လူနာအမွတ္ ၁၅၅ နဲ႔ထိေတြ႕ခဲ့ သည့္ သွ်င္ပါကူေဆး႐ုံကဆရာဝန္၊သူနာျပဳေတြအပါအဝင္(၉) ဦးကိုေစာင့္ၾကည့္လူနာအျဖစ္ထားရွိ

လူနာအမွတ္ ၁၅၅ ဟာ သွ်င္ပါကူေဆး႐ုံကို ႏွစ္ႀကိမ္တိတိလာေရာက္ျပသခဲ့ဖူးတာေၾကာင့္ ဆရာဝန္၊ သူနာျပဳေတြအပါအဝင္ (၉) ဦးကို Facility Quarantine စင္တာကိုပို႔ေဆာင္လိုက္တယ္လို႔ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္တာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က ေျပာပါတယ္။တာေမြၿမိဳ႕နယ္က လူနာအမွတ္ ၁၅၅ ဟာ သွ်င္ပါကူေဆး႐ုံက Fever Clinic ကိုလာျပခဲ့ရာ တာဝန္က် ဆရာဝန္တစ္ဦးနဲ႔ သူနာျပဳေတြက ကာကြယ္ေရးအျပည့္အစုံ ဝတ္ထားေပးမယ့္လည္း လူနာနဲ႔ အနီးကပ္ထိေတြ႕ခဲ့တာေၾကာင့္ ေစာင့္ၾကည့္လူနာအျဖစ္ထားရွိရတာလို႔ ဆိုပါတယ္။

“လူနာက Positive မျဖစ္ခင္မွာ သွ်င္ပါကူေဆး႐ုံမွာ လာျပထားတာပါ။ ဆရာဝန္ေတြ၊ နာစ့္မေတြက PPE ေတြ ဘာေတြ ဝတ္ထားေပမယ့္ လူနာကို အနီးကပ္စမ္းသပ္တာေတြလုပ္ထားတဲ့အတြက္ Contact Person ျဖစ္သြားၿပီေပ့ါ။ ဒါေၾကာင့္ ေစာင့္ၾကည့္လူနာအေနနဲ႔ ကြာရန္တင္းဝင္ရတာပါ” လို႔ ဗဟန္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က ေျပာပါတယ္။လူနာကေတာ့ သွ်င္ပါကူေဆး႐ုံက Fever Clinic ကိုပဲ လာျပခဲ့တာေၾကာင့္ အျခားေဆး႐ုံဝန္ထမ္းေတြကိုေတာ့ Quarantine လုပ္စရာမရွိသလို ေဆး႐ုံကိုလည္း ဆက္လက္ဖြင့္လွစ္ထားဆဲျဖစ္တယ္လို႔သိရပါတယ္။

လူနာ အမွတ္ ၁၅၅ ဟာ သွ်င္ပါကူေဆး႐ုံ Fever Clinic ကို လာေရာက္ျပသခဲ့ရာ COVID-19 သံသယ ရွိတာေၾကာင့္ အဆိုပါေဆး႐ုံကေန ရန္ကုန္ျပည္သူ႔ေဆး႐ုံကို လႊဲေျပာင္းေပးခဲ့ရတာျဖစ္ပါတယ္။အဲဒီေနာက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ ေဆးကုသမႈခံယူေနစဥ္ ေမလ ၃ ရက္ေန႔ ည မွာေတာ့ ေရာဂါပိုးရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေၾကညာခဲ့တာပါ။ဒါ့အျပင္ ရန္ကုန္ေဆး႐ုံမွာေဆးကုသမႈခံယူေနစဥ္အတြင္း လူနာကို သတင္းလာေရာက္ေမးျမန္းခဲ့သူ ၂၂ ဦးရွီတာေၾကာင့္ သူတို႔အားလုံးကိုလည္း Facility Quarantine ထားရွိထားတယ္လို႔ တာေမြၿမိဳ႕နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးသိန္းျမင့္က ေျပာပါတယ္။ဒါ့အျပင္ လူနာက က်ိဳကၠဆံလမ္းေပၚမွာရွိတဲ့ ဝါးဓနိဆိုင္မွာ အလုပ္လုပ္တာေၾကာင့္ အဲဒီဆိုင္က အလုပ္သမားေတြကိုလည္း ေနအိမ္မွာအသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားတယ္လို႔လည္း သိရပါတယ္။

လူနာအမွတ္ ၁၅၅ ဟာ အသက္ ၄၈ ႏွစ္အ႐ြယ္ရွိၿပီး ေရာဂါပိုးရွိသူေတြနဲ႔ ထိေတြ႕မႈမရွိခဲ့သလို ျပည္ပခရီးသြားရာဇဝင္လည္း မရွိထားသူလည္းျဖစ္ပါတယ္။အဆိုပါ လူနာဟာ တာေမြၿမိဳ႕နယ္ရဲ႕ ၄ ဦးေျမာက္ Positive လူနာျဖစ္ၿပီး လက္ရွိမွာေတာ့ သူ႔ရဲ႕ ေနအိမ္ရွိရာ ၁၆၄လမ္း လမ္းတိုက ကန္ထ႐ိုက္တိုက္နဲ႔ သူအလုပ္လုပ္တဲ့ ဝါးဓနိဆိုင္တို႔ကို အသြားအလာကန႔္သတ္လိုက္ၿပီလို႔သိရပါတယ္။

Credit Duwun

UNICODE

လူနာအမှတ် ၁၅၅ ဟာ သျှင်ပါကူဆေးရုံကို နှစ်ကြိမ်တိတိလာရောက်ပြသခဲ့ဖူးတာကြောင့် ဆရာဝန်၊ သူနာပြုတွေအပါအဝင် (၉) ဦးကို Facility Quarantine စင်တာကိုပို့ဆောင်လိုက်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။တာမွေမြို့နယ်က လူနာအမှတ် ၁၅၅ ဟာ သျှင်ပါကူဆေးရုံက Fever Clinic ကိုလာပြခဲ့ရာ တာဝန်ကျ ဆရာဝန်တစ်ဦးနဲ့ သူနာပြုတွေက ကာကွယ်ရေးအပြည့်အစုံ ဝတ်ထားပေးမယ့်လည်း လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာကြောင့် စောင့်ကြည့်လူနာအဖြစ်ထားရှိရတာလို့ ဆိုပါတယ်။

“လူနာက Positive မဖြစ်ခင်မှာ သျှင်ပါကူဆေးရုံမှာ လာပြထားတာပါ။ ဆရာဝန်တွေ၊ နာစ့်မတွေက PPE တွေ ဘာတွေ ဝတ်ထားပေမယ့် လူနာကို အနီးကပ်စမ်းသပ်တာတွေလုပ်ထားတဲ့အတွက် Contact Person ဖြစ်သွားပြီပေ့ါ။ ဒါကြောင့် စောင့်ကြည့်လူနာအနေနဲ့ ကွာရန်တင်းဝင်ရတာပါ” လို့ ဗဟန်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။လူနာကတော့ သျှင်ပါကူဆေးရုံက Fever Clinic ကိုပဲ လာပြခဲ့တာကြောင့် အခြားဆေးရုံဝန်ထမ်းတွေကိုတော့ Quarantine လုပ်စရာမရှိသလို ဆေးရုံကိုလည်း ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

လူနာ အမှတ် ၁၅၅ ဟာ သျှင်ပါကူဆေးရုံ Fever Clinic ကို လာရောက်ပြသခဲ့ရာ COVID-19 သံသယ ရှိတာကြောင့် အဆိုပါဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူနေစဉ် မေလ ၃ ရက်နေ့ ည မှာတော့ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့တာပါ။ဒါ့အပြင် ရန်ကုန်ဆေးရုံမှာဆေးကုသမှုခံယူနေစဉ်အတွင်း လူနာကို သတင်းလာရောက်မေးမြန်းခဲ့သူ ၂၂ ဦးရှီတာကြောင့် သူတို့အားလုံးကိုလည်း Facility Quarantine ထားရှိထားတယ်လို့ တာမွေမြို့နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။ဒါ့အပြင် လူနာက ကျိုက္ကဆံလမ်းပေါ်မှာရှိတဲ့ ဝါးဓနိဆိုင်မှာ အလုပ်လုပ်တာကြောင့် အဲဒီဆိုင်က အလုပ်သမားတွေကိုလည်း နေအိမ်မှာအသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့လည်း သိရပါတယ်။

လူနာအမှတ် ၁၅၅ ဟာ အသက် ၄၈ နှစ်အရွယ်ရှိပြီး ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုမရှိခဲ့သလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိထားသူလည်းဖြစ်ပါတယ်။အဆိုပါ လူနာဟာ တာမွေမြို့နယ်ရဲ့ ၄ ဦးမြောက် Positive လူနာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ နေအိမ်ရှိရာ ၁၆၄လမ်း လမ်းတိုက ကန်ထရိုက်တိုက်နဲ့ သူအလုပ်လုပ်တဲ့ ဝါးဓနိဆိုင်တို့ကို အသွားအလာကန့်သတ်လိုက်ပြီလို့သိရပါတယ်။

Credit Duwun

Leave a Comment