေနခဲ့တဲ့ အခန္းေလးမွာအခုခ်ိန္ထိေပ်ာ္ေပ်ာ္႐ႊင္႐ြင္လိုက္ေနေပးတဲ့ေယာက်ာ္းပါ ” ” က်မကံေကာင္းပါတယ္ ‌ေယာက်ာ္းက ေဖာက္ျပန္ လို႔စိတ္ဆင္းရဲရတဲ့ေသာက မခံစားရဘူး (အခုအခ်ိန္ထိေပါ့ေနာ္) FB ကေနလာလာမ hi ၾကနဲ႔ေနာ္ သူ႔ account ကိုယ္သုံးသလို ကိုယ့္ account လဲ သူသုံး ပါတယ္ ” ဆိုၿပီး သူမရဲ႕ေပ်ာ္စရာေလးေတြကို ေဝမွ်ခဲ့ပါတယ္။

Credit – Cele Zone
Photo – Nandar Hlaing

UNICODE

ဒီနေ့ဟာ နန္ဒာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်း (၁၂) နှစ် ပြည့်မြောက်တဲ့ နေ့လေးဖြစ်ပါတယ်။ လက်တွဲလာခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သမီးလေးသုံးယောက် ထွန်းကားခဲ့ပြီး ပျော်စရာမိသားစုလေးဖြစ်အောင် အိမ်ထောင်မှုနိုင်နင်းတဲ့ နန္ဒာ့ကို ခင်ပွန်းဖြစ်သူ ကလည်း အရမ်းဂရုစိုက်ပြီးချစ်တတ်တာကြောင့် အိမ်ထောင်သက်တစ်လျှောက်လုံး ပျော်စရာ တွေချည်းပဲ ကြုံခဲ့ရတဲ့ အကြောင်းကို နန္ဒာက ပြောပြခဲ့ပါတယ်။

ကျမကံကောင်းပါတယ် ငွေလုံးဝ‌မကိုင်တဲ့ယောကျာ်းရထားလို့ပါ ငွေတွေအားလုံးကျမ account ထဲပဲဝင်ပါတယ် (ချမ်းသာတဲ့သူကို ယူထားတယ်လို့မပြောပါနဲ့ အမွေဆိုတာ ထိုက်မှရ တာပါ လင်ရောမယားရောအလုပ်လုပ်ပါတယ်) သူသုံးစရာရှိရင်ပြန်တောင်းပါတယ် အရမ်းများ ရင်တော့ ပွစိပွစိနည်းနည်းရွတ်ပါတယ် (WLC) တစ်ခုပါပဲ ဘယ်တော့မှ စပရိုက် အတိုက်မခံရပါ ဘူး စပရိုက်မတိုက်ဘူး လားမေးရင်သူ့မှာပိုက်ဆံမရှိဘူးပိုက်ဆံပေးဆိုလို့ပါ ကျမကလဲမလိုအပ် တာလုံးဝမဝယ်ပါဘူး ” ” ကျမကံကောင်းပါတယ် လင်နဲ့မယား လျှာနဲ့သွားလို့တင်စားကြသလို ဒီလျှာနဲ့ဒီသွားခလုတ်မတိုက်မိကြသေးဘူး (ဒီနေ့အထိပေါ့နော်) ဖေဖေနဲ့မေမေရန်ဖြစ်ကြလို့ ကြောက်ရွံ့နေကြရတဲ့ဒုက္ခသမီးတွေမခံစားခဲ့ရဘူး ”

ကျမကံကောင်းပါတယ် ကျမရဲ့မိဘမောင်နှမတွေကိုကျမလိုလိုက်ချစ်ပေးတဲ့ယောကျာ်းကို ရထားလို့ အိမ်ခွဲနေရာကနေဒုတိယသမီးကို မွေးပြီးတော့ေ မမေတို့နဲ့ပြန်နေချင်ပါတယ်ဆိုတာ ချက်ခြင်းလက်ခံ သူ့မိဘလက်ဖွဲ့ထားတဲ့အိမ်ကိုပိတ် မေမေတို့အိမ် ကိုယ်အပျိုတုန်း ကနေခဲ့တဲ့ အခန်းလေးမှာအခုချိန်ထိပျော်ပျော်ရွှင်ရွင်လိုက်နေပေးတဲ့ယောကျာ်းပါ ” ” ကျမကံကောင်းပါတယ် ‌ယောကျာ်းက ဖောက်ပြန် လို့စိတ်ဆင်းရဲရတဲ့သောက မခံစားရဘူး (အခုအချိန်ထိပေါ့နော်) FB ကနေလာလာမ hi ကြနဲ့နော် သူ့ account ကိုယ်သုံးသလို ကိုယ့် account လဲ သူသုံး ပါတယ် ” ဆိုပြီး သူမရဲ့ပျော်စရာလေးတွေကို ဝေမျှခဲ့ပါတယ်။

Credit – Cele Zone
Photo – Nandar Hlaing

Leave a Comment