(၂၀၂၀) ထိမေအာင္ျမင္ရင္ အိမ္ကခိုင္းတဲ့လုပ္ပါ့မယ္လို႔ကတိေပးခဲ့ရတယ္ဆိုတဲ့ ရာဝန

လတ္တေလာ ပရိသတ္ေတြၾကားမွာေရပန္းစားေအာင္ျမင္ေနတဲ့ တက္သစ္စ အဆိုေတာ္ေလးက ေတာ့ ရာဝနပဲျဖစ္ပါတယ္ ။ မေအာင္ျမင္ခင္ကေတာ့ မိဘေတြ သေဘာမတူတဲ့လမ္းေၾကာင္းကို ေလွ်ာက္ဖို႔အတြက္ အခ်ိန္ (၃) ႏွစ္တိတိယူခဲ့ၿပီး (၂၀၂၀ ) မွာ မေအာင္ျမင္ေသးဘူးဆိုရင္ မိဘေတြခိုင္းတဲ့အတိုင္းလုပ္ပါမယ္လို႔ ကတိေပးခဲ့ရတယ္လို႔ ပရိသတ္ေတြကို ေျပာျပဖူးပါတယ္ ။ အိမ္က Supporting မေပးတဲ့အတြက္ ကိုယ္ဒူးကိုယ္ခြၽန္ၿပီး ေလွ်ာက္ခဲ့ရတဲ့လမ္းျဖစ္တယ္လို႔လည္းသိရပါတယ္ ။

အခုေတာ့ အရမ္းႀကီးမေအာင္ျမင္ခဲ့ေပမယ့္ (၂၀၂၀) မွာေနရာေလးနည္းနည္းရလာခဲ့ၿပီး ဘာပဲျဖစ္ျဖစ္ ကိုလုပ္တဲ့အလုပ္ကို ႀကိဳးစားၿပီးလုပ္ႏိုင္ခဲ့လို႔ဂုဏ္ယူမိတယ္ လို႔သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရးသားခဲ့ပါတယ္ ။ (၂၀၂၁) မွာဒီထပ္ပိုၿပီးေအာင္ျမင္တဲ့သူတေယာက္ျဖစ္လာေအာင္ႀကိဳးစားဦးမွာျဖစ္ၿပီး မိဘေတြရဲ႕ျဖစ္ေစခ်င္တဲ့ ဆႏၵကို မလုပ္ခဲ့ဘဲ ကိုယ္ျဖစ္ခ်င္တာကိုလုပ္ခဲ့တဲ့အတြက္ႏွစ္ဆပိုၿပီးႀကိဳးစားရမွာျဖစ္သလို ရာဝန အတြက္ေတာ့အရာရာတိုင္းကစိန္ေခၚမႈပါပဲ လို႔ပရိသတ္ေတြကို ေျပာျပလာခဲ့ပါတယ္ ။

ဒီ (၂၀၂၀) မတ္လ (၁) ရက္ေန႔ကေတာ့ ေရာ္႐ြက္နဲ႔ရာဝန တို႔ရဲ႕ `Answer´ အေခြပ႐ိုမိုးရွင္းပြဲ ေလးကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး လူေပါင္းေထာင္ခ်ီ လာေရာက္အားေပးျခင္းခံခဲ့ရတဲ့အတြက္ ဒီေန႔ကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ အႏုပညာမွတ္တိုင္ စိုက္ထူႏိုင္ခဲ့တဲ့ေန႔လို႔ဆိုရမွာပါ ။ (၂၀၂၁) မွာလည္း ဒီထက္မက ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္ျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Credit Cele Zone

UNICODE

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်နေတဲ့ တက်သစ်စ အဆိုတော်လေးက တော့ ရာဝနပဲဖြစ်ပါတယ် ။ မအောင်မြင်ခင်ကတော့ မိဘတွေ သဘောမတူတဲ့လမ်းကြောင်းကို လျှောက်ဖို့အတွက် အချိန် (၃) နှစ်တိတိယူခဲ့ပြီး (၂၀၂၀ ) မှာ မအောင်မြင်သေးဘူးဆိုရင် မိဘတွေခိုင်းတဲ့အတိုင်းလုပ်ပါမယ်လို့ ကတိပေးခဲ့ရတယ်လို့ ပရိသတ်တွေကို ပြောပြဖူးပါတယ် ။ အိမ်က Supporting မပေးတဲ့အတွက် ကိုယ်ဒူးကိုယ်ချွန်ပြီး လျှောက်ခဲ့ရတဲ့လမ်းဖြစ်တယ်လို့လည်းသိရပါတယ် ။

အခုတော့ အရမ်းကြီးမအောင်မြင်ခဲ့ပေမယ့် (၂၀၂၀) မှာနေရာလေးနည်းနည်းရလာခဲ့ပြီး ဘာပဲဖြစ်ဖြစ် ကိုလုပ်တဲ့အလုပ်ကို ကြိုးစားပြီးလုပ်နိုင်ခဲ့လို့ဂုဏ်ယူမိတယ် လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့ပါတယ် ။ (၂၀၂၁) မှာဒီထပ်ပိုပြီးအောင်မြင်တဲ့သူတယောက်ဖြစ်လာအောင်ကြိုးစားဦးမှာဖြစ်ပြီး မိဘတွေရဲ့ဖြစ်စေချင်တဲ့ ဆန္ဒကို မလုပ်ခဲ့ဘဲ ကိုယ်ဖြစ်ချင်တာကိုလုပ်ခဲ့တဲ့အတွက်နှစ်ဆပိုပြီးကြိုးစားရမှာဖြစ်သလို ရာဝန အတွက်တော့အရာရာတိုင်းကစိန်ခေါ်မှုပါပဲ လို့ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

ဒီ (၂၀၂၀) မတ်လ (၁) ရက်နေ့ကတော့ ရော်ရွက်နဲ့ရာဝန တို့ရဲ့ `Answer´ အခွေပရိုမိုးရှင်းပွဲ လေးကို ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်းထောင်ချီ လာရောက်အားပေးခြင်းခံခဲ့ရတဲ့အတွက် ဒီနေ့ကတော့ သူတို့နှစ်ယောက်ရဲ့ အနုပညာမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့နေ့လို့ဆိုရမှာပါ ။ (၂၀၂၁) မှာလည်း ဒီထက်မက အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Credit Cele Zone

Leave a Comment