ပခုကၠဴမွာ အမ်ိဳးသားတစ္ဦး အာဟာရျပတ္ေသဆုံး

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕၊ ထင္းတန္လမ္းမႀကီးေဘး၊ ဧရာဝတီကားဂိတ္ေရွ႕မွာ ဒီကေန႔မနက္ပိုင္းက အသက္(၄၂)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး အစာအာဟာရျပတ္ၿပီး ေသဆုံးေနတယ္လို႔ ပခုကၠဴၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“ေသဆုံးသူဟာ ေရစႀကိဳၿမိဳ႕နယ္၊ ေရရွားေက်း႐ြာက အသက္(၄၂)ႏွစ္အ႐ြယ္ ဦးဖိုးေက်ာ္ဆိုသူျဖစ္ၿပီး ပခုကၠဴၿမိဳ႕ေပၚက အမႈိက္ပုံေတြမွာ အေဟာင္းပစၥည္းမ်ား လိုက္ေကာက္ေနသူျဖစ္တယ္”လို႔ ပခုကၠဴၿမိဳ႕မရဲစခန္းမွ တာဝန္မႉးဒုရဲအုပ္ေသာင္းလွကေျပာပါတယ္။ေသဆုံးသြားသူဟာ ျပင္ပဒဏ္ရာမေတြ႕ဘဲ ပက္လက္အေနထားနဲ႔ အစာအာဟာရျပတ္ၿပီး ေသဆုံးတာျဖစ္တယ္လို႔ သိရပါတယ္။

ဧၿပီလဆန္းပိုင္းက အမႈိက္ပုံကေန အေဟာင္းပစၥည္းေတြေကာက္လာၿပီး ေရာင္းတယ္၊ ေနာက္ပိုင္း ကိုဗစ္ေရာဂါေၾကာင့္ အေရာင္းအဝယ္ေတြပိတ္ထားလို႔ အေဟာင္းပစၥည္းမ်ား လာမေရာင္းတာၾကာၿပီ ”လို႔ အေဟာင္းပစၥည္းေရာင္းဝယ္တဲ့ဦးဝင္းေ႐ႊကေျပာပါတယ္။ျပင္ပဒဏ္ရာမရွိဘဲ အာဟာရျပတ္ေသဆုံးတာနဲ႔ပတ္သက္ၿပီး ပခုကၠဴၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္-၁၀/၂၀၂၀နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

Credit voiceofmyanmar

UNICODE

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ထင်းတန်လမ်းမကြီးဘေး၊ ဧရာဝတီကားဂိတ်ရှေ့မှာ ဒီကနေ့မနက်ပိုင်းက အသက်(၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး အစာအာဟာရပြတ်ပြီး သေဆုံးနေတယ်လို့ ပခုက္ကူမြို့မရဲစခန်းကနေ သိရပါတယ်။

“သေဆုံးသူဟာ ရေစကြိုမြို့နယ်၊ ရေရှားကျေးရွာက အသက်(၄၂)နှစ်အရွယ် ဦးဖိုးကျော်ဆိုသူဖြစ်ပြီး ပခုက္ကူမြို့ပေါ်က အမှိုက်ပုံတွေမှာ အဟောင်းပစ္စည်းများ လိုက်ကောက်နေသူဖြစ်တယ်”လို့ ပခုက္ကူမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်သောင်းလှကပြောပါတယ်။သေဆုံးသွားသူဟာ ပြင်ပဒဏ်ရာမတွေ့ဘဲ ပက်လက်အနေထားနဲ့ အစာအာဟာရပြတ်ပြီး သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလဆန်းပိုင်းက အမှိုက်ပုံကနေ အဟောင်းပစ္စည်းတွေကောက်လာပြီး ရောင်းတယ်၊ နောက်ပိုင်း ကိုဗစ်ရောဂါကြောင့် အရောင်းအဝယ်တွေပိတ်ထားလို့ အဟောင်းပစ္စည်းများ လာမရောင်းတာကြာပြီ ”လို့ အဟောင်းပစ္စည်းရောင်းဝယ်တဲ့ဦးဝင်းရွှေကပြောပါတယ်။ပြင်ပဒဏ်ရာမရှိဘဲ အာဟာရပြတ်သေဆုံးတာနဲ့ပတ်သက်ပြီး ပခုက္ကူမြို့မရဲစခန်းက သေမှုသေခင်းအမှတ်-၁၀/၂၀၂၀နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Credit voiceofmyanmar

Leave a Comment