အတြင္းစည္းထဲက သစၥာေဖာက္ေတြကို ေဖာ္ထုတ္ႏုိင္ဖုိ႔ ကင္ဂ်ဳံအန္ ေသဟန္ေဆာင္ခဲ့ျခင္းျဖစ္

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဟာ အတြင္းစည္းထဲက အနီးကပ္ရွိေနသူတဲ့ သစၥာေဖာက္ေတြကို ေဖာ္ထုတ္ႏုိင္ဖုိ႔အတြက္ ေသဟန္ေဆာင္ခဲ့တာျဖစ္ေၾကာင္း The Sun သတင္းစာက ဆုိပါတယ္။ ကင္ဂ်ဳံအန္ဟာ အားလုံးသိတဲ့အတုိင္း ဧၿပီ(၁၁)ရက္ ေနာက္ပိုင္းမွာ လူျမင္ကြင္းကေန ေပ်ာက္ကြယ္ခဲ့ရာ ရက္(၂၀)ေလာက္အၾကာမွ လူျမင္ကြင္းကို ျပန္လည္ ေပၚထြက္ခဲ့တာပါ။သူေပ်ာက္ဆုံးတဲ့ သတင္းနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာေတြက ထင္ျမင္ခ်က္အမ်ိဳးမ်ိဳး၊ သတင္းကုိကားခ်က္ အမ်ိဳးမ်ိဳးနဲ႔ ေဖာ္ျပခဲ့ၾကေပမယ့္ လက္ေတြ႕အမွန္နဲ႔ အလွမ္းေဝးခဲ့ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ကင္ဂ်ဳံအန္ လူျမင္ကြင္းကေန ေပ်ာက္ကြယ္ရျခင္းရဲ႕ အေၾကာင္းအရင္းအမွန္ဟာ အခုအခ်ိန္ထိ ပေဟဠိဆန္ဆန္ ရွိေနဆဲပါ။

အခု The Sun သတင္းစာမွာေတာ့ ကင္ဂ်ဳံအန္ လူျမင္ကြင္းကေန ေပ်ာက္ကြယ္သြားျခင္းရဲ႕ အဓိကအခ်က္က သူရဲ႕အတြင္းစည္းမွာ သူ မယုံရတဲ့ သစၥာေဖာက္ေတြ၊ သူလွ်ိ္ဳေတြကုိ ေဖာ္ထုတ္ႏုိင္ဖုိ႔ ရည္ရြယ္တယ္လုိ႔ ဆုိပါတယ္။ ဒီအေၾကာင္းကို Sky News Australia ကလည္း ေဖာ္ျပထားၿပီး၊ ကင္ ေသတယ္ဆုိတဲ့ ေကာလာဟလေၾကာင့္ ေျမာက္ကိုရီးယားမွာ တခ်ိဳ႕က ေအာင္ပြဲခံတာမ်ိဳးေတြေတာင္ ရွိတယ္လုိ႔ ဆုိပါတယ္။ေျမာက္ကုိရီးယားမွ ေရႊ႕ေျပာင္းခုိလႈံလာတဲ့ Thae Yong-ho အမည္ရ အမ်ိဳးသားကေတာ့ ကင္ဂ်ဳံအန္ေသဆုံးတယ္ဆုိတာကုိ အျပည့္အဝ အာမခံခဲ့ပါတယ္။ သူဟာ ယခင္က လန္ဒန္အေျခစုိက္ ေျမာက္ကုိရီးယားသံ႐ုံးမွာ အဆင့္(၂)သံအမတ္တစ္ဦးျဖစ္ၿပီး၊ အခုအခါမွာ သူဟာ ေတာင္ကုိရီးယားမွာ ႏုိင္ငံေရးသမားအျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳေနသူပါ။

သူရဲ႕ အာမခံခ်က္ လြဲေခ်ာ္သြားတဲ့အတြက္ Thae Yong-ho ဟာ လူသိရွင္ၾကား ျပန္လည္ေတာင္းပန္ခဲ့ၿပီး၊ သူ႕အေနနဲ႔ ေခါင္းေဆာင္ကင္ ျပန္ေပၚလာတာကို အလြန္သံသယျဖစ္မိေၾကာင္း၊ အံ့ၾသမႈလည္း ျဖစ္ခဲ့ရေၾကာင္း၊ ဒါေပမယ့္ သူရဲ႕ေျပာဆုိခ်က္ဟာ ရာႏႈန္းျပည့္ မွားယြင္းခဲ့တဲ့အတြက္ ေတာင္းပန္ပါေၾကာင္း ဆုိခဲ့ါပတယ္။ သတင္းတစ္ရပ္မွာေတာ့ ကင္ဂ်ဳံအန္ဟာ မၾကာမီမွာ ျဖဳတ္ထုတ္သတ္ အစီအစဥ္ စတင္ဖုိ႔ရွိတယ္လုိ႔ ဆုိထားပါတယ္။

Credit CeleCrazyNews
Ref The Sun/ Sky News Australia

UNICODE

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဟာ အတွင်းစည်းထဲက အနီးကပ်ရှိနေသူတဲ့ သစ္စာဖောက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် သေဟန်ဆောင်ခဲ့တာဖြစ်ကြောင်း The Sun သတင်းစာက ဆိုပါတယ်။ ကင်ဂျုံအန်ဟာ အားလုံးသိတဲ့အတိုင်း ဧပြီ(၁၁)ရက် နောက်ပိုင်းမှာ လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့ရာ ရက်(၂၀)လောက်အကြာမှ လူမြင်ကွင်းကို ပြန်လည် ပေါ်ထွက်ခဲ့တာပါ။သူပျောက်ဆုံးတဲ့ သတင်းနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေက ထင်မြင်ချက်အမျိုးမျိုး၊ သတင်းကိုကားချက် အမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြပေမယ့် လက်တွေ့အမှန်နဲ့ အလှမ်းဝေးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်ဂျုံအန် လူမြင်ကွင်းကနေ ပျောက်ကွယ်ရခြင်းရဲ့ အကြောင်းအရင်းအမှန်ဟာ အခုအချိန်ထိ ပဟေဠိဆန်ဆန် ရှိနေဆဲပါ။

အခု The Sun သတင်းစာမှာတော့ ကင်ဂျုံအန် လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခြင်းရဲ့ အဓိကအချက်က သူရဲ့အတွင်းစည်းမှာ သူ မယုံရတဲ့ သစ္စာဖောက်တွေ၊ သူလျှိုတွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို Sky News Australia ကလည်း ဖော်ပြထားပြီး၊ ကင် သေတယ်ဆိုတဲ့ ကောလာဟလကြောင့် မြောက်ကိုရီးယားမှာ တချို့က အောင်ပွဲခံတာမျိုးတွေတောင် ရှိတယ်လို့ ဆိုပါတယ်။မြောက်ကိုရီးယားမှ ရွှေ့ပြောင်းခိုလှုံလာတဲ့ Thae Yong-ho အမည်ရ အမျိုးသားကတော့ ကင်ဂျုံအန်သေဆုံးတယ်ဆိုတာကို အပြည့်အဝ အာမခံခဲ့ပါတယ်။ သူဟာ ယခင်က လန်ဒန်အခြေစိုက် မြောက်ကိုရီးယားသံရုံးမှာ အဆင့်(၂)သံအမတ်တစ်ဦးဖြစ်ပြီး၊ အခုအခါမှာ သူဟာ တောင်ကိုရီးယားမှာ နိုင်ငံရေးသမားအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေသူပါ။

သူရဲ့ အာမခံချက် လွဲချော်သွားတဲ့အတွက် Thae Yong-ho ဟာ လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ပြီး၊ သူ့အနေနဲ့ ခေါင်းဆောင်ကင် ပြန်ပေါ်လာတာကို အလွန်သံသယဖြစ်မိကြောင်း၊ အံ့သြမှုလည်း ဖြစ်ခဲ့ရကြောင်း၊ ဒါပေမယ့် သူရဲ့ပြောဆိုချက်ဟာ ရာနှုန်းပြည့် မှားယွင်းခဲ့တဲ့အတွက် တောင်းပန်ပါကြောင်း ဆိုခဲ့ါပတယ်။ သတင်းတစ်ရပ်မှာတော့ ကင်ဂျုံအန်ဟာ မကြာမီမှာ ဖြုတ်ထုတ်သတ် အစီအစဉ် စတင်ဖို့ရှိတယ်လို့ ဆိုထားပါတယ်။

Credit CeleCrazyNews
Ref The Sun/ Sky News Australia

Leave a Comment