အဆုတ္တစ္လုံးသာ ရွိေပမယ့္ ကိုဗစ္ကပ္ေရာဂါကေန အရွင္းေပ်ာက္ခဲ့တဲ့ (၇၅)ႏွစ္အရြယ္အဖုိး

အသက္ (၇၅)ႏွစ္ေတာင္ ရွိေနၿပီျဖစ္တဲ့ အဖုိးအုိတစ္ေယာက္ဟာ အဆုတ္(၂)လုံးရွိရမယ့္အစား တစ္လုံးသာ ပိုင္ဆုိင္ထားေပမယ့္ ကိုဗစ္-၁၉ေရာဂါဆုိးႀကီးကေန ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။ အဖုိးရဲ႕အမည္ကေတာ့ William Burns ျဖစ္ပါတယ္။အဖုိး Burns ဟာ ဒီတစ္ႀကိမ္တည္းတင္ အမ်ားကို အ့ံအားသင့္ေအာင္ လုပ္ျပခဲ့တာ မဟုတ္ပါဘူး။ သူဟာ ကင္ဆာေရာဂါႏွစ္မ်ိဳဳးကိုလည္း ႀကံ့ႀကံ့ခံ တုိက္ထုတ္ခဲ့ရသူ ျဖစ္ပါတယ္။ ကင္ဆာေတြ အရွင္းေပ်ာက္သြားခ်ိန္မွာ ကိုဗစ္-၁၉ ကူးစက္မႈကုိ ခံခဲ့ရတာျဖစ္ၿပီး-

အမ်ားကေတာ့ သူ႕အေနနဲ႔ ဒီေရာဂါကို ခံႏုိင္ရည္ ရွိမွာမဟုတ္ဘူးလုိ႔ ေတြးခဲ့ပါတယ္။ က်န္းမာေနတဲ့လူေတြေတာင္ ကိုဗစ္-၁၉ကို အသည္းအသန္ တုိက္ခုိက္ရခ်ိန္မွာ အဆုတ္တစ္ဖက္တည္းသာပါတဲ့ အဖုိး Burns က ကိုဗစ္-၁၉ကို အလြယ္တကူ ေက်ာ္ျဖတ္ျပခဲ့တာပါ။ဒီအတြက္ ေဒါက္တာေတြနဲ႔ သူနာျပဳဆရာမေတြကလည္း အလြန္အံ့အားသင့္ေနခဲ့ၾကပါတယ္။ အဖုိး Burns ဟာ ဇနီးျဖစ္သူ Ruby Ivy နဲ႔ အိမ္ေထာင္သက္ (၅၄)ႏွစ္ ရွိေနပါၿပီ။ သားသမီး (၅)ေယာက္ရွိၿပီး ေျမး(၁၄)ေယာက္ရဲ႕ အဖုိးလည္း ျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကူးစက္ခံရခ်ိန္မွာ သူဟာ မိသားစုေတြနဲ႔ ေတြ႕ခြင့္မရဘဲ Ayrshire မွာတည္ရွိတဲ့ Crosshouse Hospital ေဆး႐ုံမွာ တက္ေရာက္ကုသခဲ့ရပါတယ္။ အဲဒီမွာ ရက္ေတာ္ေတာ္ၾကာေအာင္ ေရာဂါေပ်ာက္ကင္းေအာင္ ႀကိဳးစားခဲ့ရၿပီး၊ ဧၿပီလ (၂၃)ရက္ေန႔မွာပဲ ေရာဂါပိုးအရွင္းေပ်ာက္ကင္းလုိ႔ အိမ္ကို ျပန္ခြင့္ရခဲ့တာပါ။သူ႕အေနနဲ႔ အခုလုိ လြတ္ေျမာက္လာတာကုိ အံ့ၾသမိသလုိ၊ ေဆးဘက္ဆုိင္ရာ ပညာရွင္ေတြကိုလည္း အလြန္ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ သူကေတာ့ ေရာဂါေတြမွန္သမွ်ထဲမွာ ဒီကုိဗစ္က အဆုိးရြားဆုံးျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၿပီး၊ တျခားလူေတြကိုလည္း ဂ႐ုတစုိက္ေနၾကဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

Credit CeleCrazyNews
Ref DailyRecord

UNICODE

အသက် (၇၅)နှစ်တောင် ရှိနေပြီဖြစ်တဲ့ အဖိုးအိုတစ်ယောက်ဟာ အဆုတ်(၂)လုံးရှိရမယ့်အစား တစ်လုံးသာ ပိုင်ဆိုင်ထားပေမယ့် ကိုဗစ်-၁၉ရောဂါဆိုးကြီးကနေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဖိုးရဲ့အမည်ကတော့ William Burns ဖြစ်ပါတယ်။အဖိုး Burns ဟာ ဒီတစ်ကြိမ်တည်းတင် အများကို အံ့အားသင့်အောင် လုပ်ပြခဲ့တာ မဟုတ်ပါဘူး။ သူဟာ ကင်ဆာရောဂါနှစ်မျိုုးကိုလည်း ကြံ့ကြံ့ခံ တိုက်ထုတ်ခဲ့ရသူ ဖြစ်ပါတယ်။ ကင်ဆာတွေ အရှင်းပျောက်သွားချိန်မှာ ကိုဗစ်-၁၉ ကူးစက်မှုကို ခံခဲ့ရတာဖြစ်ပြီး-

အများကတော့ သူ့အနေနဲ့ ဒီရောဂါကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူးလို့ တွေးခဲ့ပါတယ်။ ကျန်းမာနေတဲ့လူတွေတောင် ကိုဗစ်-၁၉ကို အသည်းအသန် တိုက်ခိုက်ရချိန်မှာ အဆုတ်တစ်ဖက်တည်းသာပါတဲ့ အဖိုး Burns က ကိုဗစ်-၁၉ကို အလွယ်တကူ ကျော်ဖြတ်ပြခဲ့တာပါ။ဒီအတွက် ဒေါက်တာတွေနဲ့ သူနာပြုဆရာမတွေကလည်း အလွန်အံ့အားသင့်နေခဲ့ကြပါတယ်။ အဖိုး Burns ဟာ ဇနီးဖြစ်သူ Ruby Ivy နဲ့ အိမ်ထောင်သက် (၅၄)နှစ် ရှိနေပါပြီ။ သားသမီး (၅)ယောက်ရှိပြီး မြေး(၁၄)ယောက်ရဲ့ အဖိုးလည်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရချိန်မှာ သူဟာ မိသားစုတွေနဲ့ တွေ့ခွင့်မရဘဲ Ayrshire မှာတည်ရှိတဲ့ Crosshouse Hospital ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။ အဲဒီမှာ ရက်တော်တော်ကြာအောင် ရောဂါပျောက်ကင်းအောင် ကြိုးစားခဲ့ရပြီး၊ ဧပြီလ (၂၃)ရက်နေ့မှာပဲ ရောဂါပိုးအရှင်းပျောက်ကင်းလို့ အိမ်ကို ပြန်ခွင့်ရခဲ့တာပါ။သူ့အနေနဲ့ အခုလို လွတ်မြောက်လာတာကို အံ့သြမိသလို၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကိုလည်း အလွန်ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ သူကတော့ ရောဂါတွေမှန်သမျှထဲမှာ ဒီကိုဗစ်က အဆိုးရွားဆုံးဖြစ်ကြောင်း ကောက်ချက်ချခဲ့ပြီး၊ တခြားလူတွေကိုလည်း ဂရုတစိုက်နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Credit CeleCrazyNews
Ref DailyRecord

Leave a Comment