မိန္းကေလးေတြက အဖက္ဖက္ကျပည့္စံုုတဲ့ေယာက်ာ္းမ်ိဳးထက္ ဒီလိုလူမ်ိဳးကိုသာလိုခ်င္ၾကတာပါ

ေယာက်ာ္းေလးေတြကို မၾကာခဏေခါင္းစားေနျပီး၊ သိခ်င္ေနၾကေပမယ့္ အေျဖကိုတိတိက်က်မသိၾကေသးတဲ့ အေၾကာင္းအရာတစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ မိန္းကေလးေတြအမွန္တကယ္နွစ္သက္သေဘာက်တဲ့၊ မိန္းကေလးေတြ လိုခ်င္တဲ့ ေယာက်ာ္းေလးဆိုတာ ဘယ္လိုပံုစံမ်ိဳးလဲ ဆိုတာပါပဲ။ တကယ္ေတာ့မိန္းကေလးေတြက အဖက္ဖက္ကျပီးျပည့္စံုတဲ့ေယာက်ာ္းေလးမ်ိဳးကို လိုခ်င္တာမဟုတ္ပါဘူး၊ ဒီလိုလူမ်ိဳးကို လိုခ်င္ၾကတာပါ။

(၁) သူမအတြက္အခ်ိန္ေပးနိုင္မယ့္သူ

တန္ဖိုးၾကီးလက္ေဆာင္ေတြထက္ သူမကိုအခ်ိန္ေပးနိုင္မယ့္ သူမ်ိဳးကိုပဲ ပိုလိုခ်င္တာပါ။ အခ်ိန္္ျပည့္အားေနျပီး အနားမွာပဲကပ္ေနရမယ္လို႕ဆိုလိုတာမဟုတ္ပါဘူး။ အျမဲတမ္း မအားလို႕ဆိုတဲ့အေၾကာင္းျပခ်က္ေပးျပီး၊ အလုပ္မ်ားတာကိုအေၾကာင္းျပျပီး ဂရုမစိုက္တာမ်ိဳးကိုမလိုခ်င္တာပါ။ မအားတဲ့ၾကားက ကိုယ့္အတြက္အခ်ိန္ေပးနိုင္တဲ့သူမ်ိဳးေပါ့။

Young Couple Driving Along Country Road In Open Top Car

(၂) သူမကိုတန္ဖိုးထားျပီးတေလးတစားဆက္ဆံတတ္တဲ့သူ

မိန္းကေလးတိုင္းက ကိုယ္ဘယ္လိုပံုစံမ်ိဳးျဖစ္ျဖစ္ ကိုယ့္ခ်စ္သူအတြက္ေတာ့ ျပိဳင္စံရွားျဖစ္ခ်င္ၾကတာခ်ည္းပါပဲ။ ခ်စ္သူရဲ႕ တန္ဖိုးထားတာေတာင္မခံရတဲ့၊ ကိုယ့္ခ်စ္သူကေတာင္ အေရးတယူမဆက္ဆံတဲ့သူေတာ့ ဘယ္သူမွမျဖစ္ခ်င္ပါဘူး။ ဒီေတာ့ တန္ဖိုးထားျပီးအေလးထားမယ့္သူမ်ိဳးကို လိုခ်င္ၾကပါတယ္တဲဲ့။

(၃) ၾကိဳးစားခ်င္စိတ္ရွိတဲဲ့သူ

ေယာက်ာ္းေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္၊ ပညာေရးမွာလည္းမၾကိဳးစား၊ အလုပ္မွာလည္းစိတ္မပါ၊ စီးပြားေရးလည္းမလုပ္ခ်င္ ဆိုတာမ်ိဳးလုပ္ေနရင္ေတာ့ အလကားလူပဲျဖစ္မွာပါ။ ဒီလိုမ်ိဳး အလုပ္အကိုင္မရွိ၊ ၾကိဳးစားခ်င္စိတ္မရွိဘဲ ရည္းစားထားဖို႕ပဲစိတ္ကူးေနတတ္တဲ့ ေယာက်ာ္းေလးမ်ိဳးကို မိန္းကေလးေတြ သေဘာမက်ပါဘူး။

(၄) ကိုယ္ေျပာတဲ့ စကားကို တာ၀န္ယူတတ္သူ
စကားေတြကို လွ်ာအရိုးမရွိတိုင္း ခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳးေျပာတတ္တဲ့သူ၊ စကားတစ္ခြန္းကို အလြယ္ေလးေျပာထြက္ျပီး တာ၀န္ယူမွမရွိတဲ့သူကိုလည္း ဘယ္မိန္းကေလးမွအထင္မၾကီးပါဘူး။ ကိုယ္ေျပာတဲ့စကားကို ကိုယ္တာ၀န္ယူတတ္တဲ့၊ ကတိေပးျပီး လြယ္လြယ္မဖ်က္တတ္တဲ့ သူမ်ိဳးကို လိုခ်င္ၾကတာပါ။

(၅) အေရးအေၾကာင္းဆို အနားမွာ ရွိတတ္သူ

ေပ်ာ္စရာေတြကိုေတာ့ အတူတူျဖတ္သန္းခဲ့ၾကျပီး အခက္အခဲဒုကၡေတြလည္းေတြ႕လာေရာ ကိုယ့္ကိုထားျပီး ထြက္သြားေရာ ဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ ဒီလိိုလူမ်ိဳးကိုလည္း ဘယ္သူမွအထင္ၾကီးျပီး သေဘာက်မွာမဟုတ္ပါဘူး။ ဒီေတာ့ အခက္အခဲျဖစ္လည္း ေရွာင္ထြက္မသြားတတ္တဲ့ သူမ်ိဳးကိုု သေဘာက်တာေပါ့။

(၆) နားေထာင္ေပးတတ္သူ၊ အားေပးတတ္တဲ့သူ
မိန္းကေလးေတြက အေၾကာင္းအရာတစ္ခုကို တိုင္ပင္တဲ့အခါ အၾကံဉာဏ္လိုခ်င္လို႕မဟုတ္ပါဘူး။ သူတို႕ေျပာတာကိုနားေထာင္ျပီး အားေပးစကားေျပာတာကိုလိုခ်င္ၾကတာပါ။ ဒီေတာ့ ေနရာတကာ ဆရာၾကီးလုပ္တတ္တဲ့သူထက္ ရင္ဖြင့္တာကိုနားေထာင္ေပးျပီး အားေပးတတ္တဲ့သူမ်ိဳးကိုလိုခ်င္တာပါ။

Credit Aunty May

UNICODE

ယောကျာ်းလေးတွေကို မကြာခဏခေါင်းစားနေပြီး၊ သိချင်နေကြပေမယ့် အဖြေကိုတိတိကျကျမသိကြသေးတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မိန်းကလေးတွေအမှန်တကယ်နှစ်သက်သဘောကျတဲ့၊ မိန်းကလေးတွေ လိုချင်တဲ့ ယောကျာ်းလေးဆိုတာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာပါပဲ။ တကယ်တော့မိန်းကလေးတွေက အဖက်ဖက်ကပြီးပြည့်စုံတဲ့ယောကျာ်းလေးမျိုးကို လိုချင်တာမဟုတ်ပါဘူး၊ ဒီလိုလူမျိုးကို လိုချင်ကြတာပါ။

(၁) သူမအတွက်အချိန်ပေးနိုင်မယ့်သူ

တန်ဖိုးကြီးလက်ဆောင်တွေထက် သူမကိုအချိန်ပေးနိုင်မယ့် သူမျိုးကိုပဲ ပိုလိုချင်တာပါ။ အချိန်ပြည့်အားနေပြီး အနားမှာပဲကပ်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အမြဲတမ်း မအားလို့ဆိုတဲ့အကြောင်းပြချက်ပေးပြီး၊ အလုပ်များတာကိုအကြောင်းပြပြီး ဂရုမစိုက်တာမျိုးကိုမလိုချင်တာပါ။ မအားတဲ့ကြားက ကိုယ့်အတွက်အချိန်ပေးနိုင်တဲ့သူမျိုးပေါ့။

(၂) သူမကိုတန်ဖိုးထားပြီးတလေးတစားဆက်ဆံတတ်တဲ့သူ

မိန်းကလေးတိုင်းက ကိုယ်ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် ကိုယ့်ချစ်သူအတွက်တော့ ပြိုင်စံရှားဖြစ်ချင်ကြတာချည်းပါပဲ။ ချစ်သူရဲ့ တန်ဖိုးထားတာတောင်မခံရတဲ့၊ ကိုယ့်ချစ်သူကတောင် အရေးတယူမဆက်ဆံတဲ့သူတော့ ဘယ်သူမှမဖြစ်ချင်ပါဘူး။ ဒီတော့ တန်ဖိုးထားပြီးအလေးထားမယ့်သူမျိုးကို လိုချင်ကြပါတယ်တဲ့။

(၃) ကြိုးစားချင်စိတ်ရှိတဲ့သူ

ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ပညာရေးမှာလည်းမကြိုးစား၊ အလုပ်မှာလည်းစိတ်မပါ၊ စီးပွားရေးလည်းမလုပ်ချင် ဆိုတာမျိုးလုပ်နေရင်တော့ အလကားလူပဲဖြစ်မှာပါ။ ဒီလိုမျိုး အလုပ်အကိုင်မရှိ၊ ကြိုးစားချင်စိတ်မရှိဘဲ ရည်းစားထားဖို့ပဲစိတ်ကူးနေတတ်တဲ့ ယောကျာ်းလေးမျိုးကို မိန်းကလေးတွေ သဘောမကျပါဘူး။

(၄) ကိုယ်ပြောတဲ့ စကားကို တာဝန်ယူတတ်သူ
စကားတွေကို လျှာအရိုးမရှိတိုင်း ခုတစ်မျိုး၊ တော်ကြာတစ်မျိုးပြောတတ်တဲ့သူ၊ စကားတစ်ခွန်းကို အလွယ်လေးပြောထွက်ပြီး တာဝန်ယူမှမရှိတဲ့သူကိုလည်း ဘယ်မိန်းကလေးမှအထင်မကြီးပါဘူး။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူတတ်တဲ့၊ ကတိပေးပြီး လွယ်လွယ်မဖျက်တတ်တဲ့ သူမျိုးကို လိုချင်ကြတာပါ။

(၅) အရေးအကြောင်းဆို အနားမှာ ရှိတတ်သူ

ပျော်စရာတွေကိုတော့ အတူတူဖြတ်သန်းခဲ့ကြပြီး အခက်အခဲဒုက္ခတွေလည်းတွေ့လာရော ကိုယ့်ကိုထားပြီး ထွက်သွားရော ဆိုရင်တော့ မဟုတ်သေးပါဘူး။ ဒီလိုလူမျိုးကိုလည်း ဘယ်သူမှအထင်ကြီးပြီး သဘောကျမှာမဟုတ်ပါဘူး။ ဒီတော့ အခက်အခဲဖြစ်လည်း ရှောင်ထွက်မသွားတတ်တဲ့ သူမျိုးကို သဘောကျတာပေါ့။

(၆) နားထောင်ပေးတတ်သူ၊ အားပေးတတ်တဲ့သူ
မိန်းကလေးတွေက အကြောင်းအရာတစ်ခုကို တိုင်ပင်တဲ့အခါ အကြံဉာဏ်လိုချင်လို့မဟုတ်ပါဘူး။ သူတို့ပြောတာကိုနားထောင်ပြီး အားပေးစကားပြောတာကိုလိုချင်ကြတာပါ။ ဒီတော့ နေရာတကာ ဆရာကြီးလုပ်တတ်တဲ့သူထက် ရင်ဖွင့်တာကိုနားထောင်ပေးပြီး အားပေးတတ်တဲ့သူမျိုးကိုလိုချင်တာပါ။

Credit Aunty May

Leave a Comment