” မစားရတဲ့အမဲ သဲနဲ့ပတ်တဲ့သူတွေကို ဆက်ပြီးသူ့ကို အပုတ်ချမပြောဆိုဖို့ ဒဲ့သတိပေးလိုက်တဲ့ ဇေရဲထက် “




Source : Zay Ye Htet

UNICODE

ပရိသတ်ကြီးရေ ဇေရဲထက်ကတော့ နိုင်ငံကျော်ပြည်သူ့အချစ်တော်မင်းသားတစ်လက်ဖြစ်ပြီး ကိုရီးယားမင်းသားတွေ လို ချောမောလှတဲ့ သူတစ်ယောက်ပါ။ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်မှာ ရှမ်းရှမ်းတောက် အောင်မြင်ခဲ့ပြီး မိန်းကလေး ပရိသတ် တော်တော်များများရဲ့ နှစ်ခြိုက်အားပေးရတဲ့ မင်းသားတစ်လက်ပါ။

ဒီနေ့မှာတော့ ” တခုတော့ ပြောထားမယ်နော် စိတ်မဆိုးနဲ့ မစားရတဲ့အမဲ သဲနဲ့ပတ်လည်း စားချင်တဲ့လူက ရေဆေးစားပြောင်တယ်ဆိုတာ သိထားဖို့ (ငါကိုယ်တိုင် မစားချင်လို့ ခါထုတ်ထားတာတပုံကြီး )ဘယ်သူ့ထမင်းမှစားနေတာမဟုတ်သလို ငါ့ထမင်းငါရှာစားနေတာ အရည်အချင်းရှိတဲ့လူအဖို့ လုပ်ချင်စိတ်ရှိနေတဲ့လူအဖို့ ဘယ်သူ့မှအားမကိုးတတ်တာအမှန်ပါဒါပေမယ့်တခုတော့ရှိတယ် မုန့်လာပေးရင်တော့ မစားဖြစ်ရင်တောင်လက်ခံမှာပါ။ မုန့်လာပေးသူများနေရင် တောင် ဘယ်သူဖြစ်ဖြစ် အကောင်းဆုံးမုန့်ကိုပဲစားချင်မိမှာ အမှန်တရား တခုပြောမယ် ကျနော်အကုန်ကြား သိထားတယ် ဆိုတာမမေ့နဲ့ ဪ မစားရတဲ့အမဲသဲနဲ့ပတ်ကြတဲ့ လူတွေ ငါဆိုတဲ့ကောင်ကလည်းသူများပေါမယုတ်မာဘူး ။

ငါ့ယုတ်မာလာရင်လည်း နဂါးမှန်းသိအောင်တော့အမောက်ထောင်တတ်တယ် (ဝ)ကနေလာခဲ့တာ သိဖို့ ok ငါအခုချိန်ထိ ဘယ်သူတဦးတယောက်ကိုမှ စပြီးပတ်သက်ထားတာမရှိဘူး အိမ်မှာပဲအေးဆေးနေပြီးယောက်ယက်တွေလာခတ်တာ အာရုံ ငါ့ဘဝမှာ တစ်ယောက်တည်းသမား ပူစရာမရှိ အိုကေ ဒုက္ခပါပဲ ငါ့အမေတွေထက်တောင်ဂရုစိုက်နေကြတယ် အံသြစရာကွာ(အခုလိုပြောတာ မပြောသင့်မှန်းသိပါတယ် ဒါပေမယ့်တချို့လူတွေက နဂါးမှန်းသိအောင်အမောက်လေးတော့ထောင်ပြမှ ငြိမ်နေလို့ကတော့ လည်ပင်ပေါ်တတ်နင်းလိမ့်မယ် မှားတာရှိ ခွင့်လွှတ်ပါ ” ဆိုတဲ့ စာနဲ့ သူ့ရဲ့ မကျေနပ်ချက်တွေပေါက်ကွဲထွက်ကာ သူ့ကိုမကောင်းပြောအပုတ်ချနေတဲ့သူတွေကို ဒဲ့ပြောလိုက်တာပါ။ ပရိသတ်ကြီးလည်း စိတ်ထားကောင်းတဲ့ ဇေရဲထက်အတွက် အတိုက်အခိုက်တွေအမြန်ဆုံးကင်းရှင်းဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။

Source : Zay Ye Htet
Credit -CeleConnections

Leave a Comment