မိန္းကေလးေတြ သူတုိ႔ခ်စ္ရသူဆီက ေမွ်ာ္လင့္မိတတ္တဲ့ အရာမ်ား

မိန္းကေလးေတြဆိုတာ ေမတၱာတရား ႀကီးမားတတ္ၾကတဲ့သူေတြလို႔ ဆိုတတ္ၾကပါတယ္။ ေမတၱာထားတတ္သလိုပဲ မိန္းကေလးေတြက ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သတ္ရင္ စိတ္ကူးပံုေဖာ္ၿပီး ေမွ်ာ္လင့္မိတတ္ၾကပါတယ္။ သူတို႔ေတြက ခ်စ္မိတဲ့အခါ နားလည္ေပးႏိုင္သေလာက္ လိုခ်င္တဲ့အရာေတြလည္း ရွိပါတယ္။ သူတို႔ခ်စ္ရတဲ့ ခ်စ္သူေတြဆီကလည္း အခုလိုမ်ိဳး ေမွ်ာ္လင့္ထားတတ္ၾကပါတယ္။

(၁) အလိုက္သိမႈ

ေကာင္မေလးေတြက အလုိက္သိတာမ်ိဳးကို သိပ္ကို သေဘာက်တတ္ပါတယ္။ အလုိက္သိတယ္ဆိုတာ ခ်မ္းေနတဲ့အခ်ိန္မွာ အခ်မ္းေျပေအာင္ ဂရုစိုက္ေပးတာမ်ိဳး၊ ဗိုက္ဆာေနခ်ိန္မွာ အဆာေျပမုန္႔ ဝယ္လာေပးတာမ်ိဳးနဲ႔ ေနမေကာင္းတဲ့အခ်ိန္မွာ လိုတဲ့ေဆးနဲ႔ မုန္႔ေတြကို ေျပာစရာ မလိုေအာင္ ဝယ္ေပးတတ္တာမ်ိဳးကို ဆိုလိုတာ ျဖစ္ပါတယ္။ ခ်စ္မိရင္ ခ်စ္တဲ့သူ အေၾကာင္းကို သိခ်င္ၿပီး ျဖည့္ဆည္းေပးခ်င္စိတ္္ ျဖစ္တတ္တာမို႔ အဲ့လို စိတ္ကို သူတို႔က လိုခ်င္ၾကတာ ျဖစ္ပါတယ္။

(၂) ဂရုစိုက္မႈ

ခံစားမႈဆိုတာ လူတိုင္းမွာ ရွိပါတယ္။ ဂရုစိုက္ခံခ်င္တဲ့ လူေတြလည္းေလာကမွာ ရွိပါတယ္။ အထူးသျဖင့္ ကိုယ္ခ်စ္ရတဲ့ ခင္ရတဲ့သူေတြဆီကေတာ့ ဂရုစိုက္မႈကို လိုခ်င္တာ လူတိုင္းရဲ႕ သဘာဝ ျဖစ္ပါတယ္။ ဒဏ္ရာရတဲ့ အခ်ိန္မွာ ဒဏ္ရာကို မကုသေပးႏိုင္ရင္ေတာင္ ဒဏ္ရာအနာ သက္သာေအာင္ တဖြဖြ စိတ္ပူၿပီး အနာသက္သာဖုိ႔ သူ စြမ္းသမွ် ၾကံေဆာင္ေနတာမ်ိဳးကို မိန္းကေလးေတြက လိုခ်င္ၾကပါတယ္။ တစ္ေယာက္ကို တစ္ေယာက္က ဂရုစိုက္တယ္ဆုိတာ ခ်စ္ျခင္းေမတၱာကို ျပသျခင္းမ်ိဳးပဲ ျဖစ္လို႔ လိုခ်င္ၾကတာ ျဖစ္ပါတယ္။

(၃) နားလည္ေပးႏိုင္စြမ္း

မိန္းကေလးေတြက အခ်စ္ခံခ်င္ၾကေပမယ့္ ခ်ဳပ္ျခယ္တာမ်ိဳးကိုေတာ့ မႏွစ္သက္တတ္ၾကပါဘူး။ သူငယ္ခ်င္း ေကာင္ေလးေတြ ေကာင္မေလးေတြနဲ႔ သြားလာတာေတြကိုက အစ ခ်စ္သူက အာဏာျပ ပိတ္ပင္တာမ်ိဳးကို မလိုလားၾကပါဘူး။ ကိုယ့္ခ်စ္သူကလည္း ကိုယ့္သူငယ္ခ်င္းေတြနဲ႔ သူငယ္ခ်င္းေတြ ျဖစ္သြားၿပီး သူငယ္ခ်င္းေတြလိုပဲ ရင္းႏွီးမႈေတြ ဖလွယ္ၿပီး သူနဲ႔ကိုယ္ တစ္သားတည္း ျဖစ္တဲ့အထိ နားလည္ေပးမႈမ်ိဳးကို လိုခ်င္တတ္ၾကပါတယ္။

(၄) အခ်စ္ေတြ

အခ်စ္ခံခ်င္တာက တရားပါတယ္။ ခ်စ္တယ္လို႔သာ ေျပာၿပီး ခ်စ္တယ္လို႔ မခံစားရတာ မခ်စ္လို႔ ပါပဲ။ မိခင္က သားကို ခ်စ္သလို သူငယ္ခ်င္းေတြအခ်င္းခ်င္း ခ်စ္ၾကသလို ေမာင္ႏွမေတြ ခ်စ္ၾကသလို အခ်စ္တိုင္းကေတာ့ ခ်စ္တာကို သိသာ ျမင္ရေစတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်စ္တယ္ေျပာလို႔ ခ်စ္သူသာ ျဖစ္သြားေပမယ့္ ခ်စ္ေနတယ္လို႔ မခံစားရတာကေတာ့ ပံုမမွန္ပါဘူး။ ခ်စ္တယ္ ထုတ္မျပတတ္ဘူးဆိုတာ မရွိတာမို႔ ခ်စ္ျခင္းေမတၱာကို ခံစားလိုၾကပါတယ္။

(၅) အမွတ္တရေတြ

ခ်စ္သူနဲ႔ အမွတ္တရေတြ ရွိခ်င္တာ လူတိုင္းရဲ႕ သဘာဝ ျဖစ္ပါတယ္။ ပံုမွန္အတိုင္း ျဖတ္သန္းေနၾကတာ မွန္ေပမယ့္ ခ်စ္သူနဲ႔ ႏွစ္ေယာက္တည္း ေလွ်ာက္သြားတာ၊ ေကာ္ဖီဆိုင္ ထိုင္တာ၊ ဟင္းခ်က္စားတာ၊ အပင္ တူတူ စိုက္တာ၊ စာ တူတူလုပ္တာမ်ိဳးေတြကို မိန္းကေလးေတြက ႏွစ္သက္ သေဘာက်တတ္ပါတယ္။ ကိုယ့္ေကာင္ေလးနဲ႔ ကိုယ္က အမွတ္တရေတြနဲ႔ ေပ်ာ္ရႊင္ေနတယ္ဆိုတာက သူတို႔အတြက္ အျမဲ ေပ်ာ္ရႊင္ရေစတဲ့ အခ်က္ ျဖစ္ပါတယ္။

Credit Aunty May

UNICODE

မိန်းကလေးတွေဆိုတာ မေတ္တာတရား ကြီးမားတတ်ကြတဲ့သူတွေလို့ ဆိုတတ်ကြပါတယ်။ မေတ္တာထားတတ်သလိုပဲ မိန်းကလေးတွေက ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ရင် စိတ်ကူးပုံဖော်ပြီး မျှော်လင့်မိတတ်ကြပါတယ်။ သူတို့တွေက ချစ်မိတဲ့အခါ နားလည်ပေးနိုင်သလောက် လိုချင်တဲ့အရာတွေလည်း ရှိပါတယ်။ သူတို့ချစ်ရတဲ့ ချစ်သူတွေဆီကလည်း အခုလိုမျိုး မျှော်လင့်ထားတတ်ကြပါတယ်။

(၁) အလိုက်သိမှု

ကောင်မလေးတွေက အလိုက်သိတာမျိုးကို သိပ်ကို သဘောကျတတ်ပါတယ်။ အလိုက်သိတယ်ဆိုတာ ချမ်းနေတဲ့အချိန်မှာ အချမ်းပြေအောင် ဂရုစိုက်ပေးတာမျိုး၊ ဗိုက်ဆာနေချိန်မှာ အဆာပြေမုန့် ဝယ်လာပေးတာမျိုးနဲ့ နေမကောင်းတဲ့အချိန်မှာ လိုတဲ့ဆေးနဲ့ မုန့်တွေကို ပြောစရာ မလိုအောင် ဝယ်ပေးတတ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ချစ်မိရင် ချစ်တဲ့သူ အကြောင်းကို သိချင်ပြီး ဖြည့်ဆည်းပေးချင်စိတ် ဖြစ်တတ်တာမို့ အဲ့လို စိတ်ကို သူတို့က လိုချင်ကြတာ ဖြစ်ပါတယ်။

(၂) ဂရုစိုက်မှု

ခံစားမှုဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဂရုစိုက်ခံချင်တဲ့ လူတွေလည်းလောကမှာ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့ ခင်ရတဲ့သူတွေဆီကတော့ ဂရုစိုက်မှုကို လိုချင်တာ လူတိုင်းရဲ့ သဘာဝ ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ အချိန်မှာ ဒဏ်ရာကို မကုသပေးနိုင်ရင်တောင် ဒဏ်ရာအနာ သက်သာအောင် တဖွဖွ စိတ်ပူပြီး အနာသက်သာဖို့ သူ စွမ်းသမျှ ကြံဆောင်နေတာမျိုးကို မိန်းကလေးတွေက လိုချင်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက်က ဂရုစိုက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာကို ပြသခြင်းမျိုးပဲ ဖြစ်လို့ လိုချင်ကြတာ ဖြစ်ပါတယ်။

(၃) နားလည်ပေးနိုင်စွမ်း

မိန်းကလေးတွေက အချစ်ခံချင်ကြပေမယ့် ချုပ်ခြယ်တာမျိုးကိုတော့ မနှစ်သက်တတ်ကြပါဘူး။ သူငယ်ချင်း ကောင်လေးတွေ ကောင်မလေးတွေနဲ့ သွားလာတာတွေကိုက အစ ချစ်သူက အာဏာပြ ပိတ်ပင်တာမျိုးကို မလိုလားကြပါဘူး။ ကိုယ့်ချစ်သူကလည်း ကိုယ့်သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီး သူငယ်ချင်းတွေလိုပဲ ရင်းနှီးမှုတွေ ဖလှယ်ပြီး သူနဲ့ကိုယ် တစ်သားတည်း ဖြစ်တဲ့အထိ နားလည်ပေးမှုမျိုးကို လိုချင်တတ်ကြပါတယ်။

(၄) အချစ်တွေ

အချစ်ခံချင်တာက တရားပါတယ်။ ချစ်တယ်လို့သာ ပြောပြီး ချစ်တယ်လို့ မခံစားရတာ မချစ်လို့ ပါပဲ။ မိခင်က သားကို ချစ်သလို သူငယ်ချင်းတွေအချင်းချင်း ချစ်ကြသလို မောင်နှမတွေ ချစ်ကြသလို အချစ်တိုင်းကတော့ ချစ်တာကို သိသာ မြင်ရစေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်တယ်ပြောလို့ ချစ်သူသာ ဖြစ်သွားပေမယ့် ချစ်နေတယ်လို့ မခံစားရတာကတော့ ပုံမမှန်ပါဘူး။ ချစ်တယ် ထုတ်မပြတတ်ဘူးဆိုတာ မရှိတာမို့ ချစ်ခြင်းမေတ္တာကို ခံစားလိုကြပါတယ်။

(၅) အမှတ်တရတွေ

ချစ်သူနဲ့ အမှတ်တရတွေ ရှိချင်တာ လူတိုင်းရဲ့ သဘာဝ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း ဖြတ်သန်းနေကြတာ မှန်ပေမယ့် ချစ်သူနဲ့ နှစ်ယောက်တည်း လျှောက်သွားတာ၊ ကော်ဖီဆိုင် ထိုင်တာ၊ ဟင်းချက်စားတာ၊ အပင် တူတူ စိုက်တာ၊ စာ တူတူလုပ်တာမျိုးတွေကို မိန်းကလေးတွေက နှစ်သက် သဘောကျတတ်ပါတယ်။ ကိုယ့်ကောင်လေးနဲ့ ကိုယ်က အမှတ်တရတွေနဲ့ ပျော်ရွှင်နေတယ်ဆိုတာက သူတို့အတွက် အမြဲ ပျော်ရွှင်ရစေတဲ့ အချက် ဖြစ်ပါတယ်။

Credit Aunty May

Leave a Comment