” သိန်း( ၂၂၀) တန်ဖိုးရှိအသက်ရှူစက် ( Ventilator ) တစ်လုံးကို ဖောင်ကြီး ဆေးရုံသို့လှူဒါန်းခဲ့တဲ့ စိုင်စိုင်းခမ်းလှိုင် “





UNICODE

ပရိသတ်ကြီးရေ လတ်တလေညမှာဖြစ်ပွားနေတဲ့ Covid 19 ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေအနုပညာရှင်တွေစုပေါင်းကာ တစ်တပ်တအား အစိုးရနဲ့အတူပါဝင်ကာ ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အစွမ်းကုန်ကူညီနေကြတာပဲ ဖြစ်ပါတယ်။

ဒီနေမြှာတော့ ပရိသတ်အချစ်တော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ “ဒီနေ့မနက် ရန်ကုန်တိုင်းအစိုးရကို Birthday Show အလှူငွေထဲက အသက်ရှူစက် ( Ventilator ) တစ်လုံး လှူဒါန်းခဲ့ပါတယ် ဒီ အသက်ရှူစက်ကို ဖောင်ကြီး ဆေးရုံမှာ ထားရှိမှာဖြစ်ပါတယ် ။အသက်ရှူစက်က မူလဈေးနဲ့ သိန်း ၂၂၀ တန်ဖိုးကျသင့်မှာဖြစ်ပေမဲ့ ကျနော့်ကို discount ပေးတာရယ် exchange rate ပြောင်းတာရယ်နဲ့ အခု ငွေရှင်းတဲ့အချိန်မှာ ၁၉၇၄၀၀၀၀ ကျပ်ပဲ ပေးချေခဲ့ရပါတယ် ။

ဒါကြောင့်ကျနော့်ဆီမှာ အလှူငွေ ၅၃၉၈၆၀ ကျပ်နဲ့ US$ 3000 ကျန်ရှိနေပါသေးတယ် ။နောက်တစ်ခေါက် ထပ်မံလှူဒါန်းပါမယ်ခင်ဗျ ဒီအလှူက ကျနော့်ပရိသတ်များ မိတ်ဆွေလုပ်ငန်းရှင်များ Birthday Show မှာ ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်များရဲ့ စုပေါင်းအလှူဖြစ်ပါတယ် ဒီနေ့အထိလှူဒါန်းပြီး စုစုပေါင်း ၇၉၇ သိန်း ၄ သောင်းကျပ်တိတိဖြစ်ပါတယ် ။ဒီနေ့ ကျနော်နဲ့အတူ ဦးဇော်မင်း ( မင်္ဂလာရုပ်ရှင်ရုံ ) မှလည်း ကျပ်သိန်း ၁၀၀ တိတိထပ်မံ လှူဒါန်းခဲ့ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား ။”ဆိုတဲ့စာလေးနဲ့အတူ လှူဒါန်းမှုပုံရိပ်လေးတွေကိုဖော်ပြလာတာပါ။ပရိသတ်ကြီးရေ စိုင်းစိုင်းရဲ့ မွန်မြတ်လှတဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

Source: SaiSaiKhamLeng
Credit -CeleConnections

Leave a Comment